ဗြိတိသျှ ရုပ်သံလွှင့်ဌာနက နိုင်ငံတကာ ဘာသာစကား(၁ဝ)ခုနှင့် ထုတ်လွှင့်ချက်ပေါင်း (၃၈၂)ခုကို ပိတ်ပစ်ရန်စီစဉ်နေ

 798

Htay Oung (NP News) - အောက်တိုဘာ ၂

BBC လို့ ခေါ်တဲ့ ဗြိတိသျှ ရုပ်သံလွှင့်ဌာနဟာ ဘင်္ဂလားအစီအစဉ် ထုတ်လွှင့်မှုအဆုံး သတ်မှာဖြစ်ပြီး အဲ့ဒီဆောင်ရွက်မှုဟာ ဘီဘီစီရဲ့ နိုင်ငံတကာ လွှင့်တင်မှုပေါင်း ၃၈၂ ခုကို ပိတ်ပစ်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရတယ်လို့ bd news 24 ဒစ်ဂျစ်တယ် မီဒီယာက ယနေ့ (အောက်တိုဘာလ ၂ ရက်)မှာရေးသားပါတယ်။

BBC ဟာ ဘင်္ဂလားဒေ့ရှ်မှာ အခိုင်အမာ ပရိသတ်ရရှိနေပြီး လူတန်းစားအလွှာအသီးသီးမှာ ဆယ်စုနှစ် နှစ်ခု ကျော်ကြာ တစိုက်မတ်မတ် နားဆင်ခဲ့သူများလည်း ရှိနေခဲ့ပါတယ်။ အချို့ဆိုလျှင် သူတို့ရဲ့ မိုဘိုင်းဖုန်းပေါ်မှာ ဘီဘီစီ ဘင်္ဂလားရေဒီယိုအစီ အစဉ်များကို စတင်နားဆင်နေသူများလည်း ပါဝင်ပါတယ်။ သတင်းမျိုးစုံကို အင် တာနက်၊ ရုပ်မြင်သံကြားနဲ့ ဆိုရှယ်မီဒီယာများပေါ်မှာ အလွယ်တကူနည်းလမ်းနဲ့ ရရှိနိုင်ပေမဲ့ YouTube မှာ လွှင့်တင်နေတဲ့ ရှိ BBC ရုပ်သံအစီအစဉ်များတွေကို ဆက် လက်နားဆင်နေကြပါတယ်။

BBC ဟာ (၈၁)နှစ်ကြာ ဘင်္ဂလားအစီအစဉ် ရေဒီယိုထုတ်လွှင့်မှုခရီးကို လျှောက်လှမ်းခဲ့ပြီးမှ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ အဲ့ဒီပရိဿတ်များအတွက် စိတ်မကောင်းစရာ ဖြစ်ရပါတယ်။

အာရဗီ၊ ပါရှန်၊ ကာဇက်၊ ဥဇဘက်၊ ဟိန္ဒီ၊ ဘင်္ဂါလီ၊ တရုတ်၊ အင်ဒိုနီးရှား၊ တမီလ်နဲ့ အူရဒူ အပါအဝင် ဘာသာ စကား (၁ဝ) မျိုးဖြင့် ရေဒီယိုထုတ်လွှင့်မှုများကို ရပ်ဆိုင်းဖို့ရှိကြောင်း ဗြိတိန်အသံလွှင့်ကော်ပိုရေးရှင်းက သောကြာနေ့ (စက်တင်ဘာလ ၃ဝ ရက်)မှာ ကြေညာခဲ့ပါတယ်။

၁၉၂၂ ခုနှစ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မာကိုနီရဲ့ ကြိုးမဲ့ကြေးနန်း ကုမ္ပဏီက BBC ကို စတင်မွေးဖွားခဲ့ပါတယ်။ လူအများရဲ့ စိတ်ပါဝင်စားမှုကို ဖမ်းစားပြီး သဘော ထားအချိုးအကွေ့တစ်ခုကို ဖန်တီးရာမှာ အထူးသဖြင့် စစ်ဘက်အပါအဝင် အုပ်ချုပ်ရေးအသိုင်းအဝိုင်းရဲ့ တားဆီးကန့်သတ်မှုတွေနဲ့ လုံးထွေးနေခဲ့ပါတယ်။ အဲ့ဒီနောက် တော်ဝင်ပဋိညာဉ်စာချုပ်အရ ဗြိတိန်အစိုးရ အထောက်အပံ့ရယူပြီး နိုင်ငံပိုင်ဖြစ်သွားကာ ဒစ်ဂျစ်တယ်၊ ယဉ်ကျေး မှု၊ မီဒီယာနဲ့ အားကစားရေးရာ ဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ ယနေ့တိုင် လုပ်ငန်းများလည်ပတ်နေပါတယ်။

ဒုတိယကမ္ဘာစစ်ကာလ BBC ရဲ့ စွမ်းဆောင်ရည်ဟာ ဗြိတိန်နိုင်ငံအပေါ် အတော်ကြီး အကျိုးဖြစ်ထွန်းစေခဲ့ပါ တယ်။ လောလောဆယ်မှာ နိုင်ငံခြားဘာသာ ဗြူရိုပေါင်း ၅ဝ တို့က တစ်ရက်တာအတွင်း ကမ္ဘာအနှံ့ထုတ်လွှင့်နေတဲ့ သတင်းနဲ့ ကမ္ဘာ့မျက်မှောက်ရေးရာများကို စုစုပေါင်းလိုက်မယ်ဆိုရင် နာရီပေါင်း ၁၂ဝ အထိ များပြား ပါတယ်။

(BBC ရဲ့ ဘင်္ဂလားအစီအစဉ် ရေဒီယိုထုတ်လွှင့်မှုကို ၁၉၄၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်မှာ ၁၅ မိနစ်ကြာ အပတ်စဉ်အစီအစဉ်ဖြင့် စတင်ခဲ့ပါတယ်။ နောင် စာပေယဉ်ကျေးမှုဆိုင်ရာ နိုဘယ်လ်ဆုရှင် ဖြစ်လာမယ့် “ဂျော့ချ်အော်ဝဲလ်“ ဟာ ရှင်းလင်းပြတ်သားတဲ့ စကားပြေ၊ ထိထိမိမိရှိလှတဲ့ လူမှူရေးဝေဖန်ရေး ဝေဖန်မှုတို့မှာ အလွန်ထူးချွန်လှပါတယ်။ စကားပြော အလွန်ကောင်းပြီး စိတ်ဝင်စားအောင်ပြော ဆိုတတ်သူမို့ သူ့ရဲ့ အသံလွှင့် အစီအစဉ်တစ်ခုပါ ကမ္ဘာကြီးကို ဂြိုလ်သားတွေ လာရောက်ဖျက်ဆီးနေပြီလို့ အမှန်တကယ် ထင်မှတ်သူ ကမ္ဘာတစ်လွှား ရေဒီယို ပရိ သတ်တွေဟာ လမ်းမပေါ် အုတ်အော်သောင်းတင်း ထွက်ပြေးကြရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။)

ဗြိတိသျှ ဝတ္ထုရေးဆရာနှင့် သတင်းထောက် ဂျော့ခ်ျအော်ဝဲလ်ဟာ အဲ့ဒီအချိန်က BBC နိုင်ငံရပ်ခြားတိုင်း ပြည်များဌာနရဲ့ ဆွေးနွေးပွဲများကို ထုတ်လုပ်သူဖြစ်သည်။ အော်ဝဲလ်ရေးတဲ့ အစီအစဉ်တွေကို “ ဆတ်ဒင်ဂို့ရှ် "က ဘင်္ဂါလီဘာသာပြန်ဆိုပြီး ထုတ်လွှင့်ခဲ့ပါတယ်။

ယခုလို ဘင်္ဂလားအစီအစဉ် ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်ခြင်းဟာ ကမ္ဘာအနှံ့ဝန်ဆောင်မှုလုပ်ငန်းမှာ တင်ဆက်မှုပေါင်း ၃၈၂ ခုခန့်ကို ပိတ်ပစ်ဖို့ BBC ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကော်ပိုရေးရှင်းရဲ့ နိုင်ငံတကာ ဝန်ဆောင်မှုများအတွက် နှစ်စဉ် စုဆောင်းငွေ ပေါင် ၂၈.၅ သန်းရရှိရေး ရည်မှန်းတယ်။ အခြား အဆိုပြုချက်များ အနေနဲ့ ဥပမာ ဘင်္ဂလားဝန်ဆောင်မှုလို ထုတ်လုပ်မှုအချို့ကို လန်ဒန်မှ ဒါကာမြို့ကို ပြောင်းရွှေ့ပြီး ပရိသတ်များ နဲ့ ပိုမိုနီးကပ်စေလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

BBC အနေနဲ့ နှစ်စဉ် စုဆောင်းငွေ ပေါင်စတာလင် သန်း ၅ဝဝ ကိုလည်း စုဆောင်းဖို့ လုပ်ဆောင်နေပြီး CBBC နဲ့ BBC Four တို့ကိုလည်း အွန်လိုင်းပေါ်ကို ပြောင်းရွှေ့ရန် စီစဉ်ထားပါတယ်။ လိုင်စင်ကြေးကိုလည်း နှစ်နှစ်အတွက် ၁၅၉ ပေါင်နှုန်းမှာ ထိန်း ချုပ်သွားမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနဲ့ ကုန်ကျစရိတ်ကြီးမြင့်ခြင်း တို့ကို ပေါင်းစပ်လိုက်တဲ့အခါ ခက်ခဲတဲ့ ရွေးချယ်မှုများဆီကို ဦးတည်သွားရတယ်လို့ ကော်ပိုရေးရှင်းက ဆိုပါ တယ်။

BBC ရဲ့ ကုန်ကျစရိတ် ကာမိစေဖို့ ထုတ်လွှင့်မှုအချို့ ဖျက်သိမ်း/ချုံပစ်ခြင်းဟာ ဗြိတိသျှရုပ်သံလွှင့်ကော်ပိုရေး ရှင်းရဲ့ ဝန်ထမ်းပေါင်း ၃၈၂ ယောက်တို့ကို အလုပ်ထုတ်ပစ်ရတော့မှာဖြစ်ကြောင်း New Arab က စက်တင်ဘာလ ၂၉ ရက်က ရေးပါတယ်။

( BD News 24., 30 September 2022,” Out of tune: BBC to end Bangla radio broadcast” နှင့် အခြား ဆက်စပ်သတင်းများကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ၿဗိတိသွ် ႐ုပ္သံ လႊင့္ဌာနက ႏိုင္ငံတကာ ဘာသာစကား ၁ဝ ခုႏွင့္ ထုတ္လႊင့္ခ်က္ေပါင္း ၃၈၂ ခုကို ပိတ္ပစ္ရန္ စီစဥ္ေန
Htay Oung (NP News) - ေအာက္တိုဘာ ၂

BBC လို႔ ေခၚတဲ့ ၿဗိတိသွ် ႐ုပ္သံလႊင့္ဌာနဟာ ဘဂၤလားအစီအစဥ္ ထုတ္လႊင့္မႈအဆုံး သတ္မွာျဖစ္ၿပီး အဲ့ဒီေဆာင္႐ြက္မႈဟာ ဘီဘီစီရဲ႕ ႏိုင္ငံတကာ လႊင့္တင္မႈေပါင္း ၃၈၂ ခုကို ပိတ္ပစ္မယ့္ အစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း သိရွိရတယ္လို႔ bd news 24 ဒစ္ဂ်စ္တယ္ မီဒီယာက ယေန႔ (ေအာက္တိုဘာလ ၂ ရက္)မွာေရးသားပါတယ္။

BBC ဟာ ဘဂၤလားေဒ့ရွ္မွာ အခိုင္အမာ ပရိသတ္ရရွိေနၿပီး လူတန္းစားအလႊာအသီးသီးမွာ ဆယ္စုႏွစ္ ႏွစ္ခု ေက်ာ္ၾကာ တစိုက္မတ္မတ္ နားဆင္ခဲ့သူမ်ားလည္း ရွိေနခဲ့ပါတယ္။ အခ်ိဳ႕ဆိုလွ်င္ သူတို႔ရဲ႕ မိုဘိုင္းဖုန္းေပၚမွာ ဘီဘီစီ ဘဂၤလားေရဒီယိုအစီ အစဥ္မ်ားကို စတင္နားဆင္ေနသူမ်ားလည္း ပါဝင္ပါတယ္။ သတင္းမ်ိဳးစုံကို အင္ တာနက္၊ ႐ုပ္ျမင္သံၾကားနဲ႔ ဆိုရွယ္မီဒီယာမ်ားေပၚမွာ အလြယ္တကူနည္းလမ္းနဲ႔ ရရွိႏိုင္ေပမဲ့ YouTube မွာ လႊင့္တင္ေနတဲ့ ရွိ BBC ႐ုပ္သံအစီအစဥ္မ်ားေတြကို ဆက္ လက္နားဆင္ေနၾကပါတယ္။

BBC ဟာ (၈၁)ႏွစ္ၾကာ ဘဂၤလားအစီအစဥ္ ေရဒီယိုထုတ္လႊင့္မႈခရီးကို ေလွ်ာက္လွမ္းခဲ့ၿပီးမွ ရပ္ဆိုင္းဖို႔ ဆုံးျဖတ္လိုက္ျခင္းဟာ အဲ့ဒီပရိႆတ္မ်ားအတြက္ စိတ္မေကာင္းစရာ ျဖစ္ရပါတယ္။

အာရဗီ၊ ပါရွန္၊ ကာဇက္၊ ဥဇဘက္၊ ဟိႏၵီ၊ ဘဂၤါလီ၊ တ႐ုတ္၊ အင္ဒိုနီးရွား၊ တမီလ္နဲ႔ အူရဒူ အပါအဝင္ ဘာသာ စကား (၁ဝ) မ်ိဳးျဖင့္ ေရဒီယိုထုတ္လႊင့္မႈမ်ားကို ရပ္ဆိုင္းဖို႔ရွိေၾကာင္း ၿဗိတိန္အသံလႊင့္ေကာ္ပိုေရးရွင္းက ေသာၾကာေန႔ (စက္တင္ဘာလ ၃ဝ ရက္)မွာ ေၾကညာခဲ့ပါတယ္။

၁၉၂၂ ခုႏွစ္ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ မာကိုနီရဲ႕ ႀကိဳးမဲ့ေၾကးနန္း ကုမၸဏီက BBC ကို စတင္ေမြးဖြားခဲ့ပါတယ္။ လူအမ်ားရဲ႕ စိတ္ပါဝင္စားမႈကို ဖမ္းစားၿပီး သေဘာ ထားအခ်ိဳးအေကြ႕တစ္ခုကို ဖန္တီးရာမွာ အထူးသျဖင့္ စစ္ဘက္အပါအဝင္ အုပ္ခ်ဳပ္ေရးအသိုင္းအဝိုင္းရဲ႕ တားဆီးကန႔္သတ္မႈေတြနဲ႔ လုံးေထြးေနခဲ့ပါတယ္။ အဲ့ဒီေနာက္ ေတာ္ဝင္ပဋိညာဥ္စာခ်ဳပ္အရ ၿဗိတိန္အစိုးရ အေထာက္အပံ့ရယူၿပီး ႏိုင္ငံပိုင္ျဖစ္သြားကာ ဒစ္ဂ်စ္တယ္၊ ယဥ္ေက်း မႈ၊ မီဒီယာနဲ႔ အားကစားေရးရာ ဝန္ႀကီးဌာနရဲ႕ သေဘာတူညီခ်က္နဲ႔ ယေန႔တိုင္ လုပ္ငန္းမ်ားလည္ပတ္ေနပါတယ္။

ဒုတိယကမာၻစစ္ကာလ BBC ရဲ႕ စြမ္းေဆာင္ရည္ဟာ ၿဗိတိန္ႏိုင္ငံအေပၚ အေတာ္ႀကီး အက်ိဳးျဖစ္ထြန္းေစခဲ့ပါ တယ္။ ေလာေလာဆယ္မွာ ႏိုင္ငံျခားဘာသာ ျဗဴ႐ိုေပါင္း ၅ဝ တို႔က တစ္ရက္တာအတြင္း ကမာၻအႏွံ႔ထုတ္လႊင့္ေနတဲ့ သတင္းနဲ႔ ကမာၻ႔မ်က္ေမွာက္ေရးရာမ်ားကို စုစုေပါင္းလိုက္မယ္ဆိုရင္ နာရီေပါင္း ၁၂ဝ အထိ မ်ားျပား ပါတယ္။

(BBC ရဲ႕ ဘဂၤလားအစီအစဥ္ ေရဒီယိုထုတ္လႊင့္မႈကို ၁၉၄၁ ခုႏွစ္ ေအာက္တိုဘာလ ၁၁ ရက္မွာ ၁၅ မိနစ္ၾကာ အပတ္စဥ္အစီအစဥ္ျဖင့္ စတင္ခဲ့ပါတယ္။ ေနာင္ စာေပယဥ္ေက်းမႈဆိုင္ရာ ႏိုဘယ္လ္ဆုရွင္ ျဖစ္လာမယ့္ “ေဂ်ာ့ခ်္ေအာ္ဝဲလ္“ ဟာ ရွင္းလင္းျပတ္သားတဲ့ စကားေျပ၊ ထိထိမိမိရွိလွတဲ့ လူမႉေရးေဝဖန္ေရး ေဝဖန္မႈတို႔မွာ အလြန္ထူးခြၽန္လွပါတယ္။ စကားေျပာ အလြန္ေကာင္းၿပီး စိတ္ဝင္စားေအာင္ေျပာ ဆိုတတ္သူမို႔ သူ႔ရဲ႕ အသံလႊင့္ အစီအစဥ္တစ္ခုပါ ကမာၻႀကီးကို ၿဂိဳလ္သားေတြ လာေရာက္ဖ်က္ဆီးေနၿပီလို႔ အမွန္တကယ္ ထင္မွတ္သူ ကမာၻတစ္လႊား ေရဒီယို ပရိ သတ္ေတြဟာ လမ္းမေပၚ အုတ္ေအာ္ေသာင္းတင္း ထြက္ေျပးၾကရတဲ့အထိ ျဖစ္ခဲ့ဖူးပါတယ္။)

ၿဗိတိသွ် ဝတၳဳေရးဆရာႏွင့္ သတင္းေထာက္ ေဂ်ာ့ခ္်ေအာ္ဝဲလ္ဟာ အဲ့ဒီအခ်ိန္က BBC ႏိုင္ငံရပ္ျခားတိုင္း ျပည္မ်ားဌာနရဲ႕ ေဆြးေႏြးပြဲမ်ားကို ထုတ္လုပ္သူျဖစ္သည္။ ေအာ္ဝဲလ္ေရးတဲ့ အစီအစဥ္ေတြကို “ ဆတ္ဒင္ဂို႔ရွ္ "က ဘဂၤါလီဘာသာျပန္ဆိုၿပီး ထုတ္လႊင့္ခဲ့ပါတယ္။

ယခုလို ဘဂၤလားအစီအစဥ္ ထုတ္လႊင့္မႈကို ရပ္ဆိုင္းလိုက္ျခင္းဟာ ကမာၻအႏွံ႔ဝန္ေဆာင္မႈလုပ္ငန္းမွာ တင္ဆက္မႈေပါင္း ၃၈၂ ခုခန႔္ကို ပိတ္ပစ္ဖို႔ BBC ရဲ႕ အစီအစဥ္တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ေကာ္ပိုေရးရွင္းရဲ႕ ႏိုင္ငံတကာ ဝန္ေဆာင္မႈမ်ားအတြက္ ႏွစ္စဥ္ စုေဆာင္းေငြ ေပါင္ ၂၈.၅ သန္းရရွိေရး ရည္မွန္းတယ္။ အျခား အဆိုျပဳခ်က္မ်ား အေနနဲ႔ ဥပမာ ဘဂၤလားဝန္ေဆာင္မႈလို ထုတ္လုပ္မႈအခ်ိဳ႕ကို လန္ဒန္မွ ဒါကာၿမိဳ႕ကို ေျပာင္းေ႐ႊ႕ၿပီး ပရိသတ္မ်ား နဲ႔ ပိုမိုနီးကပ္ေစလိမ့္မယ္လို႔ ယုံၾကည္ထားပါတယ္။

BBC အေနနဲ႔ ႏွစ္စဥ္ စုေဆာင္းေငြ ေပါင္စတာလင္ သန္း ၅ဝဝ ကိုလည္း စုေဆာင္းဖို႔ လုပ္ေဆာင္ေနၿပီး CBBC နဲ႔ BBC Four တို႔ကိုလည္း အြန္လိုင္းေပၚကို ေျပာင္းေ႐ႊ႕ရန္ စီစဥ္ထားပါတယ္။ လိုင္စင္ေၾကးကိုလည္း ႏွစ္ႏွစ္အတြက္ ၁၅၉ ေပါင္ႏႈန္းမွာ ထိန္း ခ်ဳပ္သြားမွာျဖစ္ၿပီး ေငြေၾကးေဖာင္းပြမႈျမင့္မားျခင္းနဲ႔ ကုန္က်စရိတ္ႀကီးျမင့္ျခင္း တို႔ကို ေပါင္းစပ္လိုက္တဲ့အခါ ခက္ခဲတဲ့ ေ႐ြးခ်ယ္မႈမ်ားဆီကို ဦးတည္သြားရတယ္လို႔ ေကာ္ပိုေရးရွင္းက ဆိုပါ တယ္။

BBC ရဲ႕ ကုန္က်စရိတ္ ကာမိေစဖို႔ ထုတ္လႊင့္မႈအခ်ိဳ႕ ဖ်က္သိမ္း/ခ်ဳံပစ္ျခင္းဟာ ၿဗိတိသွ်႐ုပ္သံလႊင့္ေကာ္ပိုေရး ရွင္းရဲ႕ ဝန္ထမ္းေပါင္း ၃၈၂ ေယာက္တို႔ကို အလုပ္ထုတ္ပစ္ရေတာ့မွာျဖစ္ေၾကာင္း New Arab က စက္တင္ဘာလ ၂၉ ရက္က ေရးပါတယ္။

( BD News 24., 30 September 2022,” Out of tune: BBC to end Bangla radio broadcast” ႏွင့္ အျခား ဆက္စပ္သတင္းမ်ားကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

MgThetlin

02/10/2022 11:27

မြန်မာအစီအစဉ်ပါဖြတ်သိမ်းလိုက်ရင်ပိုကောင်းမယ်

Picture

Soe Khine Soe Khine

02/10/2022 13:21

😁😁😁😁

Related news

© 2021. All rights reserved.