အီရန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ထိပ်တန်း အစောင့်ရဲတပ်ဖွဲ့ဝင် ၄ ဦး အပါအဝင် လူ ၁၉ ဦး သေဆုံး

 479

ရောင်နီ (NP News) - အောက်တိုဘာ ၂

နိုင်ငံအရှေ့တောင်ပိုင်းရှိ ရဲစခန်းတစ်ခုမှာ လက်နက်ကိုင်ခွဲထွက်ရေးသမားများရဲ့ တိုက်ခိုက်ခြင်းကြောင့် အီရန် ထိပ်တန်းတော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် လေးဦးအပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ ၃ဝ ရက်၊ သောကြာနေ့က တိုက်ခိုက်မှုအတွင်း အကြမ်းဖက် သမားများဟာ ဇာဟီဒန်မြို့ရှိ ဗလီတစ်ခုအနီး ဝတ်ပြုသူများအကြား ပုန်းအောင်းနေပြီးနောက် အနီးအနားရှိရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင် IRNA သတင်းဌာနက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ဟူစိန်မိုဒါရီစီ က ယင်းတိုက်ခိုက်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ စေတနာ့ဝန်ထမ်း Basiji တပ်ဖွဲ့ဝင်များ အပါအဝင် အစောင့်တပ်ဖွဲ့ဝင် ၃၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အီရန်မှာ အမျိုးသမီးငယ်တစ်ဦး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးခဲ့ခြင်းနဲ့ပတ်သတ်ပြီး နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများနဲ့ ဆက်စပ်မှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ စစ်စတန် နဲ့ ဘဲလ်ချက်စတန် ပြည်နယ်မှာလည်း ယခင်က ဘဲလ်လူချီ ခွဲထွက်ရေးသမားများနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ အများအပြားရှိခဲ့ဖူးပါတယ်။ ဆန္ဒပြပွဲတွေ မြင့်တက်လာနေတဲ့ အခုအချိန်မှာတော့ တော်လှန်ရေးတပ်သားများနဲ့ နိုင်ငံတဝှမ်းရှိ အစောင့်ရဲတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေဟာ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
အီရန္မွာ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြရဲ႕တိုက္ခိုက္မႈေၾကာင့္ ထိပ္တန္း အေစာင့္ရဲတပ္ဖြဲ႕ဝင္ ၄ ဦး အပါအဝင္ လူ ၁၉ ဦး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂

ႏိုင္ငံအေရွ႕ေတာင္ပိုင္းရွိ ရဲစခန္းတစ္ခုမွာ လက္နက္ကိုင္ခြဲထြက္ေရးသမားမ်ားရဲ႕ တိုက္ခိုက္ျခင္းေၾကာင့္ အီရန္ ထိပ္တန္းေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ဝင္ ေလးဦးအပါအဝင္ လူ ၁၉ ဦး ေသဆုံးခဲ့ပါတယ္။

စက္တင္ဘာလ ၃ဝ ရက္၊ ေသာၾကာေန႔က တိုက္ခိုက္မႈအတြင္း အၾကမ္းဖက္ သမားမ်ားဟာ ဇာဟီဒန္ၿမိဳ႕ရွိ ဗလီတစ္ခုအနီး ဝတ္ျပဳသူမ်ားအၾကား ပုန္းေအာင္းေနၿပီးေနာက္ အနီးအနားရွိရဲစခန္းကို ဝင္ေရာက္စီးနင္းခဲ့တာျဖစ္တယ္လို႔ ႏိုင္ငံပိုင္ IRNA သတင္းဌာနက စေနေန႔မွာ ေဖာ္ျပခဲ့ပါတယ္။

ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဟူစိန္မိုဒါရီစီ က ယင္းတိုက္ခိုက္မႈေၾကာင့္ လူ ၁၉ ဦး ေသဆုံးခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ေစတနာ့ဝန္ထမ္း Basiji တပ္ဖြဲ႕ဝင္မ်ား အပါအဝင္ အေစာင့္တပ္ဖြဲ႕ဝင္ ၃၂ ဦးလည္း ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းေဖာ္ျပခ်က္အရ သိရပါတယ္။

ဒီတိုက္ခိုက္မႈဟာ အီရန္မွာ အမ်ိဳးသမီးငယ္တစ္ဦး ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ ေသဆုံးခဲ့ျခင္းနဲ႔ပတ္သတ္ၿပီး ႏိုင္ငံတစ္ဝန္း ေပၚေပါက္လာတဲ့ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ားနဲ႔ ဆက္စပ္မႈ ရွိ၊ မရွိ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ဆိုပါတယ္။

အာဖဂန္နစၥတန္၊ ပါကစၥတန္တို႔နဲ႔ နယ္နိမိတ္ျခင္းထိစပ္ေနတဲ့ စစ္စတန္ နဲ႔ ဘဲလ္ခ်က္စတန္ ျပည္နယ္မွာလည္း ယခင္က ဘဲလ္လူခ်ီ ခြဲထြက္ေရးသမားမ်ားနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအၾကား တိုက္ခိုက္မႈမ်ား အမ်ားအျပားရွိခဲ့ဖူးပါတယ္။ ဆႏၵျပပြဲေတြ ျမင့္တက္လာေနတဲ့ အခုအခ်ိန္မွာေတာ့ ေတာ္လွန္ေရးတပ္သားမ်ားနဲ႔ ႏိုင္ငံတဝွမ္းရွိ အေစာင့္ရဲတပ္ဖြဲ႕ေတြအၾကား တိုက္ခိုက္မႈေတြဟာ မၾကာခဏျဖစ္ပြားေလ့ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.