ရုရှားစွမ်းအင်အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အစီအစဉ်များလုပ်နေကြောင်း အီတလီအစိုးရ ဆို

 548

ဖြိုးခန့်(NP News) – အောက်တိုဘာ ၁၈

အီတလီနိုင်ငံသည် ရုရှားထံမှစွမ်းအင်ထောက်ပံ့မှုများဖြတ်တောက်ခံရပါက အရေးပေါ်စွမ်းအင်ချွေတာရေး အစီအစဉ်၏တစိတ်တပိုင်းအဖြစ် ယခုဆောင်းရာသီတွင် စက်မှုလုပ်ငန်းများကို ရက်(၃ဝ)ခန့်အထိ ရပ်တန့်ထား မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ Il Messagero က အောက်တိုဘာ(၁၇)ရက်နေ့တွင် ဖော်ပြခဲ့သည်။

အီတလီစွမ်းအင်ဝန်ကြီး ရော်ဘတ်တိုစင်ဂိုလာနီက လာမည့်လများအတွင်း ဓာတ်ငွေ့သုံးစွဲမှုကို (၁၅)ရာခိုင်နှုန်း အထိလျော့ချရန် ဥရောပသမဂ္ဂက အစီအစဉ်များ လုပ်ဆောင်နေချိန်တွင် အီတလီနိုင်ငံအတွင်းလုပ်ဆောင်မည့် အစီ အစဉ်များကို အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် ရုရှားစွမ်းအင်အပေါ်မှီခိုနေရမှုကို လျှော့ချရန်ကြိုးပမ်းလျက်ရှိနေချိန်တွင် စွမ်းအင်လုံခြုံရေးကို တိုးမြှင့်နိုင်ရန်အတွက် စွမ်းအင်ကို အချိုးကျသုံးစွဲရန် သဘောတူညီခဲ့ကြောင်းသိရသည်။ အီတလီသည် နိုင်ငံ အတွက်အသုံးပြုနေသည့် စွမ်းအင်အားလုံး၏ စွမ်းအင်(၇၅)ရာခိုင်နှုန်းနီးပါးအတွက် ပြည်ပနိုင်ငံများထံမှ စွမ်းအင် တင်သွင်းမှုများအပေါ် မှီခိုနေရကြောင်းသိရသည်။

အီတလီနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် ၎င်း၏ဓာတ်ငွေ့(၄ဝ)ရာခိုင်နှုန်းကို ရုရှားနိုင်ငံထံမှ တင်သွင်းခဲ့ပြီး ယူကရိန်းအပေါ် ကျူးကျော်မှုများနှင့်ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ခြင်းကြောင့် ဇူလိုင်လတွင် စွမ်းအင်တင်သွင်းမှု (၂၅)ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါခွဲတမ်းအစီအစဉ်အသစ်သည် စွမ်းအင်အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။ အီတလီနှင့် အခြားသော ဥရောပနိုင်ငံများ သည် စွမ်းအင်စျေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းကြောင့် စံချိန်တင် ငွေကြေးဖောင်းပွမှုများနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။

အီတလီနိုင်ငံ၏ ‌ဂေဟစနစ် ကူးပြောင်းရေးဝန်ကြီးဌာနသည် ဆောင်းရာသီတွင် အနွေးဓာတ်ရရန်အတွက် ဓာတ်ငွေ့ အသုံးပြုမှုများနှင့်ပတ်သက်ပြီး ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များပါဝင်သည့် စွမ်းအင်ချွေတာရေးပြဌာန်းချက် ကို ပြီးခဲ့သည့်သီတင်းပတ်တွင် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်းသိရသည်။

အဆိုပါပြဌာန်းချက်အရ နိုင်ငံအတွင်း အနွေးဓာတ်ရရှိရန်အတွက် ဓာတ်‌ငွေ့အသုံးပြုမှုများကို တစ်ရက်လျှင် တစ်နာရီလျှော့ချမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version;
႐ုရွားစြမ္းအင္အေပၚ မွီခိုေနရမႈကို ေလွ်ာ့ခ်ရန္အတြက္ အစီအစဥ္မ်ားလုပ္ေနေၾကာင္း အီတလီအစိုးရ ဆို
ၿဖိဳးခန႔္(NP News) – ေအာက္တိုဘာ ၁၈

အီတလီႏိုင္ငံသည္ ႐ုရွားထံမွစြမ္းအင္ေထာက္ပံ့မႈမ်ားျဖတ္ေတာက္ခံရပါက အေရးေပၚစြမ္းအင္ေခြၽတာေရး အစီအစဥ္၏တစိတ္တပိုင္းအျဖစ္ ယခုေဆာင္းရာသီတြင္ စက္မႈလုပ္ငန္းမ်ားကို ရက္(၃ဝ)ခန႔္အထိ ရပ္တန႔္ထား မည္ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာ Il Messagero က ေအာက္တိုဘာ(၁၇)ရက္ေန႔တြင္ ေဖာ္ျပခဲ့သည္။

အီတလီစြမ္းအင္ဝန္ႀကီး ေရာ္ဘတ္တိုစင္ဂိုလာနီက လာမည့္လမ်ားအတြင္း ဓာတ္ေငြ႕သုံးစြဲမႈကို (၁၅)ရာခိုင္ႏႈန္း အထိေလ်ာ့ခ်ရန္ ဥေရာပသမဂၢက အစီအစဥ္မ်ား လုပ္ေဆာင္ေနခ်ိန္တြင္ အီတလီႏိုင္ငံအတြင္းလုပ္ေဆာင္မည့္ အစီ အစဥ္မ်ားကို အဆိုျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဥေရာပသမဂၢသည္ ႐ုရွားစြမ္းအင္အေပၚမွီခိုေနရမႈကို ေလွ်ာ့ခ်ရန္ႀကိဳးပမ္းလ်က္ရွိေနခ်ိန္တြင္ စြမ္းအင္လုံၿခဳံေရးကို တိုးျမႇင့္ႏိုင္ရန္အတြက္ စြမ္းအင္ကို အခ်ိဳးက်သုံးစြဲရန္ သေဘာတူညီခဲ့ေၾကာင္းသိရသည္။ အီတလီသည္ ႏိုင္ငံ အတြက္အသုံးျပဳေနသည့္ စြမ္းအင္အားလုံး၏ စြမ္းအင္(၇၅)ရာခိုင္ႏႈန္းနီးပါးအတြက္ ျပည္ပႏိုင္ငံမ်ားထံမွ စြမ္းအင္ တင္သြင္းမႈမ်ားအေပၚ မွီခိုေနရေၾကာင္းသိရသည္။

အီတလီႏိုင္ငံသည္ ယခုႏွစ္အေစာပိုင္းတြင္ ၎၏ဓာတ္ေငြ႕(၄ဝ)ရာခိုင္ႏႈန္းကို ႐ုရွားႏိုင္ငံထံမွ တင္သြင္းခဲ့ၿပီး ယူကရိန္းအေပၚ က်ဴးေက်ာ္မႈမ်ားႏွင့္ပတ္သက္ၿပီး ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ခဲ့ျခင္းေၾကာင့္ ဇူလိုင္လတြင္ စြမ္းအင္တင္သြင္းမႈ (၂၅)ရာခိုင္ႏႈန္းအထိ က်ဆင္းသြားခဲ့ေၾကာင္းသိရသည္။

အဆိုပါခြဲတမ္းအစီအစဥ္အသစ္သည္ စြမ္းအင္အက်ပ္အတည္းကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ရည္႐ြယ္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းသိရသည္။ အီတလီႏွင့္ အျခားေသာ ဥေရာပႏိုင္ငံမ်ား သည္ စြမ္းအင္ေစ်းႏႈန္းမ်ား ပိုမိုျမင့္တက္လာျခင္းေၾကာင့္ စံခ်ိန္တင္ ေငြေၾကးေဖာင္းပြမႈမ်ားႏွင့္ ရင္ဆိုင္ေနရ ေၾကာင္း သိရသည္။

အီတလီႏိုင္ငံ၏ ‌ေဂဟစနစ္ ကူးေျပာင္းေရးဝန္ႀကီးဌာနသည္ ေဆာင္းရာသီတြင္ အေႏြးဓာတ္ရရန္အတြက္ ဓာတ္ေငြ႕ အသုံးျပဳမႈမ်ားႏွင့္ပတ္သက္ၿပီး ပိုမိုတင္းက်ပ္ေသာ ကန႔္သတ္ခ်က္မ်ားပါဝင္သည့္ စြမ္းအင္ေခြၽတာေရးျပဌာန္းခ်က္ ကို ၿပီးခဲ့သည့္သီတင္းပတ္တြင္ တရားဝင္အသိအမွတ္ျပဳခဲ့ေၾကာင္းသိရသည္။

အဆိုပါျပဌာန္းခ်က္အရ ႏိုင္ငံအတြင္း အေႏြးဓာတ္ရရွိရန္အတြက္ ဓာတ္‌ေငြ႕အသုံးျပဳမႈမ်ားကို တစ္ရက္လွ်င္ တစ္နာရီေလွ်ာ့ခ်မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.