ရှမ်းပြည်နယ်တွင် ငွေကျပ်သိန်း(၃ဝဝဝ)နီးပါးတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ပစ္စတိုသေနတ်(၁)လက်ဖမ်းဆီးရမိ

628

NP News - စက်တင်ဘာ ၃ဝ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း(၃ဝဝဝ)နီးပါးတန် ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ပစ္စတိုသေနတ်(၁) လက်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(CCDAC MYANMAR) မှထုတ်ပြန်ထား သည်။
စက်တင်ဘာလ (၂၇)ရက်၊ နေ့လည် ၂နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွန်းဟိန်းမြို့နယ်၊ တာကော်တံတား ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေနေချိန်တွင် ကာလိမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ ကိုစိုင်းစံ မောင်းနှင်ပြီး ကိုစိုင်းပွမ်မွန်း လိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော် ယာဉ်အား စစ်ဆေးရှာဖွေရာတွင် ယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာသော ကက်တမင်းအလေးချိန် (၂၁)ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၈၅ သိန်း) နှင့် စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့် အလေးချိန် (၉၅ဝ) ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ဝ၄၅ သိန်း)တို့အား သိမ်းဆည်းရမိခဲ့ကြောင်း CCDAC MYANMAR မှထုတ်ပြန်ထားသည်။
ထို့ပြင် ၎င်းယာဉ်ပေါ်မှ ပစ္စတိုသေနတ် တစ်လက်နှင့် လက်ကိုင်ဖုန်း (၃)လုံးတို့အား ထပ်မံတွေ့ရှိခဲ့၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ ၎င်းစိတ်ပြောင်းဆေးဝါးများသည် ဖမ်းဆီးရမိသူများနှင့် အတူတကွသယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသဖြင့် ကိုစိုင်းစံ(၃၈)နှစ်နှင့် ကိုစိုင်းပွမ်မွန်း(၂၃)နှစ်တို့အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဆက်စပ်တရားခံများကိုလည်း ဖော် ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။
zawgyi version
ရွမ္းျပည္နယ္တြင္ ေငြက်ပ္သိန္း(၃ဝဝဝ)နီးပါးတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ားႏွင့္ ပစၥတိုေသနတ္(၁)လက္ဖမ္းဆီးရမိ
NP News - စက္တင္ဘာ ၃ဝ
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကြန္ဟိန္းၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း(၃ဝဝဝ)နီးပါးတန္ ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ားႏွင့္ ပစၥတိုေသနတ္(၁) လက္ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕(CCDAC MYANMAR) မွထုတ္ျပန္ထား သည္။
စက္တင္ဘာလ (၂၇)ရက္၊ ေန႔လည္ ၂နာရီခြဲအခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္ နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ ကြန္းဟိန္းၿမိဳ႕နယ္၊ တာေကာ္တံတား ပူး ေပါင္းစစ္ေဆးေရးဂိတ္တြင္ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးရွာေဖြေနခ်ိန္တြင္ ကာလိၿမိဳ႕ဘက္မွ မိုင္းပ်ဥ္းၿမိဳ႕ဘက္သို႔ ကိုစိုင္းစံ ေမာင္းႏွင္ၿပီး ကိုစိုင္းပြမ္မြန္း လိုက္ပါလာသည့္ ALPHARD အမ်ိဳးအစား ေမာ္ေတာ္ ယာဥ္အား စစ္ေဆးရွာေဖြရာတြင္ ယာဥ္ေပၚ၌ သိုဝွက္သယ္ေဆာင္လာေသာ ကက္တမင္းအေလးခ်ိန္ (၂၁)ကီလို (ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၁၇၈၅ သိန္း) ႏွင့္ စိတ္ေျပာင္းေဆးဝါးမ်ား ေရာစပ္ထားေသာအမႈန႔္ အေလးခ်ိန္ (၉၅ဝ) ဂရမ္ (ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၁ဝ၄၅ သိန္း)တို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း CCDAC MYANMAR မွထုတ္ျပန္ထားသည္။
ထို႔ျပင္ ၎ယာဥ္ေပၚမွ ပစၥတိုေသနတ္ တစ္လက္ႏွင့္ လက္ကိုင္ဖုန္း (၃)လုံးတို႔အား ထပ္မံေတြ႕ရွိခဲ့၍ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္အား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ စစ္ေဆးခဲ့ရာ ၎စိတ္ေျပာင္းေဆးဝါးမ်ားသည္ ဖမ္းဆီးရမိသူမ်ားႏွင့္ အတူတကြသယ္ေဆာင္လာျခင္းျဖစ္ေၾကာင္းသိရသျဖင့္ ကိုစိုင္းစံ(၃၈)ႏွစ္ႏွင့္ ကိုစိုင္းပြမ္မြန္း(၂၃)ႏွစ္တို႔အား ကာလိနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ဆက္စပ္တရားခံမ်ားကိုလည္း ေဖာ္ ထုတ္လ်က္ရွိေၾကာင္း CCDAC MYANMAR မွ ထုတ္ျပန္ထားသည္။