နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေးတိုင်းတာ စက်ကိရိယာများ ဝယ်ယူသွားမည်

 762

ယွန်း (NP News) - စက်တင်ဘာ ၂၅

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေးတိုင်းတာ စက်ကိရိယာများ ဝယ်ယူသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ စက်တင်ဘာလ ၂၃ ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည်အသွေးစောင့်ကြည့် တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း”တွင် အသုံးပြုမည့် လေထုအရည်အသွေးတိုင်းတာ စက်ကိရိယာများ ဝယ်ယူရန်အတွက် မြန်မာနိုင်ငံသား ကုမ္ပဏီ/လုပ်ငန်းရှင်များအား ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

၎င်းစီမံကိန်းအား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂ဝ၂၁) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ/လုပ်ငန်းရှင်များအတွက် တင်ဒါလျှောက်လွှာပုံစံများကို စက်တင်ဘာလ (၂ဝ)ရက်တွင် စတင် ရောင်းချပေး မည်ဖြစ်ပြီး အောက်တိုဘာလ (၄)ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

ထို့ပြင် ရှမ်းပြည်နယ်အတွင်း “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးစင်တာ” ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂ဝ၂၁) ဖြင့် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း လွန်ခဲ့တဲ့ရက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

Zawgyi Version;
နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈႏွင့္ပတ္သက္၍ ေလထုအရည္အေသြးတိုင္းတာ စက္ကိရိယာမ်ား ဝယ္ယူသြားမည္
ယြန္း (NP News) - စက္တင္ဘာ ၂၅

နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈႏွင့္ပတ္သက္၍ ေလထုအရည္အေသြးတိုင္းတာ စက္ကိရိယာမ်ား ဝယ္ယူသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ သိရသည္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ရွမ္းျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီး ဌာနမွ စက္တင္ဘာလ ၂၃ ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

အဆိုပါ “နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈႏွင့္ ပတ္သက္၍ ေလထုအရည္အေသြးေစာင့္ၾကည့္ တိုင္းတာ စစ္ေဆးျခင္းႏွင့္ ဆန္းစစ္ျခင္းဆိုင္ရာစီမံကိန္း”တြင္ အသုံးျပဳမည့္ ေလထုအရည္အေသြးတိုင္းတာ စက္ကိရိယာမ်ား ဝယ္ယူရန္အတြက္ ျမန္မာႏိုင္ငံသား ကုမၸဏီ/လုပ္ငန္းရွင္မ်ားအား ကန႔္သတ္မႈမရွိေသာတင္ဒါေခၚယူသြားမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ထားသည္။

၎စီမံကိန္းအား မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ အထူးရန္ပုံေငြ(၂ဝ၂၁) ျဖင့္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ကုမၸဏီ/လုပ္ငန္းရွင္မ်ားအတြက္ တင္ဒါေလွ်ာက္လႊာပုံစံမ်ားကို စက္တင္ဘာလ (၂ဝ)ရက္တြင္ စတင္ ေရာင္းခ်ေပး မည္ျဖစ္ၿပီး ေအာက္တိုဘာလ (၄)ရက္တြင္ ပိတ္သိမ္းမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဦးစီးဌာနမွ အသိေပး ထုတ္ျပန္ထားသည္။

ထို႔ျပင္ ရွမ္းျပည္နယ္အတြင္း “ရွမ္းျပည္နယ္ တိုင္းရင္းသားေရးရာႏွင့္ သက္ေမြးစင္တာ” ကို မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြ(၂ဝ၂၁) ျဖင့္ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ အၿပီးတည္ေဆာက္သြားမည္ျဖစ္ ေၾကာင္း လြန္ခဲ့တဲ့ရက္ပိုင္းတြင္ ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

Picture

09450004554

26/09/2022 15:52

အဲဒါပေါ့၊မရောင်ရာ ဆီလူး။ လုပ်စရာ မရှိ ကြောင် ရေချိုး။

Related news

© 2021. All rights reserved.