အီရတ်မြောက်ပိုင်းမှာ ကာ့ဒ်သူပုန်တွေကို အီရန်က တိုက်ခိုက်ခဲ့ရာ လူ ၁၃ ဦး သေဆုံး

 501

ရောင်နီ (NP News) - စက်တင်ဘာ ၂၉

အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသမှာ အီရန်-ကာ့ဒ် အတိုက်အခံအုပ်စုကို အီရန်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။

စက်တင်ဘာလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့က အီရန်ရဲ့ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုများဟာ အာဘေး အရှေ့ဘက် ကီလိုမီတာ ၆ဝ (၃၅ မိုင်) အကွာ ကိုရာရှိ ကာဒ့်အခြေစိုက်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်ကာဒစ် ဒီမိုကရက်တစ်ပါတီမှ အဖွဲ့ဝင် ဆိုရန်နူရီ က ပြောကြားပါတယ်။

KDPI (ခေါ်) အဆိုပါအဖွဲ့ဟာ အီရန်မှာ တားမြစ်ထားတဲ့ လက်ဝဲလက်နက်ကိုင် အတိုက်အခံအင်အားစုဖြစ်ပြီး အီရန် မြေပြင်တပ်ဖွဲ့များက အီရန်မြောက်ပိုင်းရှိ ၄င်းတို့အခြေစိုက်စခန်းအချို့ကို ဒုံးကျည်များ၊ ဒရုန်းများနဲ့ ပစ်ခတ်ခဲ့ တယ်လို့ အီရန်နိုင်ငံပိုင် IRNA သတင်းနဲ့ရုပ်မြင်သံကြားဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

သို့ပေမယ့် “ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် မချေမှုန်းနိုင်မချင်း ဒီစစ်ဆင်ရေးကို ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန် အပြည့်နဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ အကြမ်းဖက်အဖွဲ့တွေရဲ့အခြေစိုက်စခန်းတွေကို ဖျက်သိမ်းခဲ့ရပေမယ့် ကာ့ဒ်ဒေသအာဏာပိုင်တွေက သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်မှာဖြစ်ပါတယ်” လို့ IRGC က ဆိုပါတယ်။

တိုက်ပွဲကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရခဲ့ကာ သေဆုံးသူတစ်ဦးဟာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်တဲ့ အီရန်-ကာ့ဒ် ခွဲထွက်ရေးသမားများကို လူဒါဇင်ပေါင်းများစွာသေဆုံးခဲ့ရတဲ့ အီရန်ဆန္ဒပြပွဲများနဲ့ ပါဝင်ပတ်သက်နေတယ်လို့လည်း အီရန်အာဏာပိုင်များက စွပ်စွဲထားပါတယ်။ အီရန်မောင်းသူမဲ့လေယာဉ်များနဲ့ ကာ့ဒ်သူပုန်တို့ရဲ့ ကိုရာအနီးတစ်ဝိုက်ရှိ စစ်စခန်းများ၊ နေအိမ် များ၊ ရုံးများနဲ့ အခြားနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နေ ကြောင်း နူရီက ဖော်ပြခဲ့ပါတယ်။

တီဟီရန်မှာ အစ္စလာမ့်သမ္မတနိုင်ငံရဲ့ ဟီဂျပ်ဝတ်စားဆင်ယင်မှုဆိုင်ရာ တင်းကြပ်တဲ့စည်းမျည်းစည်းကမ်းများကို ချိုးဖောက်တယ်လို့ဆိုကာ ယခုလအစောပိုင်းက အသက် ၂၂ နှစ်အရွယ် ကာ့ဒ်အမျိုးသမီးမက်ဆာ အမီနီ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးနောက် မကြာမီ သေဆုံးသွားခဲ့ခြင်းနဲ့ပတ်သတ်ပြီး ဆန္ဒပြပွဲများ ဖြစ်ပွားနေချိန်မှာ အဆိုပါတိုက်ခိုက်မှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ရဲ့ပြောကြားချက်အရ ဆန္ဒပြပွဲများဟာ အထူးသဖြင့် အမီနီရဲ့ဇာတိ ဖြစ်တဲ့ ကာဒစ်စတန်ပြည်နယ်မှာ ဖြစ်ပွားခဲ့ကာ လူပေါင်း ၇၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အီရတ္ေျမာက္ပိုင္းမွာ ကာ့ဒ္သူပုန္ေတြကို အီရန္က တိုက္ခိုက္ခဲ့ရာ လူ ၁၃ ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၉

အီရတ္ႏိုင္ငံေျမာက္ပိုင္း ကာ့ဒ္ေဒသမွာ အီရန္-ကာ့ဒ္ အတိုက္အခံအုပ္စုကို အီရန္တပ္ဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ရာ လူ ၁၃ ဦး ေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

စက္တင္ဘာလ ၂၉ ရက္၊ ဗုဒၶဟူးေန႔က အီရန္ရဲ႕ဒုံးက်ည္နဲ႔ ဒ႐ုန္းတိုက္ခိုက္မႈမ်ားဟာ အာေဘး အေရွ႕ဘက္ ကီလိုမီတာ ၆ဝ (၃၅ မိုင္) အကြာ ကိုရာရွိ ကာဒ့္အေျခစိုက္စခန္းမ်ားကို ပစ္မွတ္ထားခဲ့ေၾကာင္း အီရန္ကာဒစ္ ဒီမိုကရက္တစ္ပါတီမွ အဖြဲ႕ဝင္ ဆိုရန္ႏူရီ က ေျပာၾကားပါတယ္။

KDPI (ေခၚ) အဆိုပါအဖြဲ႕ဟာ အီရန္မွာ တားျမစ္ထားတဲ့ လက္ဝဲလက္နက္ကိုင္ အတိုက္အခံအင္အားစုျဖစ္ၿပီး အီရန္ ေျမျပင္တပ္ဖြဲ႕မ်ားက အီရန္ေျမာက္ပိုင္းရွိ ၄င္းတို႔အေျခစိုက္စခန္းအခ်ိဳ႕ကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားနဲ႔ ပစ္ခတ္ခဲ့ တယ္လို႔ အီရန္ႏိုင္ငံပိုင္ IRNA သတင္းနဲ႔႐ုပ္ျမင္သံၾကားဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။

သို႔ေပမယ့္ “ၿခိမ္းေျခာက္မႈကို ထိထိေရာက္ေရာက္ မေခ်မႈန္းႏိုင္မခ်င္း ဒီစစ္ဆင္ေရးကို ကြၽန္ေတာ္တို႔ရဲ႕ သႏၷိ႒ာန္ အျပည့္နဲ႔ ဆက္လက္လုပ္ေဆာင္သြားမွာပါ။ အၾကမ္းဖက္အဖြဲ႕ေတြရဲ႕အေျခစိုက္စခန္းေတြကို ဖ်က္သိမ္းခဲ့ရေပမယ့္ ကာ့ဒ္ေဒသအာဏာပိုင္ေတြက သူတို႔ရဲ႕တာဝန္ေတြကို ထမ္းေဆာင္မွာျဖစ္ပါတယ္” လို႔ IRGC က ဆိုပါတယ္။

တိုက္ပြဲေၾကာင့္ လူ ၁၃ ဦး ေသဆုံးၿပီး ၅၈ ဦး ဒဏ္ရာရခဲ့ကာ ေသဆုံးသူတစ္ဦးဟာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ အီရတ္ႏိုင္ငံ ေျမာက္ပိုင္းမွာ အေျခစိုက္တဲ့ အီရန္-ကာ့ဒ္ ခြဲထြက္ေရးသမားမ်ားကို လူဒါဇင္ေပါင္းမ်ားစြာေသဆုံးခဲ့ရတဲ့ အီရန္ဆႏၵျပပြဲမ်ားနဲ႔ ပါဝင္ပတ္သက္ေနတယ္လို႔လည္း အီရန္အာဏာပိုင္မ်ားက စြပ္စြဲထားပါတယ္။ အီရန္ေမာင္းသူမဲ့ေလယာဥ္မ်ားနဲ႔ ကာ့ဒ္သူပုန္တို႔ရဲ႕ ကိုရာအနီးတစ္ဝိုက္ရွိ စစ္စခန္းမ်ား၊ ေနအိမ္ မ်ား၊ ႐ုံးမ်ားနဲ႔ အျခားေနရာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း၊ တိုက္ခိုက္မႈကို ဆက္လက္လုပ္ေဆာင္ေန ေၾကာင္း ႏူရီက ေဖာ္ျပခဲ့ပါတယ္။

တီဟီရန္မွာ အစၥလာမ့္သမၼတႏိုင္ငံရဲ႕ ဟီဂ်ပ္ဝတ္စားဆင္ယင္မႈဆိုင္ရာ တင္းၾကပ္တဲ့စည္းမ်ည္းစည္းကမ္းမ်ားကို ခ်ိဳးေဖာက္တယ္လို႔ဆိုကာ ယခုလအေစာပိုင္းက အသက္ ၂၂ ႏွစ္အ႐ြယ္ ကာ့ဒ္အမ်ိဳးသမီးမက္ဆာ အမီနီ ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းၿပီးေနာက္ မၾကာမီ ေသဆုံးသြားခဲ့ျခင္းနဲ႔ပတ္သတ္ၿပီး ဆႏၵျပပြဲမ်ား ျဖစ္ပြားေနခ်ိန္မွာ အဆိုပါတိုက္ခိုက္မႈေတြျဖစ္ေပၚလာတာျဖစ္ပါတယ္။

ေအာ္စလိုအေျခစိုက္ အီရန္လူ႔အခြင့္အေရးအဖြဲ႕ရဲ႕ေျပာၾကားခ်က္အရ ဆႏၵျပပြဲမ်ားဟာ အထူးသျဖင့္ အမီနီရဲ႕ဇာတိ ျဖစ္တဲ့ ကာဒစ္စတန္ျပည္နယ္မွာ ျဖစ္ပြားခဲ့ကာ လူေပါင္း ၇၆ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.