KTV အခန်းအတွင်းရှိနေသည့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအား သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ငါန်းဇွန်မြို့နယ်၌ဖြစ်ပွား

 1135

NP News - အောက်တိုဘာ ၃ဝ

KTV အခန်းအတွင်းရှိနေသည့် ရဲတပ်ဖွဲ့ဝင်(၂)ဦးအား သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ငါန်းဇွန်မြို့နယ်အတွင်းဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအ ရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ ရက်၊ နေ့လည်ပိုင်းအချိန်တွင် မန္တလေးတိုင်း၊ တံ တားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ညောင်ထောက်ပင်ကျေးရွာ၊ မြင်းခြံ-မြို့သာကားလမ်းဘေးရှိ ဝါဆိုဦး KTV ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရဲကင်းစခန်းမှ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့သည် ဝါဆိုဦး KTV ၌ အခန်းအတွင်းရှိနေစဉ်အချိန် အမျိုးသား(၄)ဦး ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် လက်ပစ်ဗုံးဖြင့်ပါ ပစ်ခတ် ထွက်ပြေးသွားခဲ့ခြင်းဖြစ် ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ပြီး ဒုရဲအုပ်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

zawgyi version
KTV အခန္းအတြင္းရွိေနသည့္ ရဲတပ္ဖြဲ႕ဝင္(၂)ဦးအား ေသနတ္၊ လက္ပစ္ဗုံးတို႔ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ ငါန္းဇြန္ၿမိဳ႕နယ္၌ျဖစ္ပြား
NP News - ေအာက္တိုဘာ ၃ဝ

KTV အခန္းအတြင္းရွိေနသည့္ ရဲတပ္ဖြဲ႕ဝင္(၂)ဦးအား ေသနတ္၊ လက္ပစ္ဗုံးတို႔ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ ငါန္းဇြန္ၿမိဳ႕နယ္အတြင္းျဖစ္ပြားခဲ့ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၂၉ ရက္၊ ေန႔လည္ပိုင္းအခ်ိန္တြင္ မႏၲေလးတိုင္း၊ တံ တားဦးခ႐ိုင္၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ေညာင္ေထာက္ပင္ေက်း႐ြာ၊ ျမင္းၿခံ-ၿမိဳ႕သာကားလမ္းေဘးရွိ ဝါဆိုဦး KTV ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ငါန္းဇြန္ၿမိဳ႕နယ္၊ ငါန္းျမာရဲကင္းစခန္းမွ ဒုရဲအုပ္တစ္ဦးႏွင့္ ရဲတပ္သားတစ္ဦးတို႔သည္ ဝါဆိုဦး KTV ၌ အခန္းအတြင္းရွိေနစဥ္အခ်ိန္ အမ်ိဳးသား(၄)ဦး ဝင္ေရာက္လာကာ ေသနတ္ျဖင့္ ပစ္ခတ္ၿပီးေနာက္ လက္ပစ္ဗုံးျဖင့္ပါ ပစ္ခတ္ ထြက္ေျပးသြားခဲ့ျခင္းျဖစ္ ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ရဲတပ္သားျဖစ္သူမွာ အခင္းျဖစ္ပြားရာေနရာတြင္ပင္ ေသဆုံးခဲ့ၿပီး ဒုရဲအုပ္ျဖစ္သူမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရွိရသည္။

Picture

Ko Moe

30/10/2022 14:52

😅😅 အပျော် အပါးလေးနဲ့ ပေါ့။ဆော်လေးတွေက အဖဲ့ခိုင်းတာ ဖြစ်မယ်။ဟာသာပါပဲကွာ လခ မမက်ရင်လည်း ဂုဏ်သိက္ခာ ရှိရှိသေကြပါကွာ။လထစ်ပါပဲ

Related news

© 2021. All rights reserved.