ကရာချိမှာ တရုတ်-ပါကစ္စတန်အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

 500

ရောင်နီ (NP News) - စက်တင်ဘာ ၂၉

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိရှိ ဆေးခန်းတစ်ခုမှာ တရုတ်-ပါကစ္စတန်နိုင်ငံသားတစ်ဦးကို သွားဘက်ဆိုင်ရာလူနာအဖြစ်ဟန်ဆောင်ထားတဲ့ သေနတ်သမားက သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အနီးအနားရှိ အခြားလူနှစ်ဦးကို ဒဏ်ရာရရှိစေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

စက်တင်ဘာလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်မှာ ဆက်ဒါ ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးခန်းသို့ အမျိုးသားတစ်ဦးဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ချိန် ၁၅ မိနစ်-မိနစ် ၂ဝ ခန့်ကြာခဲ့ကာ တရုတ်-ပါကစ္စတန်ဝန်ထမ်းတစ်ဦးဖြစ်သူ ရော်နယ်ရေမွန်ချူးဟာ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အခင်းဖြစ်ပွားမှုအနီးမှာ ရှိနေတဲ့အခြား ရစ်ချယ်ဟူ နဲ့ ဖန်းတီယင်းဆိုသူ နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲမှူးကြီး စရက်အက်ဆက် ရာဇာ က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟူ နဲ့ တီယင်းတို့ဟာလည်း တရုတ်-ပါကစ္စတန်နိုင်ငံသားများဖြစ်ပြီး ဒဏ်ရာကိုကုသနိုင်ဖို့အတွက် Jinnah Postgraduate Medical Centre သို့ ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဆေးခန်းနဲ့အနီးနားရှိဆိုင်များမှ CCTV များမှ ဖော်ထုတ်ချက်အရ အကြမ်းဖက်သမားဟာ အနီရောင်ဦးထုပ်၊ အပြာရောင် ဘောင်းဘီရှည်နဲ့ ရှပ်အင်္ကျီကိုဝတ်ဆင်ထားတာ တွေ့ရပါတယ်။
ပစ်ခတ်မှုပြုလုပ်ပြီးနောက် ဆေးခန်းထောင့်မှာ အသင့်ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးနဲ့ အခင်း ဖြစ်ရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။

နောက်ထပ်သက်သေတွေ စုဆောင်းနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဟာ ဧရိယာကို ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။ ပြည်ထဲရေးဝန်ကြီး ရာနာဆာနာလူးယက်ခမ် က ကာရာချီ မှာ စက်တင်ဘာလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ကဖြစ်ပျက်ခဲ့တဲ့ အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုကိုရှုတ်ချခဲ့ကာ “ဒီလိုအဖြစ် အပျက်တွေက သည်းမခံနိုင်ဘူး။ တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးကို အာမခံထားသင့်ပါတယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဘီလဝဲလ် ဘူတို ဇာဒါရီ ကလည်း တရားခံတွေအတွက် တရားမျှတဖို့ တောင်းဆိုခဲ့ကာ “ဒီလို အရှက်မဲ့ပြီး သည်းမခံနိုင်တဲ့ တိုက်ခိုက်မှုတွေဟာ ဟိမဝန္တာတောင်တန်းတွေထက် ပိုမြင့်ပြီး ပင်လယ်ထက် ပိုနက်နဲတဲ့ ပါကစ္စတန်-တရုတ် ချစ်ကြည်ရေးအတွက် အက်ကြောင်းတွေဖြစ်လာစေမှာ မဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်းမှ စတင်ခဲ့ခြင်းဖြစ်တယ်ဆိုတာကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ တိုက်ခိုက်သူမှာ ကိုယ်ရေးကိုယ်တာရည်ရွယ်ချက်ရှိ/မရှိ (သို့မဟုတ်) ယင်းဖြစ်ရပ်ဟာ အကြမ်းဖက်ဝါဒရဲ့လုပ်ရပ် ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်းကလည်း Baloch ခွဲထွက်ရေးသမားများဟာ တရုတ်အမျိုးသားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မကြာသေးမီက တိုက်ခိုက်မှုများ အရှိန်အဟုန်မြင့်လာခဲ့ကာ အထူးသဖြင့် ယခုနှစ်အစောပိုင်းက ကာရာချီတက္ကသိုလ်မှ တရုတ်ဆရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

Zawgyi Version;
ကရာခ်ိမွာ တ႐ုတ္-ပါကစၥတန္အမ်ိဳးသားတစ္ဦး ေသနတ္နဲ႔ ပစ္ခတ္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၉

ပါကစၥတန္ႏိုင္ငံေတာင္ပိုင္း ဆိပ္ကမ္းၿမိဳ႕ ကရာခ်ိရွိ ေဆးခန္းတစ္ခုမွာ တ႐ုတ္-ပါကစၥတန္ႏိုင္ငံသားတစ္ဦးကို သြားဘက္ဆိုင္ရာလူနာအျဖစ္ဟန္ေဆာင္ထားတဲ့ ေသနတ္သမားက ေသနတ္နဲ႔ပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး အနီးအနားရွိ အျခားလူႏွစ္ဦးကို ဒဏ္ရာရရွိေစခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

စက္တင္ဘာလ ၂၈ ရက္၊ ဗုဒၶဟူးေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီဝန္းက်င္မွာ ဆက္ဒါ ရပ္ကြက္ရွိ ပုဂၢလိကေဆးခန္းသို႔ အမ်ိဳးသားတစ္ဦးဝင္ေရာက္ပစ္ခတ္ခဲ့တာျဖစ္ၿပီး ပစ္ခတ္ခ်ိန္ ၁၅ မိနစ္-မိနစ္ ၂ဝ ခန႔္ၾကာခဲ့ကာ တ႐ုတ္-ပါကစၥတန္ဝန္ထမ္းတစ္ဦးျဖစ္သူ ေရာ္နယ္ေရမြန္ခ်ဴးဟာ ေနရာတင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ပါတယ္။

အခင္းျဖစ္ပြားမႈအနီးမွာ ရွိေနတဲ့အျခား ရစ္ခ်ယ္ဟူ နဲ႔ ဖန္းတီယင္းဆိုသူ ႏွစ္ဦးလည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲမႉးႀကီး စရက္အက္ဆက္ ရာဇာ က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဟူ နဲ႔ တီယင္းတို႔ဟာလည္း တ႐ုတ္-ပါကစၥတန္ႏိုင္ငံသားမ်ားျဖစ္ၿပီး ဒဏ္ရာကိုကုသႏိုင္ဖို႔အတြက္ Jinnah Postgraduate Medical Centre သို႔ ေျပာင္းေ႐ႊ႕ခဲ့ရတယ္လို႔ သိရပါတယ္။

ေဆးခန္းနဲ႔အနီးနားရွိဆိုင္မ်ားမွ CCTV မ်ားမွ ေဖာ္ထုတ္ခ်က္အရ အၾကမ္းဖက္သမားဟာ အနီေရာင္ဦးထုပ္၊ အျပာေရာင္ ေဘာင္းဘီရွည္နဲ႔ ရွပ္အက်ႌကိုဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။
ပစ္ခတ္မႈျပဳလုပ္ၿပီးေနာက္ ေဆးခန္းေထာင့္မွာ အသင့္ရပ္ထားတဲ့ ဆိုင္ကယ္တစ္စီးနဲ႔ အခင္း ျဖစ္ရာကေန ထြက္ေျပးသြားခဲ့ပါတယ္။

ေနာက္ထပ္သက္ေသေတြ စုေဆာင္းႏိုင္ဖို႔အတြက္ ရဲတပ္ဖြဲ႕ဟာ ဧရိယာကို ပိတ္ဆို႔ခဲ့တယ္လို႔ သိရပါတယ္။ ျပည္ထဲေရးဝန္ႀကီး ရာနာဆာနာလူးယက္ခမ္ က ကာရာခ်ီ မွာ စက္တင္ဘာလ ၂၈ ရက္၊ ဗုဒၶဟူးေန႔ကျဖစ္ပ်က္ခဲ့တဲ့ အဆိုပါ ပစ္ခတ္သတ္ျဖတ္မႈကိုရႈတ္ခ်ခဲ့ကာ “ဒီလိုအျဖစ္ အပ်က္ေတြက သည္းမခံႏိုင္ဘူး။ တ႐ုတ္ႏိုင္ငံသားေတြရဲ႕လုံၿခဳံေရးကို အာမခံထားသင့္ပါတယ္” လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး ဘီလဝဲလ္ ဘူတို ဇာဒါရီ ကလည္း တရားခံေတြအတြက္ တရားမွ်တဖို႔ ေတာင္းဆိုခဲ့ကာ “ဒီလို အရွက္မဲ့ၿပီး သည္းမခံႏိုင္တဲ့ တိုက္ခိုက္မႈေတြဟာ ဟိမဝႏၲာေတာင္တန္းေတြထက္ ပိုျမင့္ၿပီး ပင္လယ္ထက္ ပိုနက္နဲတဲ့ ပါကစၥတန္-တ႐ုတ္ ခ်စ္ၾကည္ေရးအတြက္ အက္ေၾကာင္းေတြျဖစ္လာေစမွာ မဟုတ္ဘူး” လို႔ ဆိုခဲ့ပါတယ္။

ဒီတိုက္ခိုက္မႈဟာ ဘယ္အဖြဲ႕အစည္းမွ စတင္ခဲ့ျခင္းျဖစ္တယ္ဆိုတာကို မသိရေသးဘူးလို႔လည္း ဆိုပါတယ္။ ရဲတပ္ဖြဲ႕ဟာ တိုက္ခိုက္သူမွာ ကိုယ္ေရးကိုယ္တာရည္႐ြယ္ခ်က္ရွိ/မရွိ (သို႔မဟုတ္) ယင္းျဖစ္ရပ္ဟာ အၾကမ္းဖက္ဝါဒရဲ႕လုပ္ရပ္ ဟုတ္/မဟုတ္ စုံစမ္းစစ္ေဆးလ်က္ ရွိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းကလည္း Baloch ခြဲထြက္ေရးသမားမ်ားဟာ တ႐ုတ္အမ်ိဳးသားမ်ားကို ပစ္မွတ္ထား တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ၿပီး မၾကာေသးမီက တိုက္ခိုက္မႈမ်ား အရွိန္အဟုန္ျမင့္လာခဲ့ကာ အထူးသျဖင့္ ယခုႏွစ္အေစာပိုင္းက ကာရာခ်ီတကၠသိုလ္မွ တ႐ုတ္ဆရာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြျဖစ္ပြားခဲ့ပါတယ္။

Related news

© 2021. All rights reserved.