ယီမင်ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးအဆုံးသတ်

 587

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂

အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်အဖွဲ့က ယီမင်အပစ်ခတ်ရပ်စဲရေးဟာ အဆုံးသတ်သွားခဲ့ပြီဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ကြားဝင်စေ့စပ်မှုများကြောင့် ယီမင်နိုင်ငံမှာ ယာယီအပစ်ခတ်ရပ်စဲရေးရရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ အပစ်ခတ်ရပ်စဲရေးက သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ ယီမင်နိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် လူထောင်ချီသေဆုံးခဲ့ပြီး လူသန်းချီ လူသားချင်းဆိုင်ရာစာနာမှုအကူညီအဆိုးရွားဆုံးဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ က ဆိုပါတယ်။

ယီမင်နိုင်ငံမှာ ဧပြီလက ယာယီအပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေးသက်တမ်းနှစ်ကြိမ် တိုးနိုင်ခဲ့ ပေမယ့် သက်တမ်းထပ်မံတိုးနိုင်ခြင်းမရှိခဲ့ဘဲ သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ အပစ်ခတ်ရပ်စဲရေးသက်တမ်းတိုးနိုင်ရေးအတွက် ကြိုးပမ်းခဲ့ပေမယ့် သက်တမ်း တိုးနိုင်ခြင်းမရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ဟူသီသူပုန်အဖွဲ့က "အဓိကဦးစားပေးဖြစ်တဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုတွေ ပြီးခဲ့တဲ့ ၆ လအတွင်း မှာ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဘူး" လို့ပြောပါတယ်။

ယီမင်အစိုးရနဲ့ ဟူသီသူပုန်အဖွဲ့တွေဟာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်များ ချိုးဖောက်နေတယ်လို့ အပြန် အလှန်စွပ်စွဲမှုများရှိနေခဲ့ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ယီမင်နိုင်ငံမှာ အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးဖို့နဲ့ပတ်သက်ပြီး တိုးတက်မှုများမရှိတဲ့အတွက် စိုးရိမ်မိကြောင်း၊ နှစ်ဖက်စလုံးဟာ ပြီးခဲ့တဲ့ ၆ လ အတွင်းရရှိခဲ့တဲ့တိုးတက်မှုများကို အချည်းနှီးဖြစ်အောင်မလုပ်ဖို့နဲ့ အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းလုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ယီမင္ျပည္တြင္းစစ္နဲ႔ပတ္သက္ၿပီး အပစ္ခတ္ရပ္စဲေရးအဆုံးသတ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂

အီရန္ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ဟူသီသူပုန္အဖြဲ႕က ယီမင္အပစ္ခတ္ရပ္စဲေရးဟာ အဆုံးသတ္သြားခဲ့ၿပီျဖစ္ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ကုလသမဂၢရဲ႕ၾကားဝင္ေစ့စပ္မႈမ်ားေၾကာင့္ ယီမင္ႏိုင္ငံမွာ ယာယီအပစ္ခတ္ရပ္စဲေရးရရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ အပစ္ခတ္ရပ္စဲေရးက သက္တမ္းကုန္ဆုံးသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။ ယီမင္ႏိုင္ငံမွာ ျပည္တြင္းစစ္ေၾကာင့္ လူေထာင္ခ်ီေသဆုံးခဲ့ၿပီး လူသန္းခ်ီ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီအဆိုး႐ြားဆုံးျဖစ္ခဲ့ရေၾကာင္း ကုလသမဂၢ က ဆိုပါတယ္။

ယီမင္ႏိုင္ငံမွာ ဧၿပီလက ယာယီအပစ္ခတ္ရပ္စဲေရး ရယူႏိုင္ခဲ့ၿပီး အပစ္ခတ္ရပ္စဲေရးသက္တမ္းႏွစ္ႀကိမ္ တိုးႏိုင္ခဲ့ ေပမယ့္ သက္တမ္းထပ္မံတိုးႏိုင္ျခင္းမရွိခဲ့ဘဲ သက္တမ္းကုန္ဆုံးခဲ့တာျဖစ္ပါတယ္။ ယီမင္ႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ဟာ အပစ္ခတ္ရပ္စဲေရးသက္တမ္းတိုးႏိုင္ေရးအတြက္ ႀကိဳးပမ္းခဲ့ေပမယ့္ သက္တမ္း တိုးႏိုင္ျခင္းမရွိခဲ့ေၾကာင္း သတင္းေတြက ေဖာ္ျပထားပါတယ္။

ဟူသီသူပုန္အဖြဲ႕က "အဓိကဦးစားေပးျဖစ္တဲ့ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးမႈေတြ ၿပီးခဲ့တဲ့ ၆ လအတြင္း မွာ ေျဖရွင္းႏိုင္ျခင္းမရွိခဲ့ဘူး" လို႔ေျပာပါတယ္။

ယီမင္အစိုးရနဲ႔ ဟူသီသူပုန္အဖြဲ႕ေတြဟာ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္မ်ား ခ်ိဳးေဖာက္ေနတယ္လို႔ အျပန္ အလွန္စြပ္စြဲမႈမ်ားရွိေနခဲ့ပါတယ္။ ကုလသမဂၢအထူးကိုယ္စားလွယ္က ယီမင္ႏိုင္ငံမွာ အပစ္ခတ္ရပ္စဲေရး သက္တမ္းတိုးဖို႔နဲ႔ပတ္သက္ၿပီး တိုးတက္မႈမ်ားမရွိတဲ့အတြက္ စိုးရိမ္မိေၾကာင္း၊ ႏွစ္ဖက္စလုံးဟာ ၿပီးခဲ့တဲ့ ၆ လ အတြင္းရရွိခဲ့တဲ့တိုးတက္မႈမ်ားကို အခ်ည္းႏွီးျဖစ္ေအာင္မလုပ္ဖို႔နဲ႔ အပစ္ခတ္ရပ္စဲေရး သက္တမ္းတိုးႏိုင္ေရးနဲ႔ပတ္သက္ၿပီး ႀကိဳးပမ္းလုပ္ေဆာင္ဖို႔ တိုက္တြန္းေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.