အီရတ်၊ ယီမင်၊ ယူကရိန်းရောက် အနောက်အုပ်စု ကြေးစားစစ်သားများ (ပထမပိုင်း)

 805

Htay Oung (NP News) - စက်တင်ဘာ ၂၆

အတိအကျပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၅ နှစ် ဘဂ္ဂဒက်မြို့မှာ အမေရိကန်သံတမန်များနဲ့ အီရတ်အစိုးရအရာရှိများ တွေ့ဆုံစဉ် အင်အားပြင်း ကားဗုံးပေါက်ကွဲခြင်းက စတင်ပါတယ်။ အဲ့ဒီအချိန် သမ္မတ ဂျော့ချ်ဒဗလျူဘွတ်ရှ် (သား ဘွတ်ရှ်) ရဲ့ ပင်တာဂွန်စစ်ဌာနချုပ်က ငှားရမ်းထားတဲ့ “ဘလက်ဝါးတား လုံခြုံရေးအကြံပေး” ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီ (PMC) က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့အတွက် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ဆင်ရေးပြုလုပ်စဉ် အီရတ်မြို့တော်ရဲ့ အလယ်ဗဟိုမှာ အစုအပုံလိုက် သွေးမြေကျ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လမ်းမပေါ်မှာ ဆန့်ကျင်ပြောင်းပြန်မောင်းနှင်လာတဲ့ သံသယဖြစ်ဖွယ် အဖြူရောင် Kia တစ်စီးကို တွေ့ရတဲ့အတွက် ဘလက်ဝါးတား စနိုက်ပါသမားက ပစ်မှတ်အဖြစ် “ထောက်”ထားလိုက်ပါတယ်။ ရဲအရာရှိများနဲ့ စစ်ဘက်အဖွဲ့ရဲ့ အချက်ပြမှုများကို လျစ်လျူရှုပြီး သူ့တပ်ဖွဲ့ဝင်တွေက “လျှပ်လက်ဗုံး” တွေ ဖောက်ခွဲလိုက်ချိန်မှာ စနိုက်ပါသမားက သေနတ်မောင်းခလုပ်ကို ဆွဲညှစ်လိုက်ပါတယ်။ Kia ကားတစ်စီးလုံး ပေါက်ကွဲ မီးလောင်သွားပြီး ယာဉ်မောင်းနှင်သူ အမျိုးသမီး၊ သူ့ရဲ့ အရွယ်ရောက် သားဖြစ်သူနဲ့ အနီးအနားမှာ ယာဉ်ထိန်းနေတဲ့ အီရတ်ရဲတစ်ဦးတို့ သေဆုံးသွားပါတယ်။

ဒါပေမဲ့ အဲ့ဒါ အစပဲ ရှိပါသေးတယ်။ ကြေးစားစစ်သားတွေဟာ စက်သေနတ်ကြီးများ၊ လက်ပစ်ဗုံးများ အသုံးပြုပြီး လမ်းကြောင်းအားလုံးကို ပစ်ခတ်ခဲ့အတွက် လက်နက်မဲ့ အရပ်သားများ အစုအပုံလိုက် သေဆုံးကြရပါတယ်။ မခံမရပ်နိုင်တဲ့ အီရတ်ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်တဲ့အတွက် လမ်းမပေါ် တိုက်ပွဲပုံစံမျိုး ဖြစ်ပွားခဲ့ပါတယ်။ ဘလက်ဝါးတား ကာကင်း တစ်ယောက်ဆို သူ့တပ်ဖွဲ့ဝင်က သေနတ်နဲ့ အချက်မပြမချင်း ဆက်တိုက် ပစ်ခတ်နေခဲ့တယ်လို့ သတင်းရရှိပါတယ်။

နစ်ဆောအာ_ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ အမေရိကန်-အီရတ် ပဋိပက္ခရဲ့ အထင်ရှားဆုံး သွေးထွက်သံယိုမှု တစ်ခုဖြစ်ပြီး ဒေသတွင်း အမေရိကန်တို့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်အပေါ် သံသယများ တိုးပွားစေပါတယ်။ ဝါရှင်တန်ရဲ့ အရှေ့အလယ်ပိုင်းမူဝါဒနဲ့ ယခုလို အဖြစ်ဆိုးမျိုး နောက်ထပ်ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး ထင်မြင်ချက်များပေးဖို့ ကျွမ်းကျင်သူများကို RT က မေတ္တာရပ်ခံခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်မှာ ဘလက်ဝါးတားလက်ချက်နဲ့ ကလေးနှစ်ဦးအပါအဝင် အီရတ်နိုင်ငံသား (၁၇)ဦး သေဆုံးခဲ့ပြီး အခြား လူ (၂ဝ) လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဘလက်ဝါးတား ကင်းစောင့်တွေဟာ အဲ့ဒါ သူတို့ကိုယ်သူတို့ ခုခံကာကွယ်မှုအဖြစ် နောက်ပိုင်းမှာ တရားမျှတသယောင် ပြောဆိုခဲ့ပြီး ခြုံခိုတိုက်ခိုက်တယ်လို့ ယူဆခဲ့လို့ဖြစ်ကြောင်း၊ ရဲယူနီဖောင်းဝတ်ဆင်ထားတဲ့ သောင်းကျန်းသူများနဲ့ ထိပ်တိုက်တွေ့လို့ဖြစ်ရတာလို့ ယုံကြည်ခဲ့ကြောင်း ဆိုကြပါတယ်။

သူတို့အတွက် ကံမကောင်းချက်က နစ်ဆောအာရင်ပြင် ပစ်ခတ်မှုကို နိုင်ငံတကာသတင်းထောက်များက မျက်မြင်တွေ့ရှိသွားခဲ့ပြီး သွေးထွက်သံယိုဖြစ်ရပ်ကို နိုင်ငံတကာသတင်းများမှာ ပြန်လည်ဖော်ပြလိုက်ကြပါတယ်။

တကယ်တော့ နစ်ဆောအာ ရင်ပြင် ဖြစ်စဉ်ဟာ အမေရိကန် ကြေးစားစစ်သားတွေရဲ့ လက်ချက်နဲ့ အစုအပုံ လိုက် သေဆုံးရတဲ့ အရှေ့အလယ်ပိုင်း အရပ်သားများရဲ့ ဥပမာတစ်ခုသာ ရှိသေးကြောင်း မော်စကို ဟိုင်းယား စကူးလ် အီကိုနောမစ်တက္ကသိုလ်က အာရပ်ရေးရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြပါတယ်။ အမေရိကန်တွေ ခြေရှုပ်တဲ့ နေရာတွေအကြောင်း မီဒီယာမျက်နှာစာမှာ ဖော်ပြလာမှ လူသိရှင်ကြားဖြစ်ကြရတဲ့ အကြောင်းအရာ အနည်းငယ်များမှာ နစ်ဆောအာရင်ပြင် ဘလက်ဝါးတားတို့ကိစ္စဟာ စိတ်လှုပ်ရှားဖွယ်တစ်ခုမျှသာ ရှိသေးကြောင်း၊ စိန်ခေါ်မှုပြင်းထန်တဲ့ဒေသတွေမှာ အလုပ်လုပ်ကြတဲ့ ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ အားလုံးနီးပါးတိုင်း ဖြစ်တတ်ကြတဲ့ အတွက် အံ့သြစရာ မရှိကြောင်း ပြောပါတယ်။

ကြေးစားစစ်သားတွေကို ငှားရမ်းအသုံးပြုနေတာ အမေရိကန် တစ်နိုင်ငံတည်းလဲ မဟုတ် နိုင်ငံတစ်နိုင်ငံ တည်းမှာလည်း မဟုတ်ပါ။ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းဟာ အရှေ့အလယ်ပိုင်း ယီမင်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂရဲ့ အဆိုအရ သိရှိရပါတယ်။ ၂ဝ၂၂ ခုနှစ် နှစ်ဦးပိုင်းမှာ ယီမင်စစ်ပွဲအတွင်း သေဆုံးသူစုစုပေါင်း ၃၇၇ဝဝဝ အထိ ရှိနေပြီး ကုလလူသားချင်းစာနာမှုဆိုင်ရာ စောင့်ကြည့်သူများ ထွက်ခွာသွားတဲ့ အောက်တိုဘာလကတည်းက အရပ်သားသေဆုံးမှုနှုန်းဟာ နှစ်ဆတိုးလာတယ်လို့ နော်ဝေ ဒုက္ခသည်ကောင်စီ (NRC) က ဆိုပါတယ်။

ဧပြီလကတည်းက အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂက ကြားဝင်စေ့စပ်နေခဲ့တာပါ။ ယီမင်အနောက်ပိုင်း ဆာနားမြို့ကို သိမ်းပိုက်ထားတဲ့ ဟူသီ သူပုန်တို့ရဲ့ “အန်ဆာရာ အလ္လာ” အစိုးရနဲ့ ယီမင်ပြည်ပြေးအစိုးရကို ကိုယ်စားပြုတယ်ဆိုတဲ့ ဆော်ဒီဦးဆောင်ညွန့်ပေါင်းတပ်ဖွဲ့တို့အကြား ဆွေးနွေးပွဲတွေဟာ မရေမရာဖြစ်နေပါတယ်။

အနောက်အုပ်စုမီဒီယာတွေက “ အီရန်ကျောထောက်နောက်ခံပြု ရှီအာမွတ်စလင်” များအဖြစ် ဖော်ပြခြင်းခံရသူ ဟူသီသူပုန်တို့အပေါ် နှိမ်နင်းရာမှာ အိမ်နီးချင်း ဆွန်နီယူအေအီးနိုင်ငံအတွင်း ပြင်သစ်စစ်အကြံပေးများ ရှိနေ ပါတယ်။ အရှေ့အလယ်ပိုင်းကို အမေရိကန်ပြီးလျှင် လက်နက်ရောင်းချမှု တတိယမြောက်အများဆုံး ပြင်သစ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရာက စွမ်းအင်အကျပ်အ တည်း ဆိုက်နေပါတယ်။ ဒီအတွက် အရှေ့အလယ်ပိုင်း အာရပ်ဓာတ်ငွေ့တွေကို ရယူရေး မျက်နှာလုပ်ဖို့ အသင့်ရှိနေပါတယ်။ စစ်လက် နက်တင်ပို့ခြင်းမှအစ နယ် စပ်မှာ ယူအေအီးတပ်များနဲ့အတူ လုံခြုံရေးကင်းလှည့်ဖို့အထိ တရား ဝင်ပြင်သစ်စစ်သားတွေကို သုံးဖို့ဆိုတာ ပါရီအတွက် စွန့်စားရာရောက်လွန်းနေပါတယ်။ အရှေ့အလယ်ပိုင်း မထင်မှတ်တဲ့နေရာမှာ ပြင်သစ်စစ်သားတစ်ဦး ကျဆုံးခြင်းဟာ ပါရီအစိုးရအဖွဲ့ ပြုတ်ကျသွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒီလိုနေရာမျိုးမှာ ပုဂ္ဂလိကလုံခြုံရေးအကြံပေးလို့ ယဉ်ကျေးစွာ အမည်ပေးထားတဲ့ ကြေးစားစစ်သားတွေကို ကန်ထရိုက်ပေး ငှားရမ်းအသုံးပြုခြင်းဟာ အလွန်ဆီလျော်နေပါတယ်။ တစ်ဖက်မှာတော့ (၇)နှစ်ကြာ သွေးချောင်းစီး ယီမင် ပြည်တွင်းစစ်ဟာ အဆုံးသတ်ဖို့ မှုန်ဝါးသည်ထက် မှုန်ဝါးလာရပါတယ်။

ကြေးစားစစ်သားတို့ရဲ့ လက်လွယ်စပ္ပါယ် လူသတ်မိကြခြင်းမှာ စိတ်ပိုင်းဆိုင်ရာ နောက်ခံတွေ အများကြီးပါ နေတယ်လို့ လေ့လာသူများက ဆိုကြပါတယ်။ သာမန်အားဖြင့် ကြေးစားတစ်ယောက်ကို အေးအေးလူလူပုံစံနဲ့ မြင်နိုင်ပါတယ်။ ခပ်မိုက်မိုက် ကျည်ကာဝတ်စုံ၊ နေကာမျက်မှန်အမည်း၊ စမတ်ကျကျယူနီဖောင်းကို ဝတ်ဆင်ထားရပေမဲ့ သူတို့အတွင်းစိတ်မှာ အချိန်မရွေး ဗုံးခွဲခံရမှာ ဒါမှမဟုတ် သူ့ဆီ ကျည် ဆန်တွေ ပျံဝဲလာနိုင်တာကို ကြောက်နေကြရပါတယ်။ အရှေ့အလယ်ပိုင်း VIP ပုဂ္ဂိုလ်တို့ လုံခြုံရေးအတွက် တာဝန်ယူပေးရတဲ့အခါ အနီးအနားမှာ ပစ်ခတ်မှုမျိုး မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အာရပ်မင်္ဂလာဆောင်ဆိုတာလည်း AK သေနတ်တွေကို ဖောဖောသီသီ ဖောက်တတ်တဲ့အတွက် ကြားမိတဲ့ ပရိုတစ်ယောက်တောင် ထခုန်မိတတ်ပါတယ်။ တကယ့် မင်္ဂလာဆောင် ဟုတ်/မဟုတ်ဆိုတာ ဆန်းစစ်ဖို့ အ တော်ခက်ပါတယ်။ အဲ့ဒီအခါ လုံခြုံရေးအစောင့်လိုက်ပါလာ သူက ပြန်ပစ်မိမယ်၊ ပြီးမှ အဖြေရှာတတ်ကြတဲ့အတွက် အဖြစ်မှန်သိရတဲ့အခါ အရမ်းနောက်ကျသွားပါပြီလို့ လေ့လာသူက ရှင်းပြပါတယ်။

အဲ့ဒီမှာ ပြစ်ဒဏ်မပေးဘဲ ကျော်ခွသွားတဲ့ ရာဇဝတ်မှုတွေ အများကြီးရှိနေပါတယ်။

(Russia Today., 16 September 2022,” 15 years after US Blackwater mercenaries massacred civilians in Baghdad, has anything changed for private military contractors?” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အီရတ္၊ ယီမင္၊ ယူကရိန္းေရာက္ အေနာက္အုပ္စု ေၾကးစားစစ္သားမ်ား (ပထမပိုင္း)
Htay Oung (NP News) - စက္တင္ဘာ ၂၆

အတိအက်ေျပာရမယ္ဆိုရင္ လြန္ခဲ့တဲ့ ၁၅ ႏွစ္ ဘဂၢဒက္ၿမိဳ႕မွာ အေမရိကန္သံတမန္မ်ားနဲ႔ အီရတ္အစိုးရအရာရွိမ်ား ေတြ႕ဆုံစဥ္ အင္အားျပင္း ကားဗုံးေပါက္ကြဲျခင္းက စတင္ပါတယ္။ အဲ့ဒီအခ်ိန္ သမၼတ ေဂ်ာ့ခ်္ဒဗလ်ဴဘြတ္ရွ္ (သား ဘြတ္ရွ္) ရဲ႕ ပင္တာဂြန္စစ္ဌာနခ်ဳပ္က ငွားရမ္းထားတဲ့ “ဘလက္ဝါးတား လုံၿခဳံေရးအႀကံေပး” ပုဂၢလိက စစ္ဘက္ဆိုင္ရာ ကုမၸဏီ (PMC) က အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ဝန္ထမ္းေတြကို ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ဖို႔အတြက္ ကိုင္တြယ္ေဆာင္႐ြက္ေနပါတယ္။ ဒါေပမယ့္ လုပ္႐ိုးလုပ္စဥ္အတိုင္း စစ္ဆင္ေရးျပဳလုပ္စဥ္ အီရတ္ၿမိဳ႕ေတာ္ရဲ႕ အလယ္ဗဟိုမွာ အစုအပုံလိုက္ ေသြးေျမက် သတ္ျဖတ္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

လမ္းမေပၚမွာ ဆန႔္က်င္ေျပာင္းျပန္ေမာင္းႏွင္လာတဲ့ သံသယျဖစ္ဖြယ္ အျဖဴေရာင္ Kia တစ္စီးကို ေတြ႕ရတဲ့အတြက္ ဘလက္ဝါးတား စႏိုက္ပါသမားက ပစ္မွတ္အျဖစ္ “ေထာက္”ထားလိုက္ပါတယ္။ ရဲအရာရွိမ်ားနဲ႔ စစ္ဘက္အဖြဲ႕ရဲ႕ အခ်က္ျပမႈမ်ားကို လ်စ္လ်ဴရႈၿပီး သူ႔တပ္ဖြဲ႕ဝင္ေတြက “လွ်ပ္လက္ဗုံး” ေတြ ေဖာက္ခြဲလိုက္ခ်ိန္မွာ စႏိုက္ပါသမားက ေသနတ္ေမာင္းခလုပ္ကို ဆြဲညႇစ္လိုက္ပါတယ္။ Kia ကားတစ္စီးလုံး ေပါက္ကြဲ မီးေလာင္သြားၿပီး ယာဥ္ေမာင္းႏွင္သူ အမ်ိဳးသမီး၊ သူ႔ရဲ႕ အ႐ြယ္ေရာက္ သားျဖစ္သူနဲ႔ အနီးအနားမွာ ယာဥ္ထိန္းေနတဲ့ အီရတ္ရဲတစ္ဦးတို႔ ေသဆုံးသြားပါတယ္။

ဒါေပမဲ့ အဲ့ဒါ အစပဲ ရွိပါေသးတယ္။ ေၾကးစားစစ္သားေတြဟာ စက္ေသနတ္ႀကီးမ်ား၊ လက္ပစ္ဗုံးမ်ား အသုံးျပဳၿပီး လမ္းေၾကာင္းအားလုံးကို ပစ္ခတ္ခဲ့အတြက္ လက္နက္မဲ့ အရပ္သားမ်ား အစုအပုံလိုက္ ေသဆုံးၾကရပါတယ္။ မခံမရပ္ႏိုင္တဲ့ အီရတ္ရဲတပ္ဖြဲ႕က ျပန္လည္ ပစ္ခတ္တဲ့အတြက္ လမ္းမေပၚ တိုက္ပြဲပုံစံမ်ိဳး ျဖစ္ပြားခဲ့ပါတယ္။ ဘလက္ဝါးတား ကာကင္း တစ္ေယာက္ဆို သူ႔တပ္ဖြဲ႕ဝင္က ေသနတ္နဲ႔ အခ်က္မျပမခ်င္း ဆက္တိုက္ ပစ္ခတ္ေနခဲ့တယ္လို႔ သတင္းရရွိပါတယ္။

နစ္ေဆာအာ_ရင္ျပင္ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈဟာ အေမရိကန္-အီရတ္ ပဋိပကၡရဲ႕ အထင္ရွားဆုံး ေသြးထြက္သံယိုမႈ တစ္ခုျဖစ္ၿပီး ေဒသတြင္း အေမရိကန္တို႔ရဲ႕ စစ္မွန္တဲ့ ရည္႐ြယ္ခ်က္အေပၚ သံသယမ်ား တိုးပြားေစပါတယ္။ ဝါရွင္တန္ရဲ႕ အေရွ႕အလယ္ပိုင္းမူဝါဒနဲ႔ ယခုလို အျဖစ္ဆိုးမ်ိဳး ေနာက္ထပ္ျဖစ္ႏိုင္ေျခႏွင့္ ပတ္သက္ၿပီး ထင္ျမင္ခ်က္မ်ားေပးဖို႔ ကြၽမ္းက်င္သူမ်ားကို RT က ေမတၱာရပ္ခံခဲ့ပါတယ္။

အဲ့ဒီျဖစ္ရပ္မွာ ဘလက္ဝါးတားလက္ခ်က္နဲ႔ ကေလးႏွစ္ဦးအပါအဝင္ အီရတ္ႏိုင္ငံသား (၁၇)ဦး ေသဆုံးခဲ့ၿပီး အျခား လူ (၂ဝ) လည္း ဒဏ္ရာရရွိခဲ့ပါတယ္။
ဘလက္ဝါးတား ကင္းေစာင့္ေတြဟာ အဲ့ဒါ သူတို႔ကိုယ္သူတို႔ ခုခံကာကြယ္မႈအျဖစ္ ေနာက္ပိုင္းမွာ တရားမွ်တသေယာင္ ေျပာဆိုခဲ့ၿပီး ၿခဳံခိုတိုက္ခိုက္တယ္လို႔ ယူဆခဲ့လို႔ျဖစ္ေၾကာင္း၊ ရဲယူနီေဖာင္းဝတ္ဆင္ထားတဲ့ ေသာင္းက်န္းသူမ်ားနဲ႔ ထိပ္တိုက္ေတြ႕လို႔ျဖစ္ရတာလို႔ ယုံၾကည္ခဲ့ေၾကာင္း ဆိုၾကပါတယ္။

သူတို႔အတြက္ ကံမေကာင္းခ်က္က နစ္ေဆာအာရင္ျပင္ ပစ္ခတ္မႈကို ႏိုင္ငံတကာသတင္းေထာက္မ်ားက မ်က္ျမင္ေတြ႕ရွိသြားခဲ့ၿပီး ေသြးထြက္သံယိုျဖစ္ရပ္ကို ႏိုင္ငံတကာသတင္းမ်ားမွာ ျပန္လည္ေဖာ္ျပလိုက္ၾကပါတယ္။

တကယ္ေတာ့ နစ္ေဆာအာ ရင္ျပင္ ျဖစ္စဥ္ဟာ အေမရိကန္ ေၾကးစားစစ္သားေတြရဲ႕ လက္ခ်က္နဲ႔ အစုအပုံ လိုက္ ေသဆုံးရတဲ့ အေရွ႕အလယ္ပိုင္း အရပ္သားမ်ားရဲ႕ ဥပမာတစ္ခုသာ ရွိေသးေၾကာင္း ေမာ္စကို ဟိုင္းယား စကူးလ္ အီကိုေနာမစ္တကၠသိုလ္က အာရပ္ေရးရာ ကြၽမ္းက်င္သူတစ္ဦးက ေထာက္ျပပါတယ္။ အေမရိကန္ေတြ ေျခရႈပ္တဲ့ ေနရာေတြအေၾကာင္း မီဒီယာမ်က္ႏွာစာမွာ ေဖာ္ျပလာမွ လူသိရွင္ၾကားျဖစ္ၾကရတဲ့ အေၾကာင္းအရာ အနည္းငယ္မ်ားမွာ နစ္ေဆာအာရင္ျပင္ ဘလက္ဝါးတားတို႔ကိစၥဟာ စိတ္လႈပ္ရွားဖြယ္တစ္ခုမွ်သာ ရွိေသးေၾကာင္း၊ စိန္ေခၚမႈျပင္းထန္တဲ့ေဒသေတြမွာ အလုပ္လုပ္ၾကတဲ့ ပုဂၢလိက စစ္ဘက္ကုမၸဏီ အားလုံးနီးပါးတိုင္း ျဖစ္တတ္ၾကတဲ့ အတြက္ အံ့ၾသစရာ မရွိေၾကာင္း ေျပာပါတယ္။

ေၾကးစားစစ္သားေတြကို ငွားရမ္းအသုံးျပဳေနတာ အေမရိကန္ တစ္ႏိုင္ငံတည္းလဲ မဟုတ္ ႏိုင္ငံတစ္ႏိုင္ငံ တည္းမွာလည္း မဟုတ္ပါ။ ေခတ္သစ္သမိုင္းမွာ အဆိုး႐ြားဆုံး လူသားခ်င္း စာနာမႈဆိုင္ရာ အက်ပ္အတည္းဟာ အေရွ႕အလယ္ပိုင္း ယီမင္ႏိုင္ငံအတြင္းမွာ ျဖစ္ပြားေနေၾကာင္း ကုလသမဂၢရဲ႕ အဆိုအရ သိရွိရပါတယ္။ ၂ဝ၂၂ ခုႏွစ္ ႏွစ္ဦးပိုင္းမွာ ယီမင္စစ္ပြဲအတြင္း ေသဆုံးသူစုစုေပါင္း ၃၇၇ဝဝဝ အထိ ရွိေနၿပီး ကုလလူသားခ်င္းစာနာမႈဆိုင္ရာ ေစာင့္ၾကည့္သူမ်ား ထြက္ခြာသြားတဲ့ ေအာက္တိုဘာလကတည္းက အရပ္သားေသဆုံးမႈႏႈန္းဟာ ႏွစ္ဆတိုးလာတယ္လို႔ ေနာ္ေဝ ဒုကၡသည္ေကာင္စီ (NRC) က ဆိုပါတယ္။

ဧၿပီလကတည္းက အပစ္အခတ္ရပ္စဲေရးအတြက္ ကုလသမဂၢက ၾကားဝင္ေစ့စပ္ေနခဲ့တာပါ။ ယီမင္အေနာက္ပိုင္း ဆာနားၿမိဳ႕ကို သိမ္းပိုက္ထားတဲ့ ဟူသီ သူပုန္တို႔ရဲ႕ “အန္ဆာရာ အလႅာ” အစိုးရနဲ႔ ယီမင္ျပည္ေျပးအစိုးရကို ကိုယ္စားျပဳတယ္ဆိုတဲ့ ေဆာ္ဒီဦးေဆာင္ၫြန႔္ေပါင္းတပ္ဖြဲ႕တို႔အၾကား ေဆြးေႏြးပြဲေတြဟာ မေရမရာျဖစ္ေနပါတယ္။

အေနာက္အုပ္စုမီဒီယာေတြက “ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ရွီအာမြတ္စလင္” မ်ားအျဖစ္ ေဖာ္ျပျခင္းခံရသူ ဟူသီသူပုန္တို႔အေပၚ ႏွိမ္နင္းရာမွာ အိမ္နီးခ်င္း ဆြန္နီယူေအအီးႏိုင္ငံအတြင္း ျပင္သစ္စစ္အႀကံေပးမ်ား ရွိေန ပါတယ္။ အေရွ႕အလယ္ပိုင္းကို အေမရိကန္ၿပီးလွ်င္ လက္နက္ေရာင္းခ်မႈ တတိယေျမာက္အမ်ားဆုံး ျပင္သစ္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲ ႐ုရွားအေပၚ ဒဏ္ခတ္ပိတ္ဆို႔ရာက စြမ္းအင္အက်ပ္အ တည္း ဆိုက္ေနပါတယ္။ ဒီအတြက္ အေရွ႕အလယ္ပိုင္း အာရပ္ဓာတ္ေငြ႕ေတြကို ရယူေရး မ်က္ႏွာလုပ္ဖို႔ အသင့္ရွိေနပါတယ္။ စစ္လက္ နက္တင္ပို႔ျခင္းမွအစ နယ္ စပ္မွာ ယူေအအီးတပ္မ်ားနဲ႔အတူ လုံၿခဳံေရးကင္းလွည့္ဖို႔အထိ တရား ဝင္ျပင္သစ္စစ္သားေတြကို သုံးဖို႔ဆိုတာ ပါရီအတြက္ စြန႔္စားရာေရာက္လြန္းေနပါတယ္။ အေရွ႕အလယ္ပိုင္း မထင္မွတ္တဲ့ေနရာမွာ ျပင္သစ္စစ္သားတစ္ဦး က်ဆုံးျခင္းဟာ ပါရီအစိုးရအဖြဲ႕ ျပဳတ္က်သြားတဲ့အထိ ျဖစ္လာႏိုင္ပါတယ္။

ဒီလိုေနရာမ်ိဳးမွာ ပုဂၢလိကလုံၿခဳံေရးအႀကံေပးလို႔ ယဥ္ေက်းစြာ အမည္ေပးထားတဲ့ ေၾကးစားစစ္သားေတြကို ကန္ထ႐ိုက္ေပး ငွားရမ္းအသုံးျပဳျခင္းဟာ အလြန္ဆီေလ်ာ္ေနပါတယ္။ တစ္ဖက္မွာေတာ့ (၇)ႏွစ္ၾကာ ေသြးေခ်ာင္းစီး ယီမင္ ျပည္တြင္းစစ္ဟာ အဆုံးသတ္ဖို႔ မႈန္ဝါးသည္ထက္ မႈန္ဝါးလာရပါတယ္။

ေၾကးစားစစ္သားတို႔ရဲ႕ လက္လြယ္စပၸါယ္ လူသတ္မိၾကျခင္းမွာ စိတ္ပိုင္းဆိုင္ရာ ေနာက္ခံေတြ အမ်ားႀကီးပါ ေနတယ္လို႔ ေလ့လာသူမ်ားက ဆိုၾကပါတယ္။ သာမန္အားျဖင့္ ေၾကးစားတစ္ေယာက္ကို ေအးေအးလူလူပုံစံနဲ႔ ျမင္ႏိုင္ပါတယ္။ ခပ္မိုက္မိုက္ က်ည္ကာဝတ္စုံ၊ ေနကာမ်က္မွန္အမည္း၊ စမတ္က်က်ယူနီေဖာင္းကို ဝတ္ဆင္ထားရေပမဲ့ သူတို႔အတြင္းစိတ္မွာ အခ်ိန္မေ႐ြး ဗုံးခြဲခံရမွာ ဒါမွမဟုတ္ သူ႔ဆီ က်ည္ ဆန္ေတြ ပ်ံဝဲလာႏိုင္တာကို ေၾကာက္ေနၾကရပါတယ္။ အေရွ႕အလယ္ပိုင္း VIP ပုဂၢိဳလ္တို႔ လုံၿခဳံေရးအတြက္ တာဝန္ယူေပးရတဲ့အခါ အနီးအနားမွာ ပစ္ခတ္မႈမ်ိဳး မၾကာခဏ ျဖစ္ေလ့ရွိပါတယ္။ အာရပ္မဂၤလာေဆာင္ဆိုတာလည္း AK ေသနတ္ေတြကို ေဖာေဖာသီသီ ေဖာက္တတ္တဲ့အတြက္ ၾကားမိတဲ့ ပ႐ိုတစ္ေယာက္ေတာင္ ထခုန္မိတတ္ပါတယ္။ တကယ့္ မဂၤလာေဆာင္ ဟုတ္/မဟုတ္ဆိုတာ ဆန္းစစ္ဖို႔ အ ေတာ္ခက္ပါတယ္။ အဲ့ဒီအခါ လုံၿခဳံေရးအေစာင့္လိုက္ပါလာ သူက ျပန္ပစ္မိမယ္၊ ၿပီးမွ အေျဖရွာတတ္ၾကတဲ့အတြက္ အျဖစ္မွန္သိရတဲ့အခါ အရမ္းေနာက္က်သြားပါၿပီလို႔ ေလ့လာသူက ရွင္းျပပါတယ္။

အဲ့ဒီမွာ ျပစ္ဒဏ္မေပးဘဲ ေက်ာ္ခြသြားတဲ့ ရာဇဝတ္မႈေတြ အမ်ားႀကီးရွိေနပါတယ္။

(Russia Today., 16 September 2022,” 15 years after US Blackwater mercenaries massacred civilians in Baghdad, has anything changed for private military contractors?” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.