ရုရှားထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ကို ယူကရိန်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

 952

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂

ယူကရိန်းတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ဘက်ပိုင်းရှိ ရုရှားတပ်ဖွဲ့များထိန်းချုပ်ထားတဲ့မြို့တစ်ခုဖြစ်တဲ့ Lyman မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမြို့ဟာ ရုရှားတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒွန်းညက်စ်ဒေသတွင်းရှိ မြို့တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒွန်းညက်စ်ဒေသအပါအဝင် ယူကရိန်းအရှေ့ဘက်ပိုင်းရှိ ဒေသလေးခုကို ဆန္ဒခံယူပွဲ လုပ်ကာ သိမ်းယူခဲ့ပြီး ရုရှားပိုင်နက်တွေကိုတိုက်ခိုက်မယ်ဆိုရင် နျူကလီးယားအသုံးပြုသွားမှာဖြစ်ကြောင်း ရုရှား သမ္မတပူတင်က သတိပေးထားပါတယ်။

ယူကရိန်းစစ်သားတွေဟာ Lyman မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှားတပ်ဖွဲ့တွေဟာ အဆိုပါမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ယူကရိန်းသမ္မတဇီလန်စကီးရဲ့ရုံး ဒုတိယအကြီးအကဲက ပြောပါတယ်။

၄င်းက "ကျွန်တော်တို့ယူကရိန်းတပ်ဖွဲ့တွေဟာ ဒွန်းညက်စ်ဒေသအတွင်းရှိ Lyman မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့စစ်သားတွေဟာ အဲဒီမြို့ရှိရုံးတွေမှာ စိုက်ထူထားတဲ့ ရုရှားအလံကို ဖြုတ်ချနိုင်ခဲ့တယ်" လို့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားတပ်ဖွဲ့တွေဟာ ဝိုင်းရံပိတ်ဆို့ခံရဖွယ်ရှိနေတဲ့ ခြိမ်းခြောက်မှုများကြား က ထွက်နိုင်အောင် ကြိုတင်ဆုတ်ခွာပေးခဲ့ကြောင်း ဆိုပါတယ်။ ရုရှားဟာ Lyman မြို့ကို ဒွန်းညက်စ်ဒေသ မြောက်ပိုင်း စစ်ဆင်ရေးလုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ရေးမြို့အဖြစ် အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လမှာ ခါကစ်မြို့မြောက်ပိုင်းကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့တွေအပေါ် ကြီးမားတဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားရဲ့ထိန်းချုပ်မှုအောက်ရောက်ရှိနေတဲ့ ဒွန်းညက်စ်ဒေသနဲ့ လူဟန်စ့်ဒေသများ ကို ပြန်လည်လွတ်မြောက်အောင် အမြန်ဆုံးကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;
႐ုရွားထိန္းခ်ဳပ္ထားတဲ့ ၿမိဳ႕တစ္ၿမိဳ႕ကို ယူကရိန္းတပ္ဖြဲ႕မ်ား ျပန္လည္သိမ္းပိုက္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂

ယူကရိန္းတပ္ဖြဲ႕ေတြဟာ ယူကရိန္းအေရွ႕ဘက္ပိုင္းရွိ ႐ုရွားတပ္ဖြဲ႕မ်ားထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕တစ္ခုျဖစ္တဲ့ Lyman ၿမိဳ႕ကို သိမ္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါၿမိဳ႕ဟာ ႐ုရွားတပ္ဖြဲ႕ေတြထိန္းခ်ဳပ္ထားတဲ့ ဒြန္းညက္စ္ေဒသတြင္းရွိ ၿမိဳ႕တစ္ခုျဖစ္တယ္လို႔ သိရပါတယ္။ ႐ုရွားဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဒြန္းညက္စ္ေဒသအပါအဝင္ ယူကရိန္းအေရွ႕ဘက္ပိုင္းရွိ ေဒသေလးခုကို ဆႏၵခံယူပြဲ လုပ္ကာ သိမ္းယူခဲ့ၿပီး ႐ုရွားပိုင္နက္ေတြကိုတိုက္ခိုက္မယ္ဆိုရင္ န်ဴကလီးယားအသုံးျပဳသြားမွာျဖစ္ေၾကာင္း ႐ုရွား သမၼတပူတင္က သတိေပးထားပါတယ္။

ယူကရိန္းစစ္သားေတြဟာ Lyman ၿမိဳ႕ကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီး ႐ုရွားတပ္ဖြဲ႕ေတြဟာ အဆိုပါၿမိဳ႕ကေန ျပန္လည္ဆုတ္ခြာခဲ့ရေၾကာင္း ယူကရိန္းသမၼတဇီလန္စကီးရဲ႕႐ုံး ဒုတိယအႀကီးအကဲက ေျပာပါတယ္။

၄င္းက "ကြၽန္ေတာ္တို႔ယူကရိန္းတပ္ဖြဲ႕ေတြဟာ ဒြန္းညက္စ္ေဒသအတြင္းရွိ Lyman ၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ ပါတယ္။ ကြၽန္ေတာ္တို႔စစ္သားေတြဟာ အဲဒီၿမိဳ႕ရွိ႐ုံးေတြမွာ စိုက္ထူထားတဲ့ ႐ုရွားအလံကို ျဖဳတ္ခ်ႏိုင္ခဲ့တယ္" လို႔ ေျပာပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ႐ုရွားတပ္ဖြဲ႕ေတြဟာ ဝိုင္းရံပိတ္ဆို႔ခံရဖြယ္ရွိေနတဲ့ ၿခိမ္းေျခာက္မႈမ်ားၾကား က ထြက္ႏိုင္ေအာင္ ႀကိဳတင္ဆုတ္ခြာေပးခဲ့ေၾကာင္း ဆိုပါတယ္။ ႐ုရွားဟာ Lyman ၿမိဳ႕ကို ဒြန္းညက္စ္ေဒသ ေျမာက္ပိုင္း စစ္ဆင္ေရးလုပ္ငန္းမ်ားအတြက္ သယ္ယူပို႔ေဆာင္ေရးၿမိဳ႕အျဖစ္ အဓိက အသုံးျပဳေနတယ္လို႔ သိရပါတယ္။

ယူကရိန္းတပ္ဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့လမွာ ခါကစ္ၿမိဳ႕ေျမာက္ပိုင္းကို တန္ျပန္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း ႐ုရွားတပ္ဖြဲ႕ေတြအေပၚ ႀကီးမားတဲ့ထိုးစစ္ဆင္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းသမၼတဇီလန္စကီးက ႐ုရွားရဲ႕ထိန္းခ်ဳပ္မႈေအာက္ေရာက္ရွိေနတဲ့ ဒြန္းညက္စ္ေဒသနဲ႔ လူဟန္စ့္ေဒသမ်ား ကို ျပန္လည္လြတ္ေျမာက္ေအာင္ အျမန္ဆုံးႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

Picture

Ko Moe

02/10/2022 18:28

Lyman မြို့ဟာ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့မြို့ ဖြစ်ပါလိမ့်မယ်လို့ သုံးသပ်မိပါ၏။ဘယ်လိုပဲ ဖြစ်ဖြစ် ကျားပါးစပ်ကို ဟပြီး နှိူက်ရမယ့်အဆင့်ဖြစ်သွားပါပြီ။ယူကရိန်းရဲ့ အခြားပြည်နယ်တွေကို ရုရှားက စိတ်ဝင်စားတော့မည်မဟုတ်တာတော့ သေခြာပါ၏။ပင်လယ်ပြင်အတွက်ရယ် သူ့လူမျိူးတွေအတွက်ရယ် လုပ်သွားတဲ့ အကွက်ပါပဲ။ယူကရိန်းအနေနဲ့ ထပ်ပြီး မခံရအောင်ပဲ လုပ်ထားရုံပါပဲ။ဖင်ယားလေ နာလေ ဖြစ်မှာမို့။ပြည်ပရဲ့ ငွေပေးပြီး မြှောက်ပင့်ပေးနေမှူ့များကို ခါချရတော့မှာပါပဲ။

Related news

© 2021. All rights reserved.