မြဝတီမြို့ရှိ “ဂျပန်ကြီး” စတိုးဆိုင်အတွင်း လက်ပစ်ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦးသေဆုံး

 966

NP News - အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ “ဂျပန်ကြီး” စတိုးဆိုင်အတွင်း လက်ပစ်ဗုံးကျရောက် ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၁၁)ရက်၊ ည(၇)နာရီအချိန်တွင် မြဝတီမြို့၊ (၁)ရပ် ကွက်၊ ယုဇနလမ်းရှိ “ဂျပန်ကြီး” စတိုးဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယုဇနလမ်းရှိ “ဂျပန်ကြီး” စတိုးဆိုင်နှင့် “သူကြီးသမီး မယ်သင်း” ဖက်ထုပ်ထမင်းဆိုင်အား တောင်ဘက်မှ မြောက်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်အမျိုးသား(၂)ဦးက လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

၎င်းလက်ပစ်ဗုံးမှာ စတိုးဆိုင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါဆိုင်ပိုင်ရှင် ဒေါ်စန်းစန်းအေး၏ တူဖြစ်သူ မောင်သီဟသူ(၁၈)နှစ်တွင် ရင်အုံနှင့် ဝမ်းဗိုက်တို့တွင် ဗုံးစဖောက်ဝင်ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အလားတူ ညနေ(၃)နာရီခွဲအချိန်တွင် မကွေးတိုင်း၊ ရေစကြိုမြို့၊ (၂)ရပ်ကွက် စည် ပင်သာယာရပ်ရှိ “နေရှင်နယ်” လက်ဖက်ရည်ဆိုင်အား အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဗိုလ်ချုပ်လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ဆိုင်ကယ်(၂)စီး မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသား(၄)ဦးက အဆိုပါ လက်ဖက်ရည်ဆိုင်အား သေနတ်ဖြင့်တစ်ချက်ပစ်ခတ်၍ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ပေါက်ကွဲမှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်မြင့်ရီ(၆၇)နှစ်နှင့် မဇင်မာဝေ(၃၅)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာတစ်ချက်စီရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ျမဝတီၿမိဳ႕ရွိ “ဂ်ပန္ႀကီး” စတိုးဆိုင္အတြင္း လက္ပစ္ဗုံးက်ေရာက္ေပါက္ကြဲခဲ့ရာ အမ်ိဳးသားတစ္ဦးေသဆုံး
NP News - ေအာက္တိုဘာ ၁၃

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ရွိ “ဂ်ပန္ႀကီး” စတိုးဆိုင္အတြင္း လက္ပစ္ဗုံးက်ေရာက္ ေပါက္ကြဲခဲ့ရာ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၁၁)ရက္၊ ည(၇)နာရီအခ်ိန္တြင္ ျမဝတီၿမိဳ႕၊ (၁)ရပ္ ကြက္၊ ယုဇနလမ္းရွိ “ဂ်ပန္ႀကီး” စတိုးဆိုင္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ ယုဇနလမ္းရွိ “ဂ်ပန္ႀကီး” စတိုးဆိုင္ႏွင့္ “သူႀကီးသမီး မယ္သင္း” ဖက္ထုပ္ထမင္းဆိုင္အား ေတာင္ဘက္မွ ေျမာက္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အၾကမ္းဖက္အမ်ိဳးသား(၂)ဦးက လက္ပစ္ဗုံးတစ္လုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

၎လက္ပစ္ဗုံးမွာ စတိုးဆိုင္အတြင္း က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ အဆိုပါဆိုင္ပိုင္ရွင္ ေဒၚစန္းစန္းေအး၏ တူျဖစ္သူ ေမာင္သီဟသူ(၁၈)ႏွစ္တြင္ ရင္အုံႏွင့္ ဝမ္းဗိုက္တို႔တြင္ ဗုံးစေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ျမဝတီခ႐ိုင္ျပည္သူ႔ ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနစဥ္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

အလားတူ ညေန(၃)နာရီခြဲအခ်ိန္တြင္ မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕၊ (၂)ရပ္ကြက္ စည္ ပင္သာယာရပ္ရွိ “ေနရွင္နယ္” လက္ဖက္ရည္ဆိုင္အား အၾကမ္းဖက္သမားမ်ားက လက္လုပ္ဗုံးျဖင့္ ပစ္ေပါက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ဗိုလ္ခ်ဳပ္လမ္းအတိုင္း ေျမာက္ဘက္မွ ေတာင္ဘက္သို႔ ဆိုင္ကယ္(၂)စီး ေမာင္းႏွင္လာသည့္ အၾကမ္းဖက္သမား အမ်ိဳးသား(၄)ဦးက အဆိုပါ လက္ဖက္ရည္ဆိုင္အား ေသနတ္ျဖင့္တစ္ခ်က္ပစ္ခတ္၍ လက္လုပ္ဗုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

ေပါက္ကြဲမႈေၾကာင့္ ဆိုင္ပိုင္ရွင္ျဖစ္သူ ေဒၚျမင့္ရီ(၆၇)ႏွစ္ႏွင့္ မဇင္မာေဝ(၃၅)ႏွစ္တို႔တြင္ ဗုံးစထိမွန္ဒဏ္ရာတစ္ခ်က္စီရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.