နစကကို ဝေဖန်ပြစ်တင်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ဖွယ်ရှိနေပြီး၊ ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူခွင့် ရဖွယ်မရှိကြောင်း သတင်းများထွက်ပေါ်နေ

648

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၆
နစက ကို ဝေဖန်ပြစ်မှုများ မကြာခဏ ပြုလုပ်လျက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့အလားလာနည်းနေပြီး နိုင်ငံခြားရေဝန်ကြီး
အဖြစ် ဆက်လက်တာဝန်ယူခွင့်ရတော့မှာ မဟုတ်ကြောင်း သုံးသပ်မှုများထွက်ပေါ်လျက်ရှိနေပါတယ်။
မလေးရှားနိုင်ငံမှာ နိုင်ငံရေးပြဿနာများကြောင့် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသွားမှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob မကြာသေးမီက ထုတ်ဖော်ကြေညာခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ လွှတ်တော်ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲကို ၂ လအတွင်း ကျင်းပရဖွယ်ရှိနေရာ လာမယ့်နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပဖွယ်ရှိနေကြောင်း မလေးရှား သတင်းတွေက ဖော်ပြပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ဟာ မလေးရှားဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin ဦးဆောင်တဲ့ Bersatu ပါတီဝင်ဖြစ်ပြီး ၄င်းတို့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရဖို့ အလားလာနည်းနေတယ်လို့ သုံးသပ်မှုများလည်းရှိနေပါတယ်။
စင်ကာပူအခြေစိုက် နိုင်ငံတကာရေးရာလေ့လာသုံးသပ်သူများအဖွဲ့ရဲ့နိုင်ငံရေးလေ့လာသုံးသပ်သူ Oh Ei Sunက "Bersatu ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ထောက်ခံမဲအများအပြားရမှာမဟုတ်ဘဲ ကန့်ကွက်မဲအများအပြားရဖို့ ရှိနေတယ်။ အဲဒီပါတီဟာ ရွေးကောက်ပွဲမှာ ယခင်အနိုင်ရဖူးတဲ့နေရာတွေမှာ အနိုင်ရဖို့ရုန်းကန်ရဖွယ်ရှိနေတယ်" လို့ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သလို မလေးရှားပါမောက္ခများကောင်စီရဲ့သုတေသီတစ်ဦးဖြစ်တဲ့ Jeniri Amir ကလည်း " Bersatu ပါတီဟာ ရွေးကောက်ပွဲမှာ အခြေခံလူတန်းစားတွေရဲ့ထောက်ခံမဲ အများအပြားရမှာ မဟုတ်ဘူး။ Bersatu ပါတီဟာ မလေးရှားနိုင်ငံရေးပါတီတွေထဲ အားနည်းတဲ့ပါတီဖြစ်တယ်။ Bersatu ဟာ အခြေခံလူတန်းစားတွေရဲ့မဲကို ရရှိအောင် ကြိုးပမ်းမယ်ဆိုရင်တောင် လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရမှာမဟုတ်ဘူး။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်ရှိတာဝန်ယူနေတဲ့ ဆိုင်ဖူဒင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင်လည်း အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် ပါဝင်ဖို့အလားလာနည်းပါတယ်" လို့ပြောပါတယ်။
မလေးရှားနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်သွားခဲ့ပါက မြန်မာနိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒက အပြောင်းအလဲရှိလာနိုင်သလားဆိုတာ မေးခွန်းထုတ်ခံနေရပါတယ်။
ဆိုင်ဖူဒင်ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လမှာ တာဝန်ယူခဲ့ပြီးနောက်ပိုင်း အာဆီယံသဘောတူညီချက်များအကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများထဲ နစကကို အကျယ်လောင်ဆုံး ဝေဖန်ပြစ်တင်ခဲ့သူဖြစ်သလို NUG နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးတဲ့ အာဆီယံအဖွဲ့ရဲ့ပထမဆုံး သံတမန်တစ်ဦးဖြစ်ပါတယ်။

Zawgyi Version;
နစကကို ေဝဖန္ျပစ္တင္ေနတဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ဖြယ္ရွိေနၿပီး၊ ဝန္ႀကီးအျဖစ္ ဆက္လက္တာဝန္ယူခြင့္ ရဖြယ္မရွိေၾကာင္း သတင္းမ်ားထြက္ေပၚေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၆
နစက ကို ေဝဖန္ျပစ္မႈမ်ား မၾကာခဏ ျပဳလုပ္လ်က္ရွိေနတဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဆိုင္ဖူဒင္ဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔အလားလာနည္းေနၿပီး ႏိုင္ငံျခားေရဝန္ႀကီး
အျဖစ္ ဆက္လက္တာဝန္ယူခြင့္ရေတာ့မွာ မဟုတ္ေၾကာင္း သုံးသပ္မႈမ်ားထြက္ေပၚလ်က္ရွိေနပါတယ္။
မေလးရွားႏိုင္ငံမွာ ႏိုင္ငံေရးျပႆနာမ်ားေၾကာင့္ လႊတ္ေတာ္ကို ဖ်က္သိမ္းၿပီး ေ႐ြးေကာက္ပြဲကို ျပန္လည္က်င္းပသြားမွာျဖစ္ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob မၾကာေသးမီက ထုတ္ေဖာ္ေၾကညာခဲ့ပါတယ္။
မေလးရွားႏိုင္ငံမွာ လႊတ္ေတာ္ဖ်က္သိမ္းၿပီးေနာက္ ေ႐ြးေကာက္ပြဲကို ၂ လအတြင္း က်င္းပရဖြယ္ရွိေနရာ လာမယ့္ႏိုဝင္ဘာလအတြင္း ေ႐ြးေကာက္ပြဲျပန္လည္က်င္းပဖြယ္ရွိေနေၾကာင္း မေလးရွား သတင္းေတြက ေဖာ္ျပပါတယ္။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဆိုင္ဖူဒင္ဟာ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း Muhyiddin Yassin ဦးေဆာင္တဲ့ Bersatu ပါတီဝင္ျဖစ္ၿပီး ၄င္းတို႔ပါတီဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာအႏိုင္ရဖို႔ အလားလာနည္းေနတယ္လို႔ သုံးသပ္မႈမ်ားလည္းရွိေနပါတယ္။
စင္ကာပူအေျခစိုက္ ႏိုင္ငံတကာေရးရာေလ့လာသုံးသပ္သူမ်ားအဖြဲ႕ရဲ႕ႏိုင္ငံေရးေလ့လာသုံးသပ္သူ Oh Ei Sunက "Bersatu ပါတီဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ ေထာက္ခံမဲအမ်ားအျပားရမွာမဟုတ္ဘဲ ကန႔္ကြက္မဲအမ်ားအျပားရဖို႔ ရွိေနတယ္။ အဲဒီပါတီဟာ ေ႐ြးေကာက္ပြဲမွာ ယခင္အႏိုင္ရဖူးတဲ့ေနရာေတြမွာ အႏိုင္ရဖို႔႐ုန္းကန္ရဖြယ္ရွိေနတယ္" လို႔ေျပာပါတယ္။
ဒါ့အျပင္ ႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးျဖစ္သလို မေလးရွားပါေမာကၡမ်ားေကာင္စီရဲ႕သုေတသီတစ္ဦးျဖစ္တဲ့ Jeniri Amir ကလည္း " Bersatu ပါတီဟာ ေ႐ြးေကာက္ပြဲမွာ အေျခခံလူတန္းစားေတြရဲ႕ေထာက္ခံမဲ အမ်ားအျပားရမွာ မဟုတ္ဘူး။ Bersatu ပါတီဟာ မေလးရွားႏိုင္ငံေရးပါတီေတြထဲ အားနည္းတဲ့ပါတီျဖစ္တယ္။ Bersatu ဟာ အေျခခံလူတန္းစားေတြရဲ႕မဲကို ရရွိေအာင္ ႀကိဳးပမ္းမယ္ဆိုရင္ေတာင္ လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရမွာမဟုတ္ဘူး။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ လက္ရွိတာဝန္ယူေနတဲ့ ဆိုင္ဖူဒင္ဟာ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့မယ္ဆိုရင္လည္း အစိုးရအဖြဲ႕မွာ ဝန္ႀကီးအျဖစ္ ပါဝင္ဖို႔အလားလာနည္းပါတယ္" လို႔ေျပာပါတယ္။
မေလးရွားႏိုင္ငံမွာ အစိုးရအဖြဲ႕အေျပာင္းအလဲျဖစ္သြားခဲ့ပါက ျမန္မာႏိုင္ငံေရးျပႆနာနဲ႔ပတ္သက္ၿပီး မေလးရွားႏိုင္ငံရဲ႕ႏိုင္ငံျခားေရးမူဝါဒက အေျပာင္းအလဲရွိလာႏိုင္သလားဆိုတာ ေမးခြန္းထုတ္ခံေနရပါတယ္။
ဆိုင္ဖူဒင္ဟာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ၂ဝ၂၁ ခုႏွစ္၊ ၾသဂုတ္လမွာ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း အာဆီယံသေဘာတူညီခ်က္မ်ားအေကာင္အထည္ေဖာ္ေရးနဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျခားေရးဝန္ႀကီးမ်ားထဲ နစကကို အက်ယ္ေလာင္ဆုံး ေဝဖန္ျပစ္တင္ခဲ့သူျဖစ္သလို NUG နဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးတဲ့ အာဆီယံအဖြဲ႕ရဲ႕ပထမဆုံး သံတမန္တစ္ဦးျဖစ္ပါတယ္။