စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး ဝေဖန်မှုများကို ဖာနန်ဒက်စ် ကာကွယ်ပြောဆို

 527

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉

ပေါ်တူဂီနဲ့ မန်ယူအသင်းကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အသင်းဖော် စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ စပိန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲစဉ်မှာ မျှော်လင့်သလောက်ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့တာကြောင့် စိတ်ဆိုးဒေါသဖြစ်ခဲ့ကြသလို ပရိသတ်တွေကလည်း စီရော်နယ်ဒိုကို ဝေဖန်မှုများရှိခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပြိုင်ပွဲမှာ ချက်အသင်းကို ၄ ဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် စပိန်နဲ့ ပွဲမှာ ခြေစွမ်းပြက စားနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ စပိန်နဲ့ကစားတဲ့ပွဲမှာ ဂိုးသွင်းခွင့်များရရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ နောက်ဆုံးနိုင်ငံတကာ သုံးပွဲဆက်တိုက် ဂိုးမသွင်းနိုင်ပဲဖြစ်ခဲ့ပါတယ်။

ဖာနန်ဒက်စ် က "စီရော်နယ်ဒိုဟာ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့အတွက် အမြဲတမ်း ဂိုးသွင်းယူလိုသူပါ၊ ဂိုးမသွင်းယူနိုင်လို့ စိတ်ဆိုးဒေါသဖြစ်တာမျိုးတွေက သာမန်ဖြစ်ရိုးဖြစ်စဉ်ပါ။ အခြားသူတွေထက် ပိုပြီးစိတ်ပျက်စရာမရှိဘူး။ ရော်နယ်ဒိုဟာ အသင်းကိုအကူအညီပေးဖို့ ပေါ်တူဂီအသင်းကို ရောက်ရှိလာခဲ့တာပါ။ အသင်းကိုကူညီပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေမယ့်သူပါ။ စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး ပုံကြီးချဲ့ရေးသားပြောဆိုနေတာတွေကို စိတ်ပျက်မိတယ်။ စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး ပုံကြီးချဲ့ရေးသားပြောဆိုနေစရာမလိုဘူး။ စီရော်နယ်ဒိုဟာ သူလုပ်စရာရှိတာတွေ သူလုပ်နေတယ်။ စီရော်နယ်ဒိုက ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်လာနိုင်မှာပါ။ သူရဲ့ရည်မှန်းချက်များ စတင်ရရှိလာချိန်မှာ နိုင်ငံအသင်းအတွက် ဂိုးအများအပြားဆက်လက်သွင်းယူပြီး တည်ငြိမ်မှုတွေလည်းရှိလာမှာပါ။ စီရော်နယ်ဒိုဟာ ကမ္ဘ့အကောင်းဆုံး ဂိုးသွင်းသူတစ်ဦးဆိုတာ မေ့မထားစေချင်ဘူး" လို့ပြောပါတယ်။

စီရော်နယ်ဒိုက ရာသီအစပွဲစဉ်တွေမှာ မျှော်လင့်သလောက်ခြေစွမ်းမပြနိုင်ပေမယ့် မကြာမီအသင်းအတွက် ဂိုးများပြန်လည်သွင်းယူနိုင်မှာဖြစ်တယ်လို့ ဖာနန်ဒက်စ်က ဆက်လက်ပြောခဲ့ပါတယ်။

Zawgyi Version;
စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး ေဝဖန္မႈမ်ားကို ဖာနန္ဒက္စ္ ကာကြယ္ေျပာဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉

ေပၚတူဂီနဲ႔ မန္ယူအသင္းကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ အသင္းေဖာ္ စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး ကာကြယ္ေျပာဆိုလိုက္ပါတယ္။

စီေရာ္နယ္ဒိုဟာ စပိန္အသင္းကို ၁ ဂိုး-ဂိုးမရွိနဲ႔ ရႈံးတဲ့ပြဲစဥ္မွာ ေမွ်ာ္လင့္သေလာက္ေျခစြမ္းျပႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ စိတ္ဆိုးေဒါသျဖစ္ခဲ့ၾကသလို ပရိသတ္ေတြကလည္း စီေရာ္နယ္ဒိုကို ေဝဖန္မႈမ်ားရွိခဲ့ပါတယ္။

ေပၚတူဂီအသင္းဟာ ယူအီးအက္ဖ္ေအ ေနရွင္းလိဂ္ၿပိဳင္ပြဲမွာ ခ်က္အသင္းကို ၄ ဂိုးျပတ္နဲ႔အႏိုင္ရတဲ့ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္ စပိန္နဲ႔ ပြဲမွာ ေျခစြမ္းျပက စားႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ စီေရာ္နယ္ဒိုဟာ စပိန္နဲ႔ကစားတဲ့ပြဲမွာ ဂိုးသြင္းခြင့္မ်ားရရွိခဲ့ၿပီး ဂိုးသြင္းယူႏိုင္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ဘဲ ေနာက္ဆုံးႏိုင္ငံတကာ သုံးပြဲဆက္တိုက္ ဂိုးမသြင္းႏိုင္ပဲျဖစ္ခဲ့ပါတယ္။

ဖာနန္ဒက္စ္ က "စီေရာ္နယ္ဒိုဟာ တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့အတြက္ အၿမဲတမ္း ဂိုးသြင္းယူလိုသူပါ၊ ဂိုးမသြင္းယူႏိုင္လို႔ စိတ္ဆိုးေဒါသျဖစ္တာမ်ိဳးေတြက သာမန္ျဖစ္႐ိုးျဖစ္စဥ္ပါ။ အျခားသူေတြထက္ ပိုၿပီးစိတ္ပ်က္စရာမရွိဘူး။ ေရာ္နယ္ဒိုဟာ အသင္းကိုအကူအညီေပးဖို႔ ေပၚတူဂီအသင္းကို ေရာက္ရွိလာခဲ့တာပါ။ အသင္းကိုကူညီေပးႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းေနမယ့္သူပါ။ စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး ပုံႀကီးခ်ဲ႕ေရးသားေျပာဆိုေနတာေတြကို စိတ္ပ်က္မိတယ္။ စီေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး ပုံႀကီးခ်ဲ႕ေရးသားေျပာဆိုေနစရာမလိုဘူး။ စီေရာ္နယ္ဒိုဟာ သူလုပ္စရာရွိတာေတြ သူလုပ္ေနတယ္။ စီေရာ္နယ္ဒိုက ရည္မွန္းခ်က္ပန္းတိုင္ကို အေကာင္အထည္ေဖာ္လာႏိုင္မွာပါ။ သူရဲ႕ရည္မွန္းခ်က္မ်ား စတင္ရရွိလာခ်ိန္မွာ ႏိုင္ငံအသင္းအတြက္ ဂိုးအမ်ားအျပားဆက္လက္သြင္းယူၿပီး တည္ၿငိမ္မႈေတြလည္းရွိလာမွာပါ။ စီေရာ္နယ္ဒိုဟာ ကမၻ့အေကာင္းဆုံး ဂိုးသြင္းသူတစ္ဦးဆိုတာ ေမ့မထားေစခ်င္ဘူး" လို႔ေျပာပါတယ္။

စီေရာ္နယ္ဒိုက ရာသီအစပြဲစဥ္ေတြမွာ ေမွ်ာ္လင့္သေလာက္ေျခစြမ္းမျပႏိုင္ေပမယ့္ မၾကာမီအသင္းအတြက္ ဂိုးမ်ားျပန္လည္သြင္းယူႏိုင္မွာျဖစ္တယ္လို႔ ဖာနန္ဒက္စ္က ဆက္လက္ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.