သထုံမြို့တွင် ကျောင်းဆောင်သစ် ဆောက်ရန်မြေတူးဖော်ရာမှ ရှေးဟောင်းအုတ်ခွက်ဘုရား(၂ဝဝ)ကျော် တွေ့ရှိ

 825

ယွန်း (NP News) - အောက်တိုဘာ ၂

မွန်ပြည်နယ်၊ သထုံမြို့တွင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်မြေတူးဖော်ရာမှ ရှေးဟောင်းအုတ်ခွက်ဘုရား(၂ဝဝ)ကျော် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သထုံမြို့၊ သိမ်ကုန်းရပ်ကွက် ရွှေစာရံဘုရားလမ်းရှိ အ-ထ-က(၂) ကျောင်းဝင်းအ တွင်း ကျောင်းဆောင်သစ် ဆောက်လုပ်ရန် စက်တင်ဘာလ(၃ဝ)ရက် ၊နံနက်(၁၁) နာရီအချိန်တွင် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုရေးရာ ဝန်ကြီးဌာနမှ သိရသည်။

အုတ်ခွက်ဘုရားများတွေ့ရှိမှုနှင့် ပတ်သက်၍ “သထုံ၊ အ-ထ-က(၂)မှာကျောင်းဆောက်ဖို့အတွက် မြေနေရာတူးဖော်ရင်းနဲ့ အုတ်ခွက်ဘုရားတွေ့တယ်လို့ သတင်းမီဒီယာတွေမှာ တွေ့ရတယ်။ မော်လမြိုင်မှာ ရှေးဟောင်းသုတေသနပြတိုက်အဖွဲ့ရှိတာကြောင့် သူတို့ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်နေပါတယ်”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က NP News ကိုပြောသည်။

ကျောင်းဆောင်သစ်ဆောက်ရန် မြေနေရာတူးဖော်ရာမှ မုဒြာပုံစံအမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ်ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် အကျိုးအပဲ့စုစုပေါင်း (၂၁ဝ)ကျော် ခန့်အားတွေရှိခဲ့ကြောင်း သိရသည်။

ယခု တူးဖော်တွေ့ရှိခဲ့သော ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ ၂ဝ၁၅ ခုနှစ် ဇွန်လ(၁၅)ရက်၊ ဇူလိုင်လ(၁၅)ရက်၊ သြဂုတ်လ(၈)ရက်နှင့် စက်တင်ဘာလ (၁၅)ရက်တို့တွင် သထုံမြို့နယ်ရှိ စတုဘုမ္မိကမဟာသတိပဌာန် ကျောင်းတိုက်ဝင်းတွင် တူးဖော်တွေ့ရှိခဲ့သော အုတ်ခွက် ဘုရားပေါင်း (၆၅ဝ) ကျော်၊ အကျိုးအပဲ့ (၉ဝဝ)နီးပါးတို့ဖြင့် လက်ရာတူ၊ ပုံစံတူများ ဖြစ်ကြောင်း သိရသည်။

zawgyi version
သထုံၿမိဳ႕တြင္ ေက်ာင္းေဆာင္သစ္ ေဆာက္ရန္ေျမတူးေဖာ္ရာမွ ေရွးေဟာင္းအုတ္ခြက္ဘုရား(၂ဝဝ)ေက်ာ္ ေတြ႕ရွိ
ယြန္း (NP News) - ေအာက္တိုဘာ ၂

မြန္ျပည္နယ္၊ သထုံၿမိဳ႕တြင္ ေက်ာင္းေဆာင္သစ္ ေဆာက္လုပ္ရန္ေျမတူးေဖာ္ရာမွ ေရွးေဟာင္းအုတ္ခြက္ဘုရား(၂ဝဝ)ေက်ာ္ ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

သထုံၿမိဳ႕၊ သိမ္ကုန္းရပ္ကြက္ ေ႐ႊစာရံဘုရားလမ္းရွိ အ-ထ-က(၂) ေက်ာင္းဝင္းအ တြင္း ေက်ာင္းေဆာင္သစ္ ေဆာက္လုပ္ရန္ စက္တင္ဘာလ(၃ဝ)ရက္ ၊နံနက္(၁၁) နာရီအခ်ိန္တြင္ ေျမတူးရာမွ ေရွးေဟာင္းအုတ္ခြက္ဘုရားမ်ား ေတြ႕ရွိခဲ့ျခင္းျဖစ္ ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈေရးရာ ဝန္ႀကီးဌာနမွ သိရသည္။

အုတ္ခြက္ဘုရားမ်ားေတြ႕ရွိမႈႏွင့္ ပတ္သက္၍ “သထုံ၊ အ-ထ-က(၂)မွာေက်ာင္းေဆာက္ဖို႔အတြက္ ေျမေနရာတူးေဖာ္ရင္းနဲ႔ အုတ္ခြက္ဘုရားေတြ႕တယ္လို႔ သတင္းမီဒီယာေတြမွာ ေတြ႕ရတယ္။ ေမာ္လၿမိဳင္မွာ ေရွးေဟာင္းသုေတသနျပတိုက္အဖြဲ႕ရွိတာေၾကာင့္ သူတို႔ ကြင္းဆင္းစစ္ေဆးမႈ ေဆာင္႐ြက္ေနပါတယ္”ဟု သာသနာေရးႏွင့္ ယဥ္ေက်းမႈေရးရာဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးအာကာေက်ာ္က NP News ကိုေျပာသည္။

ေက်ာင္းေဆာင္သစ္ေဆာက္ရန္ ေျမေနရာတူးေဖာ္ရာမွ မုျဒာပုံစံအမ်ိဳးမ်ိဳးတို႔ျဖင့္ ႐ုပ္လုံးေပၚေရွးေဟာင္းအုတ္ခြက္ဘုရားမ်ားႏွင့္ အက်ိဳးအပဲ့စုစုေပါင္း (၂၁ဝ)ေက်ာ္ ခန႔္အားေတြရွိခဲ့ေၾကာင္း သိရသည္။

ယခု တူးေဖာ္ေတြ႕ရွိခဲ့ေသာ ေရွးေဟာင္းအုတ္ခြက္ဘုရားမ်ားမွာ ၂ဝ၁၅ ခုႏွစ္ ဇြန္လ(၁၅)ရက္၊ ဇူလိုင္လ(၁၅)ရက္၊ ၾသဂုတ္လ(၈)ရက္ႏွင့္ စက္တင္ဘာလ (၁၅)ရက္တို႔တြင္ သထုံၿမိဳ႕နယ္ရွိ စတုဘုမၼိကမဟာသတိပဌာန္ ေက်ာင္းတိုက္ဝင္းတြင္ တူးေဖာ္ေတြ႕ရွိခဲ့ေသာ အုတ္ခြက္ ဘုရားေပါင္း (၆၅ဝ) ေက်ာ္၊ အက်ိဳးအပဲ့ (၉ဝဝ)နီးပါးတို႔ျဖင့္ လက္ရာတူ၊ ပုံစံတူမ်ား ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.