ထိုင်းနိုင်ငံမှာ ကိုယ်ဝန် ၅ လအထိ ဖျက်ချခွင့် တရားဝင်ခွင့်ပြုပေးဖွယ်ရှိနေ

1344

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉
ထိုင်းနိုင်ငံဟာ ကိုယ်ဝန်သန္ဓေသားလောင်း သီတင်းပတ် ၂ဝ (ကိုယ်ဝန် ၅ လ) အထိ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင်ခွင့်ပြုပေးသွားဖွယ်ရှိနေပါတယ်။ ထိုင်းအစိုးရဟာ ယခင်က ကိုယ်ဝန်ဖျက်ချခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာ ဖြေလျော့ပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ လက်ရှိအချိန်မှာ ကိုယ်ဝန်ဖျက်ချခြင်းကို ယခင်က တရားဝင်ခွင့်ပြုပေးခဲ့ခြင်းမရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကိုယ်ဝန်ဖျက်ချခြင်းက ရာဇာဝတ်မှုတစ်ခုမဟုတ်ကြောင်း သတ်မှတ်ဖွယ်ရှိနေတယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထိုင်းအစိုးရဟာ ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇဝတ်မှုအဖြစ် ယခင်က သတ်မှတ်ထားတာမျိုးတွေရှိခဲ့ပြီး ကိုယ်ဝန်ဖျက်ချမယ်ဆိုရင် ထိုင်းဘတ် တစ်သောင်းအပြင် ထောင်ဒဏ် ၆ လပြစ်ဒဏ်ကျခံရမယ်လို့ ဥပဒေစည်းကမ်းများသတ်မှတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
လက်ရှိဥပဒေအသစ်မှာ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ဖို့မဆုံးဖြတ်ခင် ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ရခြင်းနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ထားမှုများကို ပြသရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ လက အမျိုးသမီးတွေရဲ့ကိုယ်ဝန်ဖျက်ချခွင့် ကိုယ်ဝန် လေးလအထိ ခွင့်ပြုပေးတဲ့ဥပဒေကိုပြောင်းလဲခဲ့ပေမယ့် ကိုယ်ဝန်ဖျက်ခြင်းနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝန်းမှာ ကန့်သတ်မှုများရှိနေခဲ့သလို ပြစ်တင်ရှုတ်ချမှုများလည်းရှိနေခဲ့ပါတယ်။
ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Traisuree Traisoranakul က ကိုယ်ဝန်ဖျက်ချဖို့ ကြိုးပမ်းတဲ့အမျိုးသမီးများကို လေးစားမှု၊ ယုံကြည်မှုတွေနဲ့ ဆက်ဆံစေလိုကြောင်းတိုက်တွန်းပြောဆိုထားပါတယ်။
ထိုင်းအစိုးရအနေနဲ့အမျိုးသမီးကို ကိုယ်ဝန် ၅ လအထိ ရှိနေချိန်အထိ ကိုယ်ဝန်ဖျက်ချခွင့်ပေးမယ့်ဥပဒေကို ရက်ပေါင်း ၃ဝ အတွင်း အတည်ပြုထုတ်ပြန်ပေးသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာ ဗုဒ္ဒဘာသာနိုင်ငံဖြစ်တဲ့အတွက် အမျိုးသမီးကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ဆန့်ကျင်လျက်ရှိနေပြီး ဝေဖန်ပြစ်တင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ ကိုယ္ဝန္ ၅ လအထိ ဖ်က္ခ်ခြင့္ တရားဝင္ခြင့္ျပဳေပးဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉
ထိုင္းႏိုင္ငံဟာ ကိုယ္ဝန္သေႏၶသားေလာင္း သီတင္းပတ္ ၂ဝ (ကိုယ္ဝန္ ၅ လ) အထိ ကိုယ္ဝန္ဖ်က္ခ်ခြင့္ကို တရားဝင္ခြင့္ျပဳေပးသြားဖြယ္ရွိေနပါတယ္။ ထိုင္းအစိုးရဟာ ယခင္က ကိုယ္ဝန္ဖ်က္ခ်ခြင့္နဲ႔ပတ္သက္ၿပီး ကန႔္သတ္ထားခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ ေျဖေလ်ာ့ေပးခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းအစိုးရအေနနဲ႔ လက္ရွိအခ်ိန္မွာ ကိုယ္ဝန္ဖ်က္ခ်ျခင္းကို ယခင္က တရားဝင္ခြင့္ျပဳေပးခဲ့ျခင္းမရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ကိုယ္ဝန္ဖ်က္ခ်ျခင္းက ရာဇာဝတ္မႈတစ္ခုမဟုတ္ေၾကာင္း သတ္မွတ္ဖြယ္ရွိေနတယ္လို႔ ထိုင္းအစိုးရတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
ထိုင္းအစိုးရဟာ ကိုယ္ဝန္ဖ်က္ခ်ျခင္းကို ရာဇဝတ္မႈအျဖစ္ ယခင္က သတ္မွတ္ထားတာမ်ိဳးေတြရွိခဲ့ၿပီး ကိုယ္ဝန္ဖ်က္ခ်မယ္ဆိုရင္ ထိုင္းဘတ္ တစ္ေသာင္းအျပင္ ေထာင္ဒဏ္ ၆ လျပစ္ဒဏ္က်ခံရမယ္လို႔ ဥပေဒစည္းကမ္းမ်ားသတ္မွတ္ခဲ့ဖူးတယ္လို႔ သိရပါတယ္။
လက္ရွိဥပေဒအသစ္မွာ အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ဖ်က္ဖို႔မဆုံးျဖတ္ခင္ ကိုယ္ဝန္ဖ်က္ခ်ဖို႔ ဆုံးျဖတ္ရျခင္းနဲ႔ပတ္သက္ၿပီး ဆရာဝန္နဲ႔ေဆြးေႏြးတိုင္ပင္ထားမႈမ်ားကို ျပသရဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။
ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ လက အမ်ိဳးသမီးေတြရဲ႕ကိုယ္ဝန္ဖ်က္ခ်ခြင့္ ကိုယ္ဝန္ ေလးလအထိ ခြင့္ျပဳေပးတဲ့ဥပေဒကိုေျပာင္းလဲခဲ့ေပမယ့္ ကိုယ္ဝန္ဖ်က္ျခင္းနဲ႔ပတ္သက္ၿပီး ႏိုင္ငံတစ္ဝန္းမွာ ကန႔္သတ္မႈမ်ားရွိေနခဲ့သလို ျပစ္တင္ရႈတ္ခ်မႈမ်ားလည္းရွိေနခဲ့ပါတယ္။
ထိုင္းအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Traisuree Traisoranakul က ကိုယ္ဝန္ဖ်က္ခ်ဖို႔ ႀကိဳးပမ္းတဲ့အမ်ိဳးသမီးမ်ားကို ေလးစားမႈ၊ ယုံၾကည္မႈေတြနဲ႔ ဆက္ဆံေစလိုေၾကာင္းတိုက္တြန္းေျပာဆိုထားပါတယ္။
ထိုင္းအစိုးရအေနနဲ႔အမ်ိဳးသမီးကို ကိုယ္ဝန္ ၅ လအထိ ရွိေနခ်ိန္အထိ ကိုယ္ဝန္ဖ်က္ခ်ခြင့္ေပးမယ့္ဥပေဒကို ရက္ေပါင္း ၃ဝ အတြင္း အတည္ျပဳထုတ္ျပန္ေပးသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ထိုင္းႏိုင္ငံဟာ ဗုဒၵဘာသာႏိုင္ငံျဖစ္တဲ့အတြက္ အမ်ိဳးသမီးကိုယ္ဝန္ဖ်က္ခ်ျခင္းနဲ႔ပတ္သက္ၿပီး ဆန႔္က်င္လ်က္ရွိေနၿပီး ေဝဖန္ျပစ္တင္ေနတယ္လို႔ သိရပါတယ္။