တမူးမြို့ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံး မီးရှို့ဖျက်ဆီးခံရ၍ နှစ်ထပ်တိုက်အဆောက်အဦးတစ်လုံး မီးလောင်ပျက်စီး

 542

NP News - အောက်တိုဘာ ၃ဝ

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် အောက်တိုဘာလ(၂၉)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၂၈)ရက်၊ ညနေ(၄)နာရီ (၂ဝ)မိနစ်အချိန်ခန့်တွင် တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးသို့ အကြမ်းဖက် သမားများရောက်ရှိလာပြီး ၎င်းတို့အသင့်ယူဆောင်လာသည့် ဓာတ်ဆီ ပုလင်းများဖြင့်လောင်း၍ မီးရှို့ဖျက်ဆီးထွက်ပြေးသွားခဲ့ကြောင်း နစကမှသိရသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်နေသည့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီ (၁ဝ)မိနစ်အချိန်ခန့် တွင် မီးငြိမ်းခဲ့ကြောင်း နစကမှဆိုထားသည်။

မီးလောင်မှုကြောင့် အလျား(၃ဝ)ပေ၊ အနံ(၂ဝ)ပေ ခန့်ရှိသော နှစ်ထပ်တိုက်သွပ်မိုး၊ အုတ်ကာရုံးအဆောက်အဦးတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှဆို သည်။

အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
တမူးၿမိဳ႕ရွိ ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာန႐ုံး မီးရႈိ႕ဖ်က္ဆီးခံရ၍ ႏွစ္ထပ္တိုက္အေဆာက္အဦးတစ္လုံး မီးေလာင္ပ်က္စီး
NP News - ေအာက္တိုဘာ ၃ဝ

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕ရွိ ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာန႐ုံး မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၂၉)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၂၈)ရက္၊ ညေန(၄)နာရီ (၂ဝ)မိနစ္အခ်ိန္ခန႔္တြင္ တမူးၿမိဳ႕၊ ေစာ္ဘြား(၅)ရပ္ကြက္ရွိ ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာန႐ုံးသို႔ အၾကမ္းဖက္ သမားမ်ားေရာက္ရွိလာၿပီး ၎တို႔အသင့္ယူေဆာင္လာသည့္ ဓာတ္ဆီ ပုလင္းမ်ားျဖင့္ေလာင္း၍ မီးရႈိ႕ဖ်က္ဆီးထြက္ေျပးသြားခဲ့ေၾကာင္း နစကမွသိရသည္။

မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ မီးေလာင္ေနသည့္ ပို႔ေဆာင္ေရးစီမံကိန္းဦးစီးဌာန႐ုံးအား နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက မီးသတ္ယာဥ္တစ္စီး၊ ေရသယ္ယာဥ္တစ္စီးတို႔ျဖင့္ မီးျငႇိမ္းသတ္ခဲ့ရာ ညေန(၅)နာရီ (၁ဝ)မိနစ္အခ်ိန္ခန႔္ တြင္ မီးၿငိမ္းခဲ့ေၾကာင္း နစကမွဆိုထားသည္။

မီးေလာင္မႈေၾကာင့္ အလ်ား(၃ဝ)ေပ၊ အနံ(၂ဝ)ေပ ခန႔္ရွိေသာ ႏွစ္ထပ္တိုက္သြပ္မိုး၊ အုတ္ကာ႐ုံးအေဆာက္အဦးတစ္လုံး မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကမွဆို သည္။

အထက္ပါျဖစ္စဥ္တြင္ ပါဝင္ပတ္သက္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.