အာရှလမ်း တောနော်ရေတံခွန်အနီး ဖြစ်ပွားသောတိုက်ပွဲများကြောင့် ယာဉ်အသွားအလာများ ရပ်ဆိုင်းနေ

 967

မျိုးကြီး (NP News) - အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ကရိတ်-မြဝတီ အာရှလမ်း၊ တောနော်ရေတံခွန်အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ယာဉ်အသွားအလာများ ရပ်ဆိုင်းနေကြောင်း သတင်းရရှိသည်။

တောနော်ရေတံခွန်အနီးတွင် အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းအချိန်ခန့်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ညနေ ၄ နာရီအချိန်ခန့်တွင် ယာဉ်အသွားအလာများကို ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“တိုက်ပွဲဖြစ်တာက မနေ့က ညနေပိုင်းလောက်ကတည်းက စဖြစ်ပြီးဖြစ်တော့ အာရှလမ်းမှာ ယာဉ်အသွားအလာကို ကန့်သတ်လိုက်တယ်။ ကန့်သတ်လိုက်တာ မနေ့က ညနေ ၄ နာရီဝန်ကျင်လောက်မှာ စပိတ်လိုက်တာ။ စပိတ်ပြီးတော့ အခုအချိန်အထိ ကားတွေအပြင် ဆိုင်ကယ်တွေပါ တက်ခွင့်မပြုထားဘူး။ ကော့ကရိတ်အပိုင်ထဲမှာဆိုရင် တောင်ပေါ်ကို မရောက်ခင်နေရာမှာ စပိတ်တယ်။ နောက်ပြီးတော့ ကော့ကရိတ်မြို့အဝင်မှာလည်း ပိတ်ထားတယ်။ ကျွန်တော်တို့ထင်တာတော့ အစီးတစ်ထောင်လောက်တော့ ပိတ်မိနေမယ်လို့ ထင်တယ်။ မြို့တွေမှာ ပိတ်တာပေါ့။တောင် ပေါ်ရောက်ပြီးတော့ ပိတ်မိနေပြီး ပြန်ထွက်လို့မရတဲ့ ကားတွေလည်းရှိတယ်လို့ သိရတယ်” ဟု အာရှလမ်းတွင် ယာဉ်အသုံးပြုကာ သွားလာနေသည့် ယာဉ်မောင်းတစ် ဦးက NP News ကိုပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ် သားများလည်း ပိတ်မိနေကြောင်း ကော့ကရိတ်မြို့နယ်လူမှုကယ်ရေးအဖွဲ့များထံမှ သိရသည်။

“အာရှလမ်းကြီးဆိုတာ တစ်နိုင်ငံလုံးကုန်စည်စီးဆင်းမှုသွားနေတာ။ ကုန်စည်စီးဆင်းမှုအတွက်ကတော့ အနှောက်အယှက်ဖြစ်တာပေါ့နော်။ အဓိကကတော့ ကျွန် တော် အခုနပြောသလို MoU နဲ့သွားမယ့် လုပ်သားတွေရှိသလို တကယ်အရေးပေါ် ကိစ္စရပ်တွေမှာ မဖြစ်မနေသွားရမယ့်ကိစ္စရပ်တွေမှာ ဒါနှောင့်နှေးကျန့်ကြာနေတာရှိတာပေါ့” ဟု လူမှုကယ်ဆယ်ရေးကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးက NP News ကို ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၉ ရက်) ညနေပိုင်းအထိလည်း ဆက်လက်ပိတ်ထားဆဲ ဖြစ်ကြောင်း လမ်းအသုံးပြုသူများထံမှသိရသည်။

ထိုသို့ နိုင်ငံအတွင်း ကုန်စည်စီးဆင်းရာ အဓိကအာရှလမ်းမကြီး၌ တိုက်ပွဲများဖြစ် ပွားနေမှုကြောင့် ကုန်စည်စီးဆင်းမှုအပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုများ ပိုမိုဖြစ်ပွားလာမည်ကိုလည်း လမ်းအသုံးပြုသူများက စိုးရိမ်လျက်ရှိနေကြသည်။

အာရှလမ်းမကြီးတွင် ပြီးခဲ့သောလပိုင်းများအတွင်းက တပ်မတော်နှင့် KNLA၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး အရပ်သားကုန်ကားများမှာ မီးရှို့ဖျက်ဆီးခံခဲ့ရသော ဖြစ်စဉ်များရှိခဲ့သည်ကို တွေ့ရသည်။

zawgyi version
အာရွလမ္း ေတာေနာ္ေရတံခြန္အနီး ျဖစ္ပြားေသာတိုက္ပြဲမ်ားေၾကာင့္ ယာဥ္အသြားအလာမ်ား ရပ္ဆိုင္းေန
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၉

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ ေကာ့ကရိတ္-ျမဝတီ အာရွလမ္း၊ ေတာေနာ္ေရတံခြန္အနီး ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားေၾကာင့္ ယာဥ္အသြားအလာမ်ား ရပ္ဆိုင္းေနေၾကာင္း သတင္းရရွိသည္။

ေတာေနာ္ေရတံခြန္အနီးတြင္ ေအာက္တိုဘာလ ၁၈ ရက္ ညေနပိုင္းအခ်ိန္ခန႔္တြင္ တိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ညေန ၄ နာရီအခ်ိန္ခန႔္တြင္ ယာဥ္အသြားအလာမ်ားကို ယာယီရပ္ဆိုင္းခဲ့ျခင္းျဖစ္ေၾကာင္း ယာဥ္ေမာင္းမ်ားထံမွ သိရသည္။

“တိုက္ပြဲျဖစ္တာက မေန႔က ညေနပိုင္းေလာက္ကတည္းက စျဖစ္ၿပီးျဖစ္ေတာ့ အာရွလမ္းမွာ ယာဥ္အသြားအလာကို ကန႔္သတ္လိုက္တယ္။ ကန႔္သတ္လိုက္တာ မေန႔က ညေန ၄ နာရီဝန္က်င္ေလာက္မွာ စပိတ္လိုက္တာ။ စပိတ္ၿပီးေတာ့ အခုအခ်ိန္အထိ ကားေတြအျပင္ ဆိုင္ကယ္ေတြပါ တက္ခြင့္မျပဳထားဘူး။ ေကာ့ကရိတ္အပိုင္ထဲမွာဆိုရင္ ေတာင္ေပၚကို မေရာက္ခင္ေနရာမွာ စပိတ္တယ္။ ေနာက္ၿပီးေတာ့ ေကာ့ကရိတ္ၿမိဳ႕အဝင္မွာလည္း ပိတ္ထားတယ္။ ကြၽန္ေတာ္တို႔ထင္တာေတာ့ အစီးတစ္ေထာင္ေလာက္ေတာ့ ပိတ္မိေနမယ္လို႔ ထင္တယ္။ ၿမိဳ႕ေတြမွာ ပိတ္တာေပါ့။ေတာင္ ေပၚေရာက္ၿပီးေတာ့ ပိတ္မိေနၿပီး ျပန္ထြက္လို႔မရတဲ့ ကားေတြလည္းရွိတယ္လို႔ သိရတယ္” ဟု အာရွလမ္းတြင္ ယာဥ္အသုံးျပဳကာ သြားလာေနသည့္ ယာဥ္ေမာင္းတစ္ ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္ သြားေရာက္အလုပ္လုပ္ကိုင္မည့္ ျမန္မာလုပ္ သားမ်ားလည္း ပိတ္မိေနေၾကာင္း ေကာ့ကရိတ္ၿမိဳ႕နယ္လူမႈကယ္ေရးအဖြဲ႕မ်ားထံမွ သိရသည္။

“အာရွလမ္းႀကီးဆိုတာ တစ္ႏိုင္ငံလုံးကုန္စည္စီးဆင္းမႈသြားေနတာ။ ကုန္စည္စီးဆင္းမႈအတြက္ကေတာ့ အေႏွာက္အယွက္ျဖစ္တာေပါ့ေနာ္။ အဓိကကေတာ့ ကြၽန္ ေတာ္ အခုနေျပာသလို MoU နဲ႔သြားမယ့္ လုပ္သားေတြရွိသလို တကယ္အေရးေပၚ ကိစၥရပ္ေတြမွာ မျဖစ္မေနသြားရမယ့္ကိစၥရပ္ေတြမွာ ဒါေႏွာင့္ေႏွးက်န႔္ၾကာေနတာရွိတာေပါ့” ဟု လူမႈကယ္ဆယ္ေရးကူညီ ေဆာင္႐ြက္ေပးေနသူတစ္ဦးက NP News ကို ေျပာသည္။

ယေန႔ (ေအာက္တိုဘာလ ၁၉ ရက္) ညေနပိုင္းအထိလည္း ဆက္လက္ပိတ္ထားဆဲ ျဖစ္ေၾကာင္း လမ္းအသုံးျပဳသူမ်ားထံမွသိရသည္။

ထိုသို႔ ႏိုင္ငံအတြင္း ကုန္စည္စီးဆင္းရာ အဓိကအာရွလမ္းမႀကီး၌ တိုက္ပြဲမ်ားျဖစ္ ပြားေနမႈေၾကာင့္ ကုန္စည္စီးဆင္းမႈအပိုင္းတြင္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈမ်ား ပိုမိုျဖစ္ပြားလာမည္ကိုလည္း လမ္းအသုံးျပဳသူမ်ားက စိုးရိမ္လ်က္ရွိေနၾကသည္။

အာရွလမ္းမႀကီးတြင္ ၿပီးခဲ့ေသာလပိုင္းမ်ားအတြင္းက တပ္မေတာ္ႏွင့္ KNLA၊ PDF ပူးေပါင္းအဖြဲ႕မ်ားအၾကား တိုက္ပြဲျဖစ္ပြားမႈမ်ားရွိခဲ့ၿပီး အရပ္သားကုန္ကားမ်ားမွာ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေသာ ျဖစ္စဥ္မ်ားရွိခဲ့သည္ကို ေတြ႕ရသည္။

Picture

L Mone

19/10/2022 17:46

ပြည်သူက ငတ်မှာ ဆိုးနေတာ ပီဒီအက်က မငတ်တော့ဘူး သေနတ်ရှိသွားလို့တဲ့ဘ😂😂😂 ဒုက္ခပါပဲ မြည်မာ ပြည်ကြီးရေ..

Related news

© 2021. All rights reserved.