ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် တစ်နှစ်အတွင်း အမှုပေါင်း (၁၇ဝဝ)နီးပါး အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်များထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ဟုဆို

 589

ဟိန်း(NP News) - အောက်တိုဘာ ၁

ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် တစ်နှစ်အတွင်း အမှုပေါင်း ၁၇ဝဝ နီးပါးကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်များထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အခမ်းအနားကို ယနေ့ (အောက်တိုဘာလ ၁ ရက်)တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲမှူးရုံး၌ ကျင်းပခဲ့စဉ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက "တစ်နှစ်တာအတွင်းမှုခင်းတွေ ဖော်ထုတ်အရေးယူနိုင်မှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ပိုမိုဆောင်ရွက်နိုင်မှု၊ ပညာပေး၊ စည်းရုံးဆောင်ရွက်နိုင်မှုတို့မှာ ယခင်နှစ်တွေထက်ပိုပြီး ဝန်ဆောင်မှုပေးနိုင်ခဲ့တာကို တွေ့ရပါတယ်"ဟု ပြောသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲအနေဖြင့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂ဝ၂၂ ခုနှစ် အောက်တို ဘာလ ၁ ရက်ထိ အမှုကြီး ၆၅ မှု၊ အခြားအမှု ၈၇၆ မှု၊ ကြိုတင်ကာကွယ်မှု ၇၅၄ မှု စုစုပေါင်းအမှု ၁၆၉၅ မှုကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်များထက် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

နိုင်ငံတော်မှချီးမြှင့်သည့် စွမ်းဆောင်ရည်နှင့် ဂုဏ်ထူးဆောင်တံဆိပ်များအနက် ကရင်ပြည်နယ်ရဲတပ်ဖွဲမှ ရဲသူရတံဆိပ် ၂ ဦး၊ ရဲဗလတံဆိပ် ၈ ဦးနှင့် စီမံထူးချွန် တံဆိပ်(ဒုတိယအဆင့်) တစ်ဦးတို့ရရှိခဲ့ကြောင်းလည်းသိရသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အခမ်းအနားကို ယနေ့ (အောက်တိုဘာလ ၁ ရက်)တွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် တိုင်းဒေသကြီးအချို့တို့၌လည်း ကျင်းပခဲ့ကြောင်းသိရသည်။

zawgyi version
ကရင္ျပည္နယ္ရဲတပ္ဖြဲ႕အေနျဖင့္ တစ္ႏွစ္အတြင္း အမႈေပါင္း (၁၇ဝဝ)နီးပါး အေရးယူေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ယခင္ႏွစ္မ်ားထက္ ပိုမိုေဆာင္႐ြက္ႏိုင္ခဲ့ဟုဆို
ဟိန္း(NP News) - ေအာက္တိုဘာ ၁

ကရင္ျပည္နယ္ရဲတပ္ဖြဲ႕အေနျဖင့္ တစ္ႏွစ္အတြင္း အမႈေပါင္း ၁၇ဝဝ နီးပါးကို အေရးယူေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ယခင္ႏွစ္မ်ားထက္ ပိုမိုေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။

(၅၈)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲေန႔ အခမ္းအနားကို ယေန႔ (ေအာက္တိုဘာလ ၁ ရက္)တြင္ ကရင္ျပည္နယ္ရဲတပ္ဖြဲမႉး႐ုံး၌ က်င္းပခဲ့စဥ္ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေစာျမင့္ဦးက အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေစာျမင့္ဦးက "တစ္ႏွစ္တာအတြင္းမႈခင္းေတြ ေဖာ္ထုတ္အေရးယူႏိုင္မႈ၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရး ပိုမိုေဆာင္႐ြက္ႏိုင္မႈ၊ ပညာေပး၊ စည္း႐ုံးေဆာင္႐ြက္ႏိုင္မႈတို႔မွာ ယခင္ႏွစ္ေတြထက္ပိုၿပီး ဝန္ေဆာင္မႈေပးႏိုင္ခဲ့တာကို ေတြ႕ရပါတယ္"ဟု ေျပာသည္။

ကရင္ျပည္နယ္ရဲတပ္ဖြဲအေနျဖင့္ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ ၂ဝ၂၂ ခုႏွစ္ ေအာက္တို ဘာလ ၁ ရက္ထိ အမႈႀကီး ၆၅ မႈ၊ အျခားအမႈ ၈၇၆ မႈ၊ ႀကိဳတင္ကာကြယ္မႈ ၇၅၄ မႈ စုစုေပါင္းအမႈ ၁၆၉၅ မႈကို အေရးယူေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ယခင္ႏွစ္မ်ားထက္ ပိုမိုေဆာင္႐ြက္ႏိုင္ခဲ့သည္ဟု ၎ကဆိုသည္။

ႏိုင္ငံေတာ္မွခ်ီးျမႇင့္သည့္ စြမ္းေဆာင္ရည္ႏွင့္ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားအနက္ ကရင္ျပည္နယ္ရဲတပ္ဖြဲမွ ရဲသူရတံဆိပ္ ၂ ဦး၊ ရဲဗလတံဆိပ္ ၈ ဦးႏွင့္ စီမံထူးခြၽန္ တံဆိပ္(ဒုတိယအဆင့္) တစ္ဦးတို႔ရရွိခဲ့ေၾကာင္းလည္းသိရသည္။

(၅၈)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲေန႔ အခမ္းအနားကို ယေန႔ (ေအာက္တိုဘာလ ၁ ရက္)တြင္ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕ႏွင့္ တိုင္းေဒသႀကီးအခ်ိဳ႕တို႔၌လည္း က်င္းပခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.