နိုင်ငံရေး ခိုလှုံခွင့်ရရန်ကြိုးပမ်းခဲ့သော ရေတပ်အရာရှိဟောင်းအပါအဝင် မြန်မာနိုင်ငံသား ၁၅ဝ ခန့်ကို မလေးရှားအစိုးရပြန်ပို့

 1438

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၉

မလေးရှားနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရန်ကြိုးပမ်းသည့် ရေတပ်အရာရှိဟောင်းတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၅ဝ ဦးကို မလေးရှားအစိုးရက မြန်မာနိုင်ငံသို့ပြန်ပို့ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အဆိုပါမြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ပြန်ရောက်မည်ဆိုလျှင် ဖမ်ဆီးခံရမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် အတွက် မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့်သတင်းအရင်းအမြစ် ၄ ခုက ဆိုထား သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နစကကို ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ခဲ့သော မလေးရှားအစိုးရသည် မလေးရှားတွင် ခိုလှုံခွင့်ရရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသားများကိုနိုင်ငံမှ ပြန်စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။ မလေးရှားအာဏာပိုင်များသည် ပြီးခဲ့သည့်လက ရေတပ်အရာရှိဟောင်း ၆ ဦးကိုဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့တွင် မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်ရရန်ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၁၅ဝ ဦးကို လေယာဉ်ဖြင့် ပြန်ပို့ခဲ့ကြောင်း သတင်းအရင်း အမြစ်က ဆိုသည်။

ရေတပ်အရာရှိဟောင်းတစ်ဦးဖြစ်သော ကျော်လှ နှင့် သူ၏ဇနီးဖြစ်သူ ဌေးဌေးရီတို့သည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ ၄င်းတို့ကို မည့်သည့်နေရာတွင် ဖမ်းဆီးထားသလဲဆိုသည့်အချက်ကို ရိုက်တာသတင်းက စုံစမ်းလို့ မရသေးကြောင်း ဖော်ပြထားသည်။

မြန်မာစစ်ဘက်အရာရှိဟောင်း သုံးဦးနှင့် မဌေးဌေးရီတို့သည် ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးထံ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ်ရရန် လျှောက်ထားခဲ့ကြောင်းလည်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ မလေးရှားနိုင်ငံရှိ မြန်မာသံရုံး သည် အောက်တိုဘာ ၆ ရက်နေ့တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနနှင့်ပူးပေါင်းပြီး လေယာဉ်ဖြင့် မြန်မာနိုင်ငံသား ၁၅ဝ ကိုပြန်ပို့ခဲ့ကြောင်း ၄င်းတို့ သံရုံး Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါပြန်ပို့ခဲ့သူများထဲတွင် မလေးရှားတွင်ခိုလှုံခွင့်ရရန်ကြိုးပမ်းခဲ့သော ရေတပ်အရာရှိဟောင်းများ ပါဝင်ခဲ့ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ဖော်ပြထားခြင်းမရှိခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်ရရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၅ဝ ကို ပြန်ပို့ခဲ့သည်ဆိုသောသတင်းနှင့်ပတ်သက်ပြီး မလေးရှားလူဝင်ကြီးကြပ်ရေးဌာန၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဝန်ကြီးချုပ်ရုံးတို့က မှတ်ချက်ပြုရန်ငြင်းဆန်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။

ထို့အပြင် ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးက ခိုလှုံခွင့်ရရန်ကြိုးပမ်းသူများပြန်ပို့ခြင်းနှင့်ပတ်သက်ပြီး အလွန်မင်း စိုးရိမ်မိကြောင်းဆိုခဲ့သော်လည်း အဆိုပါပြန်ပို့ခဲ့သည့် မြန်မာနိုင်ငံသားများသည် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရန် လျှောက်ထားခဲ့ ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ဖြေဆိုခြင်းမရှိကြောင်း သိရသည်။

ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းရုံးကြီးက "မလေးရှားနိုင်ငံသာမက အာရှဒေသအတွင်းရှိ နိုင်ငံတွေဟာ ထွက်ပြေးလာပြီး ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူများကို ပိုင်နက်နယ်မြေအတွင်း နေထိုင်ခွင့်ပြုသင့်တယ်။ ကာကွယ်ပေးသင့်တယ်။ ပြည်ပရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများကို ပြည်တော်ပြန်ဖို့ တွန်းအားမပေးသင့်ဘူး" ဟု ဆိုသည်။

ထို့အပြင် မလေးရှား အတိုက်အခံလွှတ်တော်ကိုယ်စားလှယ် ချားလ်စ် ဆန်တီယာဂိုက မလေးရှားအစိုးရသည် ပြည်တော်ပြန်ပို့ ခြင်းကို ရပ်သင့်ကြောင်း၊ ဆိုသည်။ ၄င်းက "မြန်မာနိုင်ငံကို ပြန်ပို့ခံလိုက်ရတဲ့ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူတွေဟာ ထောင်ကျတာ၊ ညှင်းပန်းခံရတာ၊ လုပ်ခံရဖို့ အလားလာများတယ်" ဟု သုံးသပ်ပြောဆိုသည်။

Zawgyi Version;
ႏိုင္ငံေရး ခိုလႈံခြင့္ရရန္ႀကိဳးပမ္းခဲ့ေသာ ေရတပ္အရာရွိေဟာင္းအပါအဝင္ ျမန္မာႏိုင္ငံသား ၁၅ဝ ခန႔္ကို မေလးရွားအစိုးရျပန္ပို႔
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၉

မေလးရွားႏိုင္ငံတြင္ ႏိုင္ငံေရးခိုလႈံခြင့္ရရန္ႀကိဳးပမ္းသည့္ ေရတပ္အရာရွိေဟာင္းတစ္ဦးအပါအဝင္ ျမန္မာႏိုင္ငံသား ၁၅ဝ ဦးကို မေလးရွားအစိုးရက ျမန္မာႏိုင္ငံသို႔ျပန္ပို႔ခဲ့ေၾကာင္း ႐ိုက္တာသတင္းတြင္ ေဖာ္ျပထားသည္။

အဆိုပါျမန္မာႏိုင္ငံသားမ်ားသည္ ျမန္မာႏိုင္ငံသို႔ျပန္ေရာက္မည္ဆိုလွ်င္ ဖမ္ဆီးခံရမည့္ အႏၲရာယ္ႏွင့္ရင္ဆိုင္ေနရသည့္ အတြက္ မေလးရွားႏိုင္ငံတြင္ ခိုလႈံခြင့္ရရန္ ႀကိဳးပမ္းခဲ့ေၾကာင္း အဆိုပါကိစၥႏွင့္နီးစပ္သည့္သတင္းအရင္းအျမစ္ ၄ ခုက ဆိုထား သည္။

ျမန္မာႏိုင္ငံတြင္ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း နစကကို ေဝဖန္ျပစ္တင္မႈမ်ားလုပ္ေဆာင္ခဲ့ေသာ မေလးရွားအစိုးရသည္ မေလးရွားတြင္ ခိုလႈံခြင့္ရရန္ႀကိဳးပမ္းသည့္ ျမန္မာႏိုင္ငံသားမ်ားကိုႏိုင္ငံမွ ျပန္စီစဥ္ျခင္းျဖစ္ေၾကာင္းသိရသည္။ မေလးရွားအာဏာပိုင္မ်ားသည္ ၿပီးခဲ့သည့္လက ေရတပ္အရာရွိေဟာင္း ၆ ဦးကိုဖမ္းဆီးခဲ့ၿပီး ေအာက္တိုဘာ ၆ ရက္ေန႔တြင္ မေလးရွားႏိုင္ငံတြင္ ခိုလႈံခြင့္ရရန္ႀကိဳးပမ္းခဲ့ေသာ ျမန္မာႏိုင္ငံသား ၁၅ဝ ဦးကို ေလယာဥ္ျဖင့္ ျပန္ပို႔ခဲ့ေၾကာင္း သတင္းအရင္း အျမစ္က ဆိုသည္။

ေရတပ္အရာရွိေဟာင္းတစ္ဦးျဖစ္ေသာ ေက်ာ္လွ ႏွင့္ သူ၏ဇနီးျဖစ္သူ ေဌးေဌးရီတို႔သည္ ျမန္မာႏိုင္ငံသို႔ျပန္လည္ေရာက္ရွိခ်ိန္တြင္ ဖမ္းဆီးခံခဲ့ရေၾကာင္း၊ ၄င္းတို႔ကို မည့္သည့္ေနရာတြင္ ဖမ္းဆီးထားသလဲဆိုသည့္အခ်က္ကို ႐ိုက္တာသတင္းက စုံစမ္းလို႔ မရေသးေၾကာင္း ေဖာ္ျပထားသည္။

ျမန္မာစစ္ဘက္အရာရွိေဟာင္း သုံးဦးႏွင့္ မေဌးေဌးရီတို႔သည္ ကုလသမဂၢဒုကၡသည္မ်ား မဟာမင္းႀကီး႐ုံးထံ ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳကဒ္ရရန္ ေလွ်ာက္ထားခဲ့ေၾကာင္းလည္း ႐ိုက္တာသတင္းတြင္ ေဖာ္ျပထားသည္။ မေလးရွားႏိုင္ငံရွိ ျမန္မာသံ႐ုံး သည္ ေအာက္တိုဘာ ၆ ရက္ေန႔တြင္ မေလးရွားလူဝင္မႈႀကီးၾကပ္ေရးဌာနႏွင့္ပူးေပါင္းၿပီး ေလယာဥ္ျဖင့္ ျမန္မာႏိုင္ငံသား ၁၅ဝ ကိုျပန္ပို႔ခဲ့ေၾကာင္း ၄င္းတို႔ သံ႐ုံး Facebook စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

အဆိုပါျပန္ပို႔ခဲ့သူမ်ားထဲတြင္ မေလးရွားတြင္ခိုလႈံခြင့္ရရန္ႀကိဳးပမ္းခဲ့ေသာ ေရတပ္အရာရွိေဟာင္းမ်ား ပါဝင္ခဲ့ျခင္း ရွိ/မရွိ ဆိုသည့္အခ်က္ကို ေဖာ္ျပထားျခင္းမရွိခဲ့ေၾကာင္း သိရသည္။ မေလးရွားႏိုင္ငံတြင္ ခိုလႈံခြင့္ရရန္ႀကိဳးပမ္းသည့္ ျမန္မာႏိုင္ငံသား ၁၅ဝ ကို ျပန္ပို႔ခဲ့သည္ဆိုေသာသတင္းႏွင့္ပတ္သက္ၿပီး မေလးရွားလူဝင္ႀကီးၾကပ္ေရးဌာန၊ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏွင့္ ဝန္ႀကီးခ်ဳပ္႐ုံးတို႔က မွတ္ခ်က္ျပဳရန္ျငင္းဆန္ခဲ့ေၾကာင္း ႐ိုက္တာသတင္းက ေဖာ္ျပထားသည္။

ထို႔အျပင္ ကုလသမဂၢဒုကၡသည္မ်ားမဟာမင္းႀကီး႐ုံးက ခိုလႈံခြင့္ရရန္ႀကိဳးပမ္းသူမ်ားျပန္ပို႔ျခင္းႏွင့္ပတ္သက္ၿပီး အလြန္မင္း စိုးရိမ္မိေၾကာင္းဆိုခဲ့ေသာ္လည္း အဆိုပါျပန္ပို႔ခဲ့သည့္ ျမန္မာႏိုင္ငံသားမ်ားသည္ ဒုကၡသည္အျဖစ္ ခိုလႈံခြင့္ရရန္ ေလွ်ာက္ထားခဲ့ ျခင္း ရွိ/မရွိ ဆိုသည့္အခ်က္ကို ေျဖဆိုျခင္းမရွိေၾကာင္း သိရသည္။

ကုလသမဂၢဒုကၡသည္မ်ား မဟာမင္း႐ုံးႀကီးက "မေလးရွားႏိုင္ငံသာမက အာရွေဒသအတြင္းရွိ ႏိုင္ငံေတြဟာ ထြက္ေျပးလာၿပီး ခိုလႈံခြင့္ရဖို႔ ႀကိဳးပမ္းသူမ်ားကို ပိုင္နက္နယ္ေျမအတြင္း ေနထိုင္ခြင့္ျပဳသင့္တယ္။ ကာကြယ္ေပးသင့္တယ္။ ျပည္ပေရာက္ရွိေနတဲ့ျမန္မာႏိုင္ငံသားမ်ားကို ျပည္ေတာ္ျပန္ဖို႔ တြန္းအားမေပးသင့္ဘူး" ဟု ဆိုသည္။

ထို႔အျပင္ မေလးရွား အတိုက္အခံလႊတ္ေတာ္ကိုယ္စားလွယ္ ခ်ားလ္စ္ ဆန္တီယာဂိုက မေလးရွားအစိုးရသည္ ျပည္ေတာ္ျပန္ပို႔ ျခင္းကို ရပ္သင့္ေၾကာင္း၊ ဆိုသည္။ ၄င္းက "ျမန္မာႏိုင္ငံကို ျပန္ပို႔ခံလိုက္ရတဲ့ ႏိုင္ငံေရးခိုလႈံခြင့္ရဖို႔ ႀကိဳးပမ္းသူေတြဟာ ေထာင္က်တာ၊ ညႇင္းပန္းခံရတာ၊ လုပ္ခံရဖို႔ အလားလာမ်ားတယ္" ဟု သုံးသပ္ေျပာဆိုသည္။

Picture

Khin Maung Win

20/10/2022 09:58

update news များ တင်ပေးပါရန်မေတ္တာရပ်ခံပါသည်

Picture

tunwana soe

20/10/2022 20:01

👍👍👍

Related news

© 2021. All rights reserved.