အာဖန်ဂန်နစ္စတန်နိုင်ငံရှိ စာသင်ကျောင်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ၁၉ ဦးသေဆုံး

 504

ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ဝ

အာဖန်ဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ပညာရေးစင်တာမှာ စက်တင်ဘာ ၃ဝ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၉ ဦးသေဆုံးခဲ့ပြီး ၂၇ ဦးဒဏ်ရာရသွားခဲ့ကြောင်း တာလီဘန်အာဏာပိုင်များက ပြောပါတယ်။

အဆိုပါအသေခံဗုံးခွဲတိုက်ခိုက်မှုဟာ အာဖန်ဂန်နစ္စတန်နိုင်ငံ Kaaj ကျောင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စာမေးပွဲကျင်းပဖို့ပြင်ဆင်နေချိန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အာဖန်ဂန်နစ္စတန်နိုင်ငံကို လက်ရှိအုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့က "အသေးစိတ်အချက်များရရှိဖို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာ စုံစမ်းနေတယ်" လို့ပြောပါတယ်။

အာဖန်ဂန်နစ္စတန်နိုင်ငံမှာ မတူညီတဲ့လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး စာသင်ကျောင်းအသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဝန်ခံထားတဲ့အဖွဲ့မရှိသေးပါဘူး။ အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISIS ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံမှာ မကြာခဏ တိုက်ခိုက်မှုများလုပ်နေပေမယ့် လက်ရှိဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဝန်ခံထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အာဖန်နဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့နဲ့ ISIS အဖွဲ့တို့ဟာ ရန်ဘက်အဖွဲ့များဖြစ်ပြီးအာဖန်ဂန်နစ္စတန်နိုင်ငံကို တာလီဘန်အဖွဲ့အုပ်ချုပ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဖွဲ့ကြား အပြန်အလှန်တိုက်ခိုက်မှုများ မကြာခဏဖြစ်လျက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အာဖန္ဂန္နစၥတန္ႏိုင္ငံရွိ စာသင္ေက်ာင္းမွာ အေသခံဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ ၁၉ ဦးေသဆုံး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၃ဝ

အာဖန္ဂန္နစၥတန္ႏိုင္ငံ ကဘူးလ္ၿမိဳ႕ရွိ ပညာေရးစင္တာမွာ စက္တင္ဘာ ၃ဝ ရက္က အေသခံဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး ၁၉ ဦးေသဆုံးခဲ့ၿပီး ၂၇ ဦးဒဏ္ရာရသြားခဲ့ေၾကာင္း တာလီဘန္အာဏာပိုင္မ်ားက ေျပာပါတယ္။

အဆိုပါအေသခံဗုံးခြဲတိုက္ခိုက္မႈဟာ အာဖန္ဂန္နစၥတန္ႏိုင္ငံ Kaaj ေက်ာင္းမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး စာေမးပြဲက်င္းပဖို႔ျပင္ဆင္ေနခ်ိန္မွာ အေသခံဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အာဖန္ဂန္နစၥတန္ႏိုင္ငံကို လက္ရွိအုပ္ခ်ဳပ္ေနတဲ့ တာလီဘန္အဖြဲ႕က "အေသးစိတ္အခ်က္မ်ားရရွိဖို႔ ေပါက္ကြဲမႈျဖစ္ပြားတဲ့ေနရာမွာ စုံစမ္းေနတယ္" လို႔ေျပာပါတယ္။

အာဖန္ဂန္နစၥတန္ႏိုင္ငံမွာ မတူညီတဲ့လက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားေနခဲ့ၿပီး စာသင္ေက်ာင္းအေသခံဗုံးခြဲတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ဝန္ခံထားတဲ့အဖြဲ႕မရွိေသးပါဘူး။ အစြန္းေရာက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ISIS ဟာ အာဖန္ဂန္နစၥတန္ႏိုင္ငံမွာ မၾကာခဏ တိုက္ခိုက္မႈမ်ားလုပ္ေနေပမယ့္ လက္ရွိျဖစ္ခဲ့တဲ့ အေသခံဗုံးခြဲတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ဝန္ခံထားျခင္းမရွိေသးဘူးလို႔ သိရပါတယ္။

အာဖန္နဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္အဖြဲ႕နဲ႔ ISIS အဖြဲ႕တို႔ဟာ ရန္ဘက္အဖြဲ႕မ်ားျဖစ္ၿပီးအာဖန္ဂန္နစၥတန္ႏိုင္ငံကို တာလီဘန္အဖြဲ႕အုပ္ခ်ဳပ္ခဲ့ၿပီးေနာက္ ၎တို႔ႏွစ္ဖြဲ႕ၾကား အျပန္အလွန္တိုက္ခိုက္မႈမ်ား မၾကာခဏျဖစ္လ်က္ရွိေနခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.