စစ်အာဏာသိမ်းမှုထပ်မံဖြစ်ပွားခဲ့တဲ့ ဘာကီနာဖာဆိုနိုင်ငံမှာ ပြည်သူတွေက ပြင်သစ်သံရုံးအဆောက်အဦးကို ဝန်းရံတိုက်ခိုက်

 866

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဘာကီနာဖာဆိုနိုင်ငံရဲ့ပြည်သူတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Ouagadougou မြို့ရှိ ပြင်သစ်သံရုံးကို ဝန်းရံ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဘာကီနာဖာဆိုနိုင်ငံမှာ စက်တင်ဘာ ၃ဝ ရက်နေ့၊ ညပိုင်းက စစ်ဘက်အုပ်စုတစ်စုက ဦးဆောင်ပြီး စစ်အာဏာသိမ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးပေါ်ဟန်ရီ ဆန်ဒါအိုဂို ဒါမီဘာကို ရာထူးက ဖြုတ်ချကာ ထပ်မံအာဏာသိမ်းခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီးဒါမီဘာ ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ရွေးကောက်ခံခေါင်းဆောင်ကို ရာထူးက ဖြုတ်ချကာ စစ်အာဏာသိမ်းခဲ့သူဖြစ်ပြီး စက်တင်ဘာ ၃ဝ ရက်နေ့မှာ ဒါဘီဘာ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အခြားစစ်ဘက်အဖွဲ့က ရာထူးက ဖြုတ်ချကာ ထပ်မံအာဏာသိမ်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြအုပ်စုတွေက ပြင်သစ်နိုင်ငံဟာ ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ ဒါဘီဘာကို ပုန်းခိုရ အောင် ဝှက်ပေးထားတယ်လို့ စွပ်စွဲပြီးသံရုံးကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာ ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ အာဏဘသိမ်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒါဘီလက်ရှိအချိန်မှာ ဘာကီနာဖာဆိုနိုင်ငံကို အာဏာသိမ်ထားတဲ့ စစ်ဘက်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ကာဘရီက "ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ ဒါမီဘာဟာ ဘူကီနာဖာဆို လုံခြုံရေးအဖွဲ့တွေ၊ စစ်ဘက်အဖွဲ့တွေကို နှစ်ခြမ်းကွဲအောင်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်။ ဒါဘီဘာဟာ ပြင်သစ် စစ်အခြေစိုက်စခန်းကိုအသုံးချဖို့ စီစဉ်နေတယ်" လို့ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘာကီနာဖာဆိုနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေထဲ ကြားဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ဘာကီနာဖာဆိုနိုင်ငံရှိ ပြင်သစ်သံရုံး နဲ့ ပြင်သစ်စစ်အခြေစိုက်စခန်းတို့ဟာ ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဒါဘီဘာကို ပုန်းခိုရအောင် ဝှက်ပေးထားတာမျိုး မရှိကြောင်းဆိုထားပါတယ်။

ပြင်သစ်အာဏာပိုင်တွေဟာ ဘာကီနာဖာဆိုနိုင်ငံအတွင်းရှိ ပြင်သစ်နိုင်ငံသားတွေကို နေအိမ်အပြင်ကိုမထွက်ဖို့ အကြံပေးထားတယ်လို့ သိရပါတယ်။

စိတ်ဆိုးဒေါသဖြစ်နေတဲ့ ဘာကီနာဘာဖို ပြည်သူတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ပြင်သစ်သံရုံးကိုဝန်းရံပြီး သံရုံးအဆောက်အဦးအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းမှုများနဲ့အတူ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဘာကီနာဖာဆိုပြည်သူတွေဟာ ပြင်သစ်သံရုံး ဝင်ပေါက်များ၊ သံရုံးပတ်လည်ကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ကြောင်း ရုပ်သံဖိုင်များမှာ ဖော်ပြထားပါတယ်။

Zawgyi Version;
စစ္အာဏာသိမ္းမႈထပ္မံျဖစ္ပြားခဲ့တဲ့ ဘာကီနာဖာဆိုႏိုင္ငံမွာ ျပည္သူေတြက ျပင္သစ္သံ႐ုံးအေဆာက္အဦးကို ဝန္းရံတိုက္ခိုက္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂

စစ္အာဏာသိမ္းမႈျဖစ္ပြားခဲ့တဲ့ ဘာကီနာဖာဆိုႏိုင္ငံရဲ႕ျပည္သူေတြဟာ ေအာက္တိုဘာ ၁ ရက္ေန႔မွာ ႏိုင္ငံရဲ႕ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ Ouagadougou ၿမိဳ႕ရွိ ျပင္သစ္သံ႐ုံးကို ဝန္းရံ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဘာကီနာဖာဆိုႏိုင္ငံမွာ စက္တင္ဘာ ၃ဝ ရက္ေန႔၊ ညပိုင္းက စစ္ဘက္အုပ္စုတစ္စုက ဦးေဆာင္ၿပီး စစ္အာဏာသိမ္းေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဗိုလ္မႉးႀကီးေပၚဟန္ရီ ဆန္ဒါအိုဂို ဒါမီဘာကို ရာထူးက ျဖဳတ္ခ်ကာ ထပ္မံအာဏာသိမ္းခဲ့တယ္လို႔ သိရပါတယ္။

ဗိုလ္မႉးႀကီးဒါမီဘာ ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ ေ႐ြးေကာက္ခံေခါင္းေဆာင္ကို ရာထူးက ျဖဳတ္ခ်ကာ စစ္အာဏာသိမ္းခဲ့သူျဖစ္ၿပီး စက္တင္ဘာ ၃ဝ ရက္ေန႔မွာ ဒါဘီဘာ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ကို အျခားစစ္ဘက္အဖြဲ႕က ရာထူးက ျဖဳတ္ခ်ကာ ထပ္မံအာဏာသိမ္းခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ဆႏၵျပအုပ္စုေတြက ျပင္သစ္ႏိုင္ငံဟာ ရာထူးက ျဖဳတ္ခ်ခံလိုက္ရတဲ့ ဒါဘီဘာကို ပုန္းခိုရ ေအာင္ ဝွက္ေပးထားတယ္လို႔ စြပ္စြဲၿပီးသံ႐ုံးကို တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။လက္ရွိအခ်ိန္မွာ ရာထူးက ျဖဳတ္ခ်ခံလိုက္ရတဲ့ အာဏဘသိမ္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဒါဘီလက္ရွိအခ်ိန္မွာ ဘာကီနာဖာဆိုႏိုင္ငံကို အာဏာသိမ္ထားတဲ့ စစ္ဘက္ေျပာေရး ဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ကာဘရီက "ရာထူးက ျဖဳတ္ခ်ခံလိုက္ရတဲ့ ဒါမီဘာဟာ ဘူကီနာဖာဆို လုံၿခဳံေရးအဖြဲ႕ေတြ၊ စစ္ဘက္အဖြဲ႕ေတြကို ႏွစ္ျခမ္းကြဲေအာင္လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတယ္။ ဒါဘီဘာဟာ ျပင္သစ္ စစ္အေျခစိုက္စခန္းကိုအသုံးခ်ဖို႔ စီစဥ္ေနတယ္" လို႔ေျပာပါတယ္။

ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ ဘာကီနာဖာဆိုႏိုင္ငံမွာျဖစ္ေနတဲ့ကိစၥေတြထဲ ၾကားဝင္ပတ္သက္ျခင္းမရွိေၾကာင္း၊ ဘာကီနာဖာဆိုႏိုင္ငံရွိ ျပင္သစ္သံ႐ုံး နဲ႔ ျပင္သစ္စစ္အေျခစိုက္စခန္းတို႔ဟာ ဗိုလ္မႉးႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ ဒါဘီဘာကို ပုန္းခိုရေအာင္ ဝွက္ေပးထားတာမ်ိဳး မရွိေၾကာင္းဆိုထားပါတယ္။

ျပင္သစ္အာဏာပိုင္ေတြဟာ ဘာကီနာဖာဆိုႏိုင္ငံအတြင္းရွိ ျပင္သစ္ႏိုင္ငံသားေတြကို ေနအိမ္အျပင္ကိုမထြက္ဖို႔ အႀကံေပးထားတယ္လို႔ သိရပါတယ္။

စိတ္ဆိုးေဒါသျဖစ္ေနတဲ့ ဘာကီနာဘာဖို ျပည္သူေတြဟာ ေအာက္တိုဘာ ၁ ရက္ေန႔မွာ ျပင္သစ္သံ႐ုံးကိုဝန္းရံၿပီး သံ႐ုံးအေဆာက္အဦးအတြင္း ဝင္ေရာက္ဖို႔ ႀကိဳးပမ္းမႈမ်ားနဲ႔အတူ အၾကမ္းဖက္တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဘာကီနာဖာဆိုျပည္သူေတြဟာ ျပင္သစ္သံ႐ုံး ဝင္ေပါက္မ်ား၊ သံ႐ုံးပတ္လည္ကို မီးရႈိ႕ဖ်က္ဆီးဖို႔ ႀကိဳးပမ္းခဲ့ေၾကာင္း ႐ုပ္သံဖိုင္မ်ားမွာ ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.