ပူတင်ရဲ့ တပ်သားစုဆောင်းရေး အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားအမျိုးသား ထက်ဝက်နီးပါး စိုးရိမ်ထိတ်လန့်နေ

 548

ရောင်နီ (NP News) - အောက်တိုဘာ ၂

ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့အတွက် စစ်သားထောင်ပေါင်းများစွာ လိုအပ်နေတာကြောင့် ကရင်မလင်မှ တပ်သားသစ် စုဆောင်းရေး အမိန့်ထုတ်ပြန်လိုက်ပြီးနောက်မှာ ရုရှားအမျိုးသား ထက်ဝက်နီးပါးခန့် စိုးရိမ်ထိတ်လန့်မှုတွေ ခံစားနေရကြောင်း စစ်တမ်းတစ်ခုအရ သိရပါတယ်။.

အလွတ်တန်း အေဂျင်စီ Levada Center မှ ကြာသပတေးနေ့ (စက်တင်ဘာလ ၂၉ ရက်)က ထုတ်ပြန်တဲ့ စစ်တမ်းမှာ ရုရှား အမျိုးသား (၄၇)ရာခိုင်နှုန်းဟာ သမ္မတ ဗလာဒီမာပူတင်ရဲ့ ကြေညာချက် အပြီးမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ အခြား (၁၃) ရာခိုင်နှုန်းကတော့ ဒေါသထွက်နေကြပြီး ကျန် (၂၃) ရာခိုင်နှုန်းကတော့ ဂုဏ်ယူနေကြကြောင်း ဆိုပါတယ်။ စစ်တမ်းဟာ စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အ တွင်း ရုရှားနိုင်ငံတစ်ဝန်း မြို့ပြနဲ့ ကျေးလက်ဒေသမှ အသက် ၁၈ နှစ်နဲ့အထက်မှ အသက် ၅ဝ အတွင်း ရုရှားနိုင်ငံသား (၁၆၃၁) ဦးကို အင်တာဗျူးများ မေးမြန်းခဲ့ခြင်းမှ စုဆောင်းရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဆာဂီရှိုဂူက ယခင်စစ်မှုထမ်း အတွေ့အကြုံရှိ အရန်တပ်သား (၃)သိန်းကိုသာ ဆင့်ခေါ်မည်ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် ကြေညာချက်အပြီးမှာ ထောင်နဲ့ချီတဲ့ အမျိုးသားများ ရုရှားနိုင်ငံမှ ထွက်ပြေးခဲ့ကြပါတယ်။ သို့ပေမယ့် ရုရှား အာဏာပိုင်များဟာ နိုင်ငံမှ ထွက်ပြေးရန် ကြိုးစားနေတဲ့ အသက်အရွယ်ရှိ အမျိုးသားအချို့ကို ကြားဖြတ်ဟန့်တားနိုင်ဖို့အတွက် ရုရှားနယ်စပ်အနီးမှာ စစ်မှု ထမ်းရေးရုံးများ ထပ်မံဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ OVD-Info အဖွဲ့ရဲ့ အဆိုအရ မြို့ပေါင်း (၃ဝ) ကျော်မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် လူပေါင်း (၂၄ဝဝ) ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

zawgyi version
ပူတင္ရဲ႕ တပ္သားစုေဆာင္းေရး အမိန႔္ထုတ္ျပန္ခဲ့ၿပီးေနာက္ ႐ုရွားအမ်ိဳးသား ထက္ဝက္နီးပါး စိုးရိမ္ထိတ္လန႔္ေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂

ယူကရိန္းမွာ တိုက္ပြဲဝင္ဖို႔အတြက္ စစ္သားေထာင္ေပါင္းမ်ားစြာ လိုအပ္ေနတာေၾကာင့္ ကရင္မလင္မွ တပ္သားသစ္ စုေဆာင္းေရး အမိန႔္ထုတ္ျပန္လိုက္ၿပီးေနာက္မွာ ႐ုရွားအမ်ိဳးသား ထက္ဝက္နီးပါးခန႔္ စိုးရိမ္ထိတ္လန႔္မႈေတြ ခံစားေနရေၾကာင္း စစ္တမ္းတစ္ခုအရ သိရပါတယ္။.

အလြတ္တန္း ေအဂ်င္စီ Levada Center မွ ၾကာသပေတးေန႔ (စက္တင္ဘာလ ၂၉ ရက္)က ထုတ္ျပန္တဲ့ စစ္တမ္းမွာ ႐ုရွား အမ်ိဳးသား (၄၇)ရာခိုင္ႏႈန္းဟာ သမၼတ ဗလာဒီမာပူတင္ရဲ႕ ေၾကညာခ်က္ အၿပီးမွာ စိုးရိမ္ထိတ္လန႔္ေနၾကေၾကာင္း၊ အျခား (၁၃) ရာခိုင္ႏႈန္းကေတာ့ ေဒါသထြက္ေနၾကၿပီး က်န္ (၂၃) ရာခိုင္ႏႈန္းကေတာ့ ဂုဏ္ယူေနၾကေၾကာင္း ဆိုပါတယ္။ စစ္တမ္းဟာ စက္တင္ဘာလ ၂၂ ရက္မွ ၂၈ ရက္အ တြင္း ႐ုရွားႏိုင္ငံတစ္ဝန္း ၿမိဳ႕ျပနဲ႔ ေက်းလက္ေဒသမွ အသက္ ၁၈ ႏွစ္နဲ႔အထက္မွ အသက္ ၅ဝ အတြင္း ႐ုရွားႏိုင္ငံသား (၁၆၃၁) ဦးကို အင္တာဗ်ဴးမ်ား ေမးျမန္းခဲ့ျခင္းမွ စုေဆာင္းရရွိခဲ့ျခင္း ျဖစ္ပါတယ္။

ကာကြယ္ေရးဝန္ႀကီး ဆာဂီရႈိဂူက ယခင္စစ္မႈထမ္း အေတြ႕အႀကဳံရွိ အရန္တပ္သား (၃)သိန္းကိုသာ ဆင့္ေခၚမည္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ ေၾကညာခ်က္အၿပီးမွာ ေထာင္နဲ႔ခ်ီတဲ့ အမ်ိဳးသားမ်ား ႐ုရွားႏိုင္ငံမွ ထြက္ေျပးခဲ့ၾကပါတယ္။ သို႔ေပမယ့္ ႐ုရွား အာဏာပိုင္မ်ားဟာ ႏိုင္ငံမွ ထြက္ေျပးရန္ ႀကိဳးစားေနတဲ့ အသက္အ႐ြယ္ရွိ အမ်ိဳးသားအခ်ိဳ႕ကို ၾကားျဖတ္ဟန႔္တားႏိုင္ဖို႔အတြက္ ႐ုရွားနယ္စပ္အနီးမွာ စစ္မႈ ထမ္းေရး႐ုံးမ်ား ထပ္မံဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။ OVD-Info အဖြဲ႕ရဲ႕ အဆိုအရ ၿမိဳ႕ေပါင္း (၃ဝ) ေက်ာ္မွာ စစ္ဆန႔္က်င္ေရး ဆႏၵျပမႈေတြေၾကာင့္ လူေပါင္း (၂၄ဝဝ) ေက်ာ္ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.