လိဒ်ယူနိုက်တက်အသင်းကိုအနိုင်ရရှိပြီးနောက် အခက်အခဲဆုံးစမ်းသပ်မှုကို ကျော်လွှားနိုင်ခဲ့ကြောင်း အာဆင်နယ်နည်းပြ အာတီတာဆို

 483

ဖြိုးခန့် (NP News) - အောက်တိုဘာ ၁၈

လိဒ်ယူနိုက်တက်အသင်းကို (၁)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက် ရပ်တည် နိုင်ပြီးနောက် လက်ရှိပရီးမီးယားလိဂ်ရာသီ၏ အခက်အခဲဆုံးစမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး နည်းပြ အာတီတာ က ပြောဆိုခဲ့သည်။

လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို ဆာကာက ပွဲချိန်(၃၅)မိနစ်တွင် သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်(၁ဝ)ပွဲတွင် (၉)ပွဲ မြောက်နိုင်ပွဲကို ရယူပေးနိုင်ခဲ့သည်။ လိဒ်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး ပက်ထရစ် ဘမ်းဖို့ဒ်က သွင်းယူခဲ့သော်လည်း VAR ပြန်ကြည့်ပြီးနောက် အဆိုပါဂိုးကို ပယ်ချခဲ့ကြောင်းသိရသည်။

လိဒ်ယူနိုက်တက်အသင်းသည် ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့သော်လည်း တိုက်စစ်မှူးဘမ်းဖို့ဒ်သည် ဂိုးမသွင်းယူနိုင်ခဲ့ သည့်အတွက် ချေပဂိုးရယူနိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။
အာဆင်နယ်အသင်း နည်းပြအာတီတာ က “အလွန်ရှုပ်ထွေးပြီး ဖရိုဖရဲဖြစ်ခဲ့တဲ့ အခိုက်အတန့်တွေ အများကြီးရှိခဲ့ ပါတယ်။ လိဒ်ယူနိုက်တက်အသင်း ကစားခဲ့တဲ့ပုံစံက တကယ်ကို ကောင်းပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့အသင်း အနိုင်ရခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်” ဟု ဆိုသည်။

နည်းပြအာတီတာက ၎င်း၏အသင်းသည် ပထမပိုင်းတွင် (၂)ဂိုး (သို့မဟုတ်) (၃)ဂိုးထိသွင်းယူနိုင်ခဲ့သင့်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယပိုင်းတွင် လိဒ်ယူနိုက်တက်အသင်း၏ ဖိအားပေးကစားမှုကြောင့် အခက်အခဲများရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

နည်းပြအာတီတာက “ဒုတိယပိုင်းအစမှာ ကျွန်တော်တို့ အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး၊၊ ကျွန်တော်တို့ မှားယွင်း တဲ့ဆုံးဖြတ်ချက်တွေကို ချခဲ့မိတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခဖြစ်အောင် လုပ်ခဲ့မိပါတယ်။ ဒါပေမယ့် အဲဒီအခိုက် အတန့်တွေကြားကနေ လိဒ်ယူနိုက်တက်အသင်းကို အနိုင်ရရှိအောင် ကစားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့စိတ်ဓာတ် ကို တကယ်ကိုသဘောကျမိပါတယ်” ဟု ဆိုသည်။

Related news

© 2021. All rights reserved.