အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာထိုင်ခုံ အလွတ်ထားဖွယ်ရှိနေ

 860

ဂျန်ဇက် (NP News) - အောက်တိုဘာ ၈

လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ထိုင်ခုံကို အလွတ်ထားရဖွယ်ရှိနေကြောင်း၊ ကမ္ဘောဒီးယားအခြေစိုက် cambodianess သတင်းဌာနက ပြောပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ လာမယ့်လမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်း အဝေးကိုတက်ရောက်ဖို့ နစကအကြီးအကဲကို ဖိတ်ကြားခြင်းမပြုဘဲ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မပတ်သက်တဲ့သူကိုသာစေလွှတ်ဖို့ တောင်းဆိုခဲ့ပေမယ့် နစကဘက်က နိုင်ငံရေးနဲ့မပတ်သက်တဲ့သူကိုလည်း စေလွှတ်မှာ မဟုတ်ကြောင်း အကြောင်း ပြန်ခဲ့တယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းဝေးများကို နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းကတည်းက အာဆီယံအစည်းအဝေးများတက်ရောက်ဖို့ ပိတ်ပင်ခံရပြီး၊ အာဆီယံဟာ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မပတ်သက်တဲ့သူကိုသာ ဖိတ်ကြားခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချန်ဆောင်ရီက "လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို နစကဘက်က နိုင်ငံရေးနဲ့မပတ်သက်တဲ့သူကိုလည်း မြန်မာကိုယ်စားပြုကိုယ်စားလှယ်အဖြစ် စေလွှတ်မှာမဟုတ်ဘူး" လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာ နိုင်ငံရေးအကျပ်အတည်းများကိုဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့ဟာ နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၂ဝ၂၁ ခုနှစ်၊ ဧပြီလမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက် ငါးချက် ရယူခဲ့တယ်လို့ သိရပါတယ်။

နစက ဟာ အဆိုပါသဘောတူညီချက်များကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အတွက် အာဆီယံအဖွဲ့ဟာ အာဆီယံအစည်းအဝေးတွေမှာ နစကအစိုးရတာဝန်ရှိသူတွေတက်ရောက်ဖို့ပိတ်ပင်ခဲ့ပြီး သဘောတူညီချက်များ သိသာတိုးတက်ချိန်မှသာ အစည်းအဝေးတက်ခွင့်ပေးဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာထိုင္ခုံ အလြတ္ထားဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၈

လာမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာႏိုင္ငံရဲ႕ထိုင္ခုံကို အလြတ္ထားရဖြယ္ရွိေနေၾကာင္း၊ ကေမာၻဒီးယားအေျခစိုက္ cambodianess သတင္းဌာနက ေျပာပါတယ္။

အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံဟာ လာမယ့္လမွာက်င္းပမယ့္ အာဆီယံထိပ္သီးအစည္း အေဝးကိုတက္ေရာက္ဖို႔ နစကအႀကီးအကဲကို ဖိတ္ၾကားျခင္းမျပဳဘဲ ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့သူကိုသာေစလႊတ္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ နစကဘက္က ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့သူကိုလည္း ေစလႊတ္မွာ မဟုတ္ေၾကာင္း အေၾကာင္း ျပန္ခဲ့တယ္လို႔ သိရပါတယ္။

အာဆီယံထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္အစည္းေဝးမ်ားကို ႏိုဝင္ဘာ ၁၁ ရက္မွ ၁၃ ရက္ေန႔အထိ က်င္းပဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ေနာက္ပိုင္းကတည္းက အာဆီယံအစည္းအေဝးမ်ားတက္ေရာက္ဖို႔ ပိတ္ပင္ခံရၿပီး၊ အာဆီယံဟာ ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့သူကိုသာ ဖိတ္ၾကားခဲ့ၾကပါတယ္။

ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ခ်န္ေဆာင္ရီက "လာမယ့္ အာဆီယံထိပ္သီးအစည္းအေဝးကို နစကဘက္က ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့သူကိုလည္း ျမန္မာကိုယ္စားျပဳကိုယ္စားလွယ္အျဖစ္ ေစလႊတ္မွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲႏွစ္ ေဖေဖာ္ဝါရီလက အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာ ႏိုင္ငံေရးအက်ပ္အတည္းမ်ားကိုေျဖရွင္းႏိုင္ဖို႔ အာဆီယံအဖြဲ႕ဟာ နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ၂ဝ၂၁ ခုႏွစ္၊ ဧၿပီလမွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး သေဘာတူညီခ်က္ ငါးခ်က္ ရယူခဲ့တယ္လို႔ သိရပါတယ္။

နစက ဟာ အဆိုပါသေဘာတူညီခ်က္မ်ားကို အေကာင္အထည္ေဖာ္ရာမွာ တိုးတက္မႈမရွိတဲ့အတြက္ အာဆီယံအဖြဲ႕ဟာ အာဆီယံအစည္းအေဝးေတြမွာ နစကအစိုးရတာဝန္ရွိသူေတြတက္ေရာက္ဖို႔ပိတ္ပင္ခဲ့ၿပီး သေဘာတူညီခ်က္မ်ား သိသာတိုးတက္ခ်ိန္မွသာ အစည္းအေဝးတက္ခြင့္ေပးဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

Picture

Ye Htun

08/10/2022 21:35

မင်းတို့ဖြစ်စေချင်သလိုလည်း နစက ကလုပ်မှာမဟုတ်လို့....ဘယ်တော့မှလည်းမတက်ဘူး.......

Picture

U Myint Thein

09/10/2022 00:00

USA CIA ယုတ်မာနေသမျှ ဒီလိုဘဲရှိနေမည်။

Picture

hai mun

09/10/2022 00:46

အရေးစိုက်စရာမလိုပါဘူးဒီဘက်ကလဲသောက်ဂရုကိုမစိုက်တာ

Related news

© 2021. All rights reserved.