Nord Stream 2 ဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုများ ရပ်တန့်သွားခဲ့

 997

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂

ဓါတ်ငွေ့နဲ့ ရေဖိအားကြား မျှခြေရှိနေတဲ့အတွက် ဘောလ်တစ်ပင်လယ်အောက်ခြေရှိ Nord Stream 2 ဓါတ်ငွေ့ပိုက်လိုင်း ယို့စိမ့်မှုများအချိန်အတန်ကြာဖြစ်နေမှာမဟုတ်ဘဲ ဓါတ်ငွေ့ယို့စိမ့်မှုများ ရပ်တန့်သွားခဲ့ကြောင်း၊ အဆိုပါဓါတ်ငွေ့ပိုက်လိုင်းကို စီမံခန့်ခွဲရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဆိုပါဓါတ်ငွေ့ပိုက်လိုင်းကိုစီမံခန့်ခွဲနေတဲ့အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Ulrich Lissek က "ရေဖိအားတွေက ပိုက်လိုင်းအတွင်းရှိ ဓါတ်ငွေ့တွေကိုအပြင်ဘက်ကို မထွက်နိုင်အောင်အနည်းနဲ့အများတော့ ပိတ်ထားနိုင်တယ်။ ပိုက်လိုင်းထဲမှာ ဓါတ်ငွေ့တွေရှိနေဆဲဖြစ်ပါတယ်" လို့ပြောပါတယ်။

ဒါပေမယ့် Nord Stream 1 ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုများနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာအတိအကျပြောလို့မရသေးဘူးလို့ သိရပါတယ်။

ဥရောပနိုင်ငံတွေကို ပို့လွှတ်ပေးနေတဲ့ ရုရှားရဲ့ဓါတ်ငွေ့ပိုက်လိုင်းတွေဖြစ်တဲ့ Nord Stream 1 နဲ့ Nord Stream 2 တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယိုစိမ့်မှုများဖြစ်ခဲ့ကြောင်း၊ အဆိုပါဓါတ်ငွေ့ပိုက်လိုင်းနှစ်ခုစလုံးဟာ ဂျာမနီနိုင်ငံကို ဆက်သွယ် သွယ်တန်းထားတဲ့ပိုက်လိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားဟာ ဥရောပနိုင်ငံများကို ဓါတ်ငွေ့ပို့လွှတ်ရေးနဲ့ပတ်သက်ကာ အငြင်းပွားမှုဖြစ်ခဲ့ပြီး ဓါတ်ငွေ့ပို့လွှတ်မှုများလျော့ချဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ ဓါတ်ငွေ့ပို့လွှတ်ရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုများရှိနေချိန်မှာ ဘောလ်တစ်ပင်လယ်အတွင်းချထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားတဲ့လမ်းကြောင်းတစ်လျှောက်ရဲ့ မတူညီတဲ့နေရာ လေးခုမှာ ယို့စိမ်မှုများရှိနေတဲ့သတင်းများထွက်ပေါ်ခဲ့ပြီး အဲဒီယိုစိမ့်မှုတွေက ဖောက်ခွဲဖျက်ဆီးခံရခြင်းကြောင့်ဖြစ်နိုင်ကြောင်း သတင်းများထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

ရရှိထားတဲ့သတင်းအချက်လက်များအရမှု အဆိုပါဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုတွေက ရည်ရွယ်ချက်ရှိရှိတဲ့တိုက်ခိုက်တာမျိုးဖြစ်နိုင်တဲ့အချက်ကိုဖော်ပြနေကြောင်း ဆိုပါတယ်။

Zawgyi Version;
Nord Stream 2 ဓါတ္ေငြ႕ပိုက္လိုင္း ယိုစိမ့္မႈမ်ား ရပ္တန႔္သြားခဲ့
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂

ဓါတ္ေငြ႕နဲ႔ ေရဖိအားၾကား မွ်ေျခရွိေနတဲ့အတြက္ ေဘာလ္တစ္ပင္လယ္ေအာက္ေျခရွိ Nord Stream 2 ဓါတ္ေငြ႕ပိုက္လိုင္း ယို႔စိမ့္မႈမ်ားအခ်ိန္အတန္ၾကာျဖစ္ေနမွာမဟုတ္ဘဲ ဓါတ္ေငြ႕ယို႔စိမ့္မႈမ်ား ရပ္တန႔္သြားခဲ့ေၾကာင္း၊ အဆိုပါဓါတ္ေငြ႕ပိုက္လိုင္းကို စီမံခန႔္ခြဲေရးအဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

အဆိုပါဓါတ္ေငြ႕ပိုက္လိုင္းကိုစီမံခန႔္ခြဲေနတဲ့အဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Ulrich Lissek က "ေရဖိအားေတြက ပိုက္လိုင္းအတြင္းရွိ ဓါတ္ေငြ႕ေတြကိုအျပင္ဘက္ကို မထြက္ႏိုင္ေအာင္အနည္းနဲ႔အမ်ားေတာ့ ပိတ္ထားႏိုင္တယ္။ ပိုက္လိုင္းထဲမွာ ဓါတ္ေငြ႕ေတြရွိေနဆဲျဖစ္ပါတယ္" လို႔ေျပာပါတယ္။

ဒါေပမယ့္ Nord Stream 1 ဓါတ္ေငြ႕ပိုက္လိုင္းယိုစိမ့္မႈမ်ားနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္မွာအတိအက်ေျပာလို႔မရေသးဘူးလို႔ သိရပါတယ္။

ဥေရာပႏိုင္ငံေတြကို ပို႔လႊတ္ေပးေနတဲ့ ႐ုရွားရဲ႕ဓါတ္ေငြ႕ပိုက္လိုင္းေတြျဖစ္တဲ့ Nord Stream 1 နဲ႔ Nord Stream 2 တို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယိုစိမ့္မႈမ်ားျဖစ္ခဲ့ေၾကာင္း၊ အဆိုပါဓါတ္ေငြ႕ပိုက္လိုင္းႏွစ္ခုစလုံးဟာ ဂ်ာမနီႏိုင္ငံကို ဆက္သြယ္ သြယ္တန္းထားတဲ့ပိုက္လိုင္းေတြျဖစ္တယ္လို႔ သိရပါတယ္။

ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ႐ုရွားဟာ ဥေရာပႏိုင္ငံမ်ားကို ဓါတ္ေငြ႕ပို႔လႊတ္ေရးနဲ႔ပတ္သက္ကာ အျငင္းပြားမႈျဖစ္ခဲ့ၿပီး ဓါတ္ေငြ႕ပို႔လႊတ္မႈမ်ားေလ်ာ့ခ်ဖို႔ စီစဥ္ခဲ့တယ္လို႔ သိရပါတယ္။ ဓါတ္ေငြ႕ပို႔လႊတ္ေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိေနခ်ိန္မွာ ေဘာလ္တစ္ပင္လယ္အတြင္းခ်ထားတဲ့ ဓါတ္ေငြ႕ပိုက္လိုင္း သြယ္တန္းထားတဲ့လမ္းေၾကာင္းတစ္ေလွ်ာက္ရဲ႕ မတူညီတဲ့ေနရာ ေလးခုမွာ ယို႔စိမ္မႈမ်ားရွိေနတဲ့သတင္းမ်ားထြက္ေပၚခဲ့ၿပီး အဲဒီယိုစိမ့္မႈေတြက ေဖာက္ခြဲဖ်က္ဆီးခံရျခင္းေၾကာင့္ျဖစ္ႏိုင္ေၾကာင္း သတင္းမ်ားထပ္မံထြက္ေပၚလာခဲ့ပါတယ္။

ရရွိထားတဲ့သတင္းအခ်က္လက္မ်ားအရမႈ အဆိုပါဓါတ္ေငြ႕ပိုက္လိုင္းေပါက္ကြဲမႈေတြက ရည္႐ြယ္ခ်က္ရွိရွိတဲ့တိုက္ခိုက္တာမ်ိဳးျဖစ္ႏိုင္တဲ့အခ်က္ကိုေဖာ္ျပေနေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.