Zaporozhye ဒေသရှိ နျူကလီးယားစက်ရုံကို ယူကရိန်းတပ်ဖွဲ့များ ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ကြောင်း ဆို

 526

ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ဝ

ယူကရိန်းအစိုးရတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ Zaporozhye ဒေသရှိ နျူကလီးယားစက်ရုံကို ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ကြောင်း Zaporozhye ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့များ ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ပေမယ့် နျူကလီးယားစက်ရုံဓါတ်ပေါင်း ဖိုကို ထိခိုက်တာမျိုးမရှိခဲ့ကြောင်း Zaporozhye ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲစေတဲ့ပစ္စည်းများတင်ဆောင်လာတဲ့ဒရုန်းဟာ နျူကလီးယားစက်ရုံရဲ့ထောက်ပံ့ပေးရေးအခြေခံအဆောက်အဦးကိုဝင်တိုက်ခိုက်ခဲ့ကြောင်း၊ နျူကလီးယားဓါတ်ပေါင်းဖိုကို ထိမှန်ခြင်းမရှိတဲ့အတွက် အန္တရာယ်မဖြစ်ခဲ့ကြောင်း Zaporozhye ဒေသအုပ်ချုပ်ရေးမှူး Evgeny Balitsky က ပြောပါတယ်။

အဆိုပါနျူကလီးယားစက်ရုံဟာ ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်များက စက်ရုံနားကို ဒုံးကျည်များ၊အမြောက်ကျည်ဆံတွေ ကျရောက်ပေါက်ကွဲမှုများရှိခဲ့တဲ့အပေါ် ရုရှားအစိုးရက ယူကရိန်းကို ဝေဖန်ပြစ်တင်ထားပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းရှိ ၎င်းတို့ထိန်းချုပ်ထားတဲ့ဒေသလေးခုမှာ ဆန္ဒခံယူပွဲလုပ်ဆောင်ခဲ့ရာ Zaporozhye ဒေသဟာ ရုရှားနဲ့ပူးပေါင်းဖို့ဆန္ဒပြုထားတဲ့ဒေသဖြစ်တယ်လို့ သိရပါတယ်။

ယူကရိန်းဟာ လက်ရှိအချိန်မှာ စွန့်လွှတ်ခဲ့ရတဲ့မြို့များဒေသများကို ပြန်လည်သိမ်းပိုက်ဖို့ကြိုးပမ်းနေရာ ရုရှားက ယူကရိန်းတို့အနေနဲ့ နျူကလီးယားစက်ရုံနားကို ဒုံးကျည်များ၊ အမြှောက်များနဲ့ ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့ဖူးတဲ့ Chernobyl နျူကလီးယားဓါတ်ပေါင်းဖို အက်ဆီဒန့်မျိုးဖြစ်လာနိုင်ပြီး ဥရောပနိုင်ငံအများအပြားကို နျူကလီးယားနဲ့ပတ်သက်တဲ့ သက်ရောက်မှုများဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။

ရုရုားဟာ ဒီလအစောပိုင်းက လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် နျူကလီးယားစက်ရုံအတွင်းရှိ ဓါတ်ပေါင်းဖိုခြောက်ခုကိုပိတ်ပင်ခဲ့ပေမယ့် ယူကရိန်းကတော့ ရုရှားဟာ နျူကလီးယားစက်ရုံကို စစ်ဘက်လုပ်ငန်းများအတွက် အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။

Zawgyi Version;
Zaporozhye ေဒသရွိ န်ဴကလီးယားစက္႐ုံကို ယူကရိန္းတပ္ဖြဲ႕မ်ား ဒ႐ုန္းမ်ားနဲ႔တိုက္ခိုက္ခဲ့ေၾကာင္း ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၃ဝ

ယူကရိန္းအစိုးရတပ္ဖြဲ႕ေတြဟာ ႐ုရွားတပ္ဖြဲ႕မ်ားထိန္းခ်ဳပ္ထားတဲ့ Zaporozhyeေဒသရွိ န်ဴကလီးယားစက္႐ုံကို ဒ႐ုန္းမ်ား နဲ႔တိုက္ခိုက္ခဲ့ေၾကာင္း Zaporozhye ေဒသအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားက ေျပာပါတယ္။

ယူကရိန္းတပ္ဖြဲ႕မ်ား ဒ႐ုန္းမ်ားနဲ႔တိုက္ခိုက္ခဲ့ေပမယ့္ န်ဴကလီးယားစက္႐ုံဓါတ္ေပါင္းဖိုကို ထိခိုက္တာမ်ိဳးမရွိခဲ့ေၾကာင္း Zaporozhye ေဒသအာဏာပိုင္ေတြက ေျပာပါတယ္။

ေပါက္ကြဲေစတဲ့ပစၥည္းမ်ားတင္ေဆာင္လာတဲ့ ဒ႐ုန္းဟာ န်ဴကလီးယားစက္႐ုံရဲ႕ေထာက္ပံ့ေပးေရး အေျခခံအေဆာက္အဦးကိုဝင္တိုက္ခိုက္ခဲ့ေၾကာင္း၊ န်ဴကလီးယားဓါတ္ေပါင္းဖိုကို ထိမွန္ျခင္းမရွိတဲ့အတြက္ အႏၲရာယ္မျဖစ္ခဲ့ေၾကာင္း Zaporozhye ေဒသအုပ္ခ်ဳပ္ေရးမႉး Evgeny Balitsky က ေျပာပါတယ္။

အဆိုပါန်ဴကလီးယားစက္႐ုံဟာ ဥေရာပမွာ အႀကီးဆုံးျဖစ္ၿပီး ၿပီးခဲ့တဲ့သီတင္းပတ္မ်ားက စက္႐ုံနားကို ဒုံးက်ည္မ်ား၊အေျမာက္က်ည္ဆံေတြ က်ေရာက္ေပါက္ကြဲမႈမ်ားရွိခဲ့တဲ့အေပၚ ႐ုရွားအစိုးရက ယူကရိန္းကို ေဝဖန္ျပစ္တင္ထားပါတယ္။

႐ုရွားဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူကရိန္းရွိ ၎တို႔ထိန္းခ်ဳပ္ထားတဲ့ေဒသေလးခုမွာ ဆႏၵခံယူပြဲလုပ္ေဆာင္ခဲ့ရာ Zaporozhye ေဒသ ဟာ ႐ုရွားနဲ႔ပူးေပါင္းဖို႔ဆႏၵျပဳထားတဲ့ေဒသျဖစ္တယ္လို႔ သိရပါတယ္။

ယူကရိန္းဟာ လက္ရွိအခ်ိန္မွာ စြန႔္လႊတ္ခဲ့ရတဲ့ ၿမိဳ႕မ်ားေဒသမ်ားကို ျပန္လည္သိမ္းပိုက္ဖို႔ ႀကိဳးပမ္းေနရာ ႐ုရွားက ယူကရိန္းတို႔အေနနဲ႔ န်ဴကလီးယားစက္႐ုံနားကို ဒုံးက်ည္မ်ား၊ အေျမႇာက္မ်ားနဲ႔ ဆက္လက္တိုက္ခိုက္ေနမယ္ဆိုရင္ ၁၉၈၆ ခုႏွစ္က ျဖစ္ပြားခဲ့ဖူးတဲ့ Chernobyl န်ဴကလီးယားဓါတ္ေပါင္းဖို အက္ဆီဒန႔္မ်ိဳးျဖစ္လာႏိုင္ၿပီး ဥေရာပႏိုင္ငံအမ်ားအျပားကို န်ဴကလီးယားနဲ႔ပတ္သက္တဲ့ သက္ေရာက္မႈမ်ားျဖစ္လာႏိုင္ေၾကာင္း သတိေပးထားပါတယ္။

႐ု႐ုားဟာ ဒီလအေစာပိုင္းက လုံၿခဳံေရးအတြက္ စိုးရိမ္ရသျဖင့္ န်ဴကလီးယားစက္႐ုံအတြင္းရွိ ဓါတ္ေပါင္းဖိုေျခာက္ခုကိုပိတ္ပင္ခဲ့ေပမယ့္ ယူကရိန္းကေတာ့ ႐ုရွားဟာ န်ဴကလီးယားစက္႐ုံကို စစ္ဘက္လုပ္ငန္းမ်ားအတြက္ အသုံးျပဳေနတယ္လို႔ စြပ္စြဲထားပါတယ္။

Picture

Ko Moe

30/09/2022 16:56

ရုရှားဘက်က မတိုက်ခိုက်ပဲ ထားတာကို နိုင်တယ် နိုင်နေပါတယ်ဆိုပြီး ယူကရိန်းကို မြှောက်ပေးနေတာ တဖက်သတ်ကြီးပါဗျာ။မရှက်တတ်ကြတော့ဘူး။ ဂူဂယ်က လည်း အတော် အရှက်မဲ့ သိက္ခာမဲ့နေပြီနော်။NP News ဒီနေ့သတင်း မြန်မာအစိုးရက ကုလ လူအခွင့်အရေး မဟာမင်းကြီးကို ကန့်ကွက်တဲ့ သတင်းမှာ အခု ပြည်သူတွေ က အောက်ကနေ မန့်နေကြတာပါ။အစိုးရကို ထောက်‌‌ခံကြောင်းကုလ အကြီးအကဲရဲ့ မဟုတ်မမှန် တင်ပြချက်များကို လက်မခံကြောင်း မန့်ပေးနေကြတာပါ။အခု မန့်ကို ဖြုတ်ချနေပါတယ်။ဂူဂယလ်ကိုယ်တိုင်က အရှက်မဲ့နေတာပါ အခု ကိစ္စ NP news သိစေချင်လို့ ပြောရတာပါ။Can't Coment to The NP NEWS under page. Why do you do this Google?

Picture

Ko Moe

30/09/2022 18:05

ဂူဂယ်လ်ကလည်း အရှက်မဲ့နေပါပြိ

Picture

U Ohn Pe

01/10/2022 12:14

fv

Related news

© 2021. All rights reserved.