ပူတင်က အမေရိကန်ဟက်ကာ အက်ဝေါ့စနိုဒန်ကို ရုရှားနိုင်ငံသားဖြစ်ခွင့်ပေး

 825

ရောင်နီ (NP News) - စက်တင်ဘာ ၂၇

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ထိပ်တန်းလျို့ဝှက်ထောက်လှမ်းရေးအစီအစဉ်နဲ့ ပတ်သက်ပြီး သူလျှိုစွဲချက်နဲ့ ဝါရှင်တန်က အလိုရှိနေတဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီ ဟက်ကာဟောင်း အက်ဝေါ့စနိုဒန်ကို စက်တင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့မှာ နိုင်ငံသားဖြစ်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

စနိုဒန်ဟာ တရားစွဲဆိုမှုကို ရှောင်ရှားဖို့အတွက် အမေရိကန်မှ ထွက်ပြေးပြီးနောက် ၂ဝ၁၃ ခုနှစ်မှာ ရုရှားက သူ့ကို ခိုလှုံခွင့်ပေးခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် စနိုဒန်ဟာ ၂ဝ၂ဝ ပြည့်နှစ်မှာ ရုရှားနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံသားအဖြစ်မှ မစွန့်လွှတ်ဘဲ ရုရှားနိုင်ငံသားဖြစ်ခွင့် လက်မှတ်ရရှိဖို့ လျှောက်ထားခဲ့ပါတယ်။

၎င်းရဲ့ရှေ့နေ အန်နာတိုလီ ကူချာနာစနိုဒန်ရဲ့ ဇနီးဖြစ်သူ လင်ဆေးမေးစ်ဟာလည်း ရုရှားနိုင်ငံသားဖြစ်ခွင့် လျှောက်ထားနေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

စနိုဒန်ဟာ ဇနီးဖြစ်သူ မေးစ် နဲ့ မော်စကိုမှာ ၂ဝ၁၄ ခုနှစ်က တွေ့ဆုံခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြကာ သားတစ်ဦး မွေးဖွားခဲ့ပါတယ်။ သို့ပေမယ့် စနိုင်ဒန်ဟာ ယူကရိန်း - ရုရှား အလံတင်စစ်ပွဲမှာ ကူညီပေးဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားသမ္မတပူတင် အမိန့်ပေးခဲ့တဲ့ တစိတ်တပိုင်း စစ်ရေးလှုပ်ရှားမှုကိုတော့ လိုက်နာမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဝါရှင်တန်ပို့စ်နဲ့ ဂါးဒီးယန်း သတင်းဌာနတို့မှဖော်ပြချက်များအရ စနိုဒန်ဟာ အမေရိကန်သမိုင်းမှာ အကျိုးဆက်အရှိဆုံး ထောက်လှမ်းရေးချိုးဖောက်မှုများထဲမှတစ်ခုဖြစ်တဲ့ NSA ရဲ့ သန်းနဲ့ချီတဲ့ ဖုန်းမှတ်တမ်းများ တစုတစည်းတည်း ရရှိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ၄င်းကို ဗဟိုအယူခံတရားရုံးမှ ဥပဒေမဲ့ဖြစ်ပြီး ပိတ်သိမ်းသွားခဲ့ပါတယ်။

သီးခြားပရိုဂရမ်တစ်ခုမှာလည်း စနိုဒန်ဟာ NSA ထောက်လှမ်းရေးစုဆောင်းခြင်းနဲ့ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအသေးစိတ်ကိုဖော်ပြခဲ့ပါတယ်။ အဆိုပါထုတ်ဖော်မှုများဟာ အမေရိကန်နည်းပညာလုပ်ငန်းနဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းဆက်ဆံရေးကို များစွာ ထိခိုက်စေခဲ့ပါတယ်။

NSA တရားရေးဌာနအမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးတို့က စနိုဒန်ရဲ့ အခြေ အနေသစ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ငြင်းဆိုခဲ့ပေမယ့် အမျိုးသားထောက်လှမ်းရေး၊ အဓိကလက်ထောက် ဒါရိုက်တာဖြစ်သူ ဆူးဂေါ်ဒွန်က စနိုဒန် ရုရှားနိုင်ငံသားဖြစ်ခွင့်တောင်းဆိုခြင်းဟာ အမေရိကကို ကူညီဖို့လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စနိုဒန်က ၄င်းရဲ့ရုရှားနိုင်ငံသားဖြစ်ခွင့်တောင်းဆိုခဲ့ခြင်းဟာ “မိဘတွေနဲ့ နှစ်အတန်ကြာ ခွဲခွာပြီးတဲ့ နောက်ပိုင်းမှာ ဇနီးမောင်နှံဟာ သားဖြစ်သူနဲ့ ခွဲခွာလိုစိတ် မရှိပါဘူး။ ဒါကြောင့်မို့လို့ ကပ်ရောဂါနဲ့နယ်နိမိတ်တွေပိတ်တဲ့ခေတ်မှာ အမေရိကန်-ရုရှား နှစ်နိုင်ငံသားအဖြစ် လျှောက်လိုက်တာ ဖြစ်ပါတယ်။ မေးစ်နဲ့ ကျွန်တော်ဟာ အမေရိကန်လူမျိုးအဖြစ်လည်း ဆက်ရှိနေမှာဖြစ်ပြီး၊ ကိုယ့်ရဲ့ စိတ်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့၊ ကျွန်ုပ်တို့နှစ်သက်တဲ့ အမေရိကားကို ပြန်နိုင်မယ့်နေ့ကို စောင့်မျှော်နေပါတယ်။ ဒါမှ တစ်မိသားစုလုံး ပြန်ဆုံနိုင်မှာပါ” လို့ ၎င်းက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

စနိုဒန်ဟာ အမေရိကန်အစိုးရရဲ့ပစ္စည်းဥစ္စာများ ခိုးယူမှု၊ နိုင်ငံတော်ကာကွယ်ရေးသတင်းအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ထောက်လှမ်းရေးမှုနဲ့ စွဲချက်တင်ခံထားရပြီး ပြစ်ဒဏ်စီရင်ချက်ချရင် ထောင်ဒဏ် အနှစ် ၃ဝ အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
ပူတင္က အေမရိကန္ဟက္ကာ အက္ေဝါ့စႏိုဒန္ကို ႐ုရွားႏိုင္ငံသားျဖစ္ခြင့္ေပး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၇

႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ ထိပ္တန္းလ်ိဳ႕ဝွက္ေထာက္လွမ္းေရးအစီအစဥ္နဲ႔ ပတ္သက္ၿပီး သူလွ်ိဳစြဲခ်က္နဲ႔ ဝါရွင္တန္က အလိုရွိေနတဲ့ အမ်ိဳးသားလုံၿခဳံေရးေအဂ်င္စီ ဟက္ကာေဟာင္း အက္ေဝါ့စႏိုဒန္ကို စက္တင္ဘာလ ၂၆ ရက္၊ တနလၤာေန႔မွာ ႏိုင္ငံသားျဖစ္ခြင့္ ျပဳခဲ့တယ္လို႔ သိရပါတယ္။

စႏိုဒန္ဟာ တရားစြဲဆိုမႈကို ေရွာင္ရွားဖို႔အတြက္ အေမရိကန္မွ ထြက္ေျပးၿပီးေနာက္ ၂ဝ၁၃ ခုႏွစ္မွာ ႐ုရွားက သူ႔ကို ခိုလႈံခြင့္ေပးခဲ့ပါတယ္။ အသက္ ၃၉ ႏွစ္အ႐ြယ္ စႏိုဒန္ဟာ ၂ဝ၂ဝ ျပည့္ႏွစ္မွာ ႐ုရွားႏိုင္ငံအတြင္း အၿမဲတမ္းေနထိုင္ခြင့္ရရွိခဲ့ၿပီး အေမရိကန္ႏိုင္ငံသားအျဖစ္မွ မစြန္႔လႊတ္ဘဲ ႐ုရွားႏိုင္ငံသားျဖစ္ခြင့္ လက္မွတ္ရရွိဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။

၎ရဲ႕ေရွ႕ေန အန္နာတိုလီ ကူခ်ာနာစႏိုဒန္ရဲ႕ ဇနီးျဖစ္သူ လင္ေဆးေမးစ္ဟာလည္း ႐ုရွားႏိုင္ငံသားျဖစ္ခြင့္ ေလွ်ာက္ထားေနၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

စႏိုဒန္ဟာ ဇနီးျဖစ္သူ ေမးစ္ နဲ႔ ေမာ္စကိုမွာ ၂ဝ၁၄ ခုႏွစ္က ေတြ႕ဆုံခဲ့ၿပီး ၂ဝ၁၇ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကကာ သားတစ္ဦး ေမြးဖြားခဲ့ပါတယ္။ သို႔ေပမယ့္ စႏိုင္ဒန္ဟာ ယူကရိန္း - ႐ုရွား အလံတင္စစ္ပြဲမွာ ကူညီေပးဖို႔ ၿပီးခဲ့တဲ့သီတင္းပတ္က ႐ုရွားသမၼတပူတင္ အမိန႔္ေပးခဲ့တဲ့ တစိတ္တပိုင္း စစ္ေရးလႈပ္ရွားမႈကိုေတာ့ လိုက္နာမွာ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

ဝါရွင္တန္ပို႔စ္နဲ႔ ဂါးဒီးယန္း သတင္းဌာနတို႔မွေဖာ္ျပခ်က္မ်ားအရ စႏိုဒန္ဟာ အေမရိကန္သမိုင္းမွာ အက်ိဳးဆက္အရွိဆုံး ေထာက္လွမ္းေရးခ်ိဳးေဖာက္မႈမ်ားထဲမွတစ္ခုျဖစ္တဲ့ NSA ရဲ႕ သန္းနဲ႔ခ်ီတဲ့ ဖုန္းမွတ္တမ္းမ်ား တစုတစည္းတည္း ရရွိထားေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးတယ္လို႔ သိရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ၄င္းကို ဗဟိုအယူခံတရား႐ုံးမွ ဥပေဒမဲ့ျဖစ္ၿပီး ပိတ္သိမ္းသြားခဲ့ပါတယ္။

သီးျခားပ႐ိုဂရမ္တစ္ခုမွာလည္း စႏိုဒန္ဟာ NSA ေထာက္လွမ္းေရးစုေဆာင္းျခင္းနဲ႔ စက္မႈလုပ္ငန္း ပူးေပါင္းေဆာင္႐ြက္မႈအေသးစိတ္ကိုေဖာ္ျပခဲ့ပါတယ္။ အဆိုပါထုတ္ေဖာ္မႈမ်ားဟာ အေမရိကန္နည္းပညာလုပ္ငန္းနဲ႔ ေထာက္လွမ္းေရးအသိုင္းအဝိုင္းဆက္ဆံေရးကို မ်ားစြာ ထိခိုက္ေစခဲ့ပါတယ္။

NSA တရားေရးဌာနအမ်ိဳးသားေထာက္လွမ္းေရး ၫႊန္ၾကားေရးမႉး႐ုံးတို႔က စႏိုဒန္ရဲ႕ အေျခ အေနသစ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ျငင္းဆိုခဲ့ေပမယ့္ အမ်ိဳးသားေထာက္လွမ္းေရး၊ အဓိကလက္ေထာက္ ဒါ႐ိုက္တာျဖစ္သူ ဆူးေဂၚဒြန္က စႏိုဒန္ ႐ုရွားႏိုင္ငံသားျဖစ္ခြင့္ေတာင္းဆိုျခင္းဟာ အေမရိကကို ကူညီဖို႔လည္း ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

စႏိုဒန္က ၄င္းရဲ႕႐ုရွားႏိုင္ငံသားျဖစ္ခြင့္ေတာင္းဆိုခဲ့ျခင္းဟာ “မိဘေတြနဲ႔ ႏွစ္အတန္ၾကာ ခြဲခြာၿပီးတဲ့ ေနာက္ပိုင္းမွာ ဇနီးေမာင္ႏွံဟာ သားျဖစ္သူနဲ႔ ခြဲခြာလိုစိတ္ မရွိပါဘူး။ ဒါေၾကာင့္မို႔လို႔ ကပ္ေရာဂါနဲ႔နယ္နိမိတ္ေတြပိတ္တဲ့ေခတ္မွာ အေမရိကန္-႐ုရွား ႏွစ္ႏိုင္ငံသားအျဖစ္ ေလွ်ာက္လိုက္တာ ျဖစ္ပါတယ္။ ေမးစ္နဲ႔ ကြၽန္ေတာ္ဟာ အေမရိကန္လူမ်ိဳးအျဖစ္လည္း ဆက္ရွိေနမွာျဖစ္ၿပီး၊ ကိုယ့္ရဲ႕ စိတ္ဆႏၵကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ရွိတဲ့၊ ကြၽႏ္ုပ္တို႔ႏွစ္သက္တဲ့ အေမရိကားကို ျပန္ႏိုင္မယ့္ေန႔ကို ေစာင့္ေမွ်ာ္ေနပါတယ္။ ဒါမွ တစ္မိသားစုလုံး ျပန္ဆုံႏိုင္မွာပါ” လို႔ ၎က တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။

စႏိုဒန္ဟာ အေမရိကန္အစိုးရရဲ႕ပစၥည္းဥစၥာမ်ား ခိုးယူမႈ၊ ႏိုင္ငံေတာ္ကာကြယ္ေရးသတင္းအခ်က္အလက္ေတြကို ခြင့္ျပဳခ်က္မရွိဘဲ ေထာက္လွမ္းေရးမႈနဲ႔ စြဲခ်က္တင္ခံထားရၿပီး ျပစ္ဒဏ္စီရင္ခ်က္ခ်ရင္ ေထာင္ဒဏ္ အႏွစ္ ၃ဝ အထိ ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။

Picture

Htun Aung Kyaw

27/09/2022 13:04

ပွဲကတော့ မိုက်ပီ။ အကျိုးရှိမှာပါ စနိုးဒင်လို ပညာရှင်တယောက် ရုရှားနိုင်ငံမှာ နိုင်ငံရေးလာခိုလှုံတာက

Picture

Ko Moe

27/09/2022 14:56

ဟန်ဆောင်ရန်ဖြစ်တာမျိူးလားတော့ ရုရှားအနေနဲ့ ဂရုစိုက်ရမှာပါပဲ

Related news

© 2021. All rights reserved.