ရခိုင်တွင် ပထမဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်လာမည့် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်း ယခုဘဏ္ဍာနှစ်ကုန်တွင် (၇၆)ရာခိုင်နှုန်းပြီးစီးမည်

 769

ယွန်း (NP News) - အောက်တိုဘာ ၃ဝ

ရခိုင်ပြည်နယ်၏ ပထမဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်လာမည့် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းသည် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အကုန်တွင် (၇၆) ရာခိုင်နှုန်းတည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အောက်တို ဘာလ(၂၉)ရက် နံနက်ပိုင်းတွင် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းအား သွားရောက်စဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းကို သံတွဲမြို့အနီးရှိ သူဋ္ဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးမှ အ ကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။

လက်ရှိတွင်စီမံကိန်းတစ်ခုလုံး၏ (၇၃ ဒသမ ၂၉)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး (၂ဝ၂၂- ၂ဝ၂၃) ဘဏ္ဍာနှစ်အကုန်တွင် (၇၆) ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုခဲ့သည်။

စီမံကိန်းတစ်ခုလုံးအနေဖြင့် (၂ဝ၂၅-၂ဝ၂၆) ဘဏ္ဍာနှစ်တွင် ပြီးစီးနိုင်မည်ဖြစ်၍ အဆိုပါစက်ရုံသည် ရခိုင်ပြည်နယ်၏ ပထမဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်ရာတွင်လည်း ထုတ်လုပ်မှုစရိတ် သက်သာစေရန်နှင့် နိုင်ငံတော်မှစိုက် ထုတ်သုံးစွဲရမှု သက်သာစေရန် ရည်ရွယ်၍ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီးမှ ဆိုသည်။

မိမိတို့နိုင်ငံသည် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသော ရေအားအရင်းအမြစ်များစွာရှိသောကြောင့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှ ပြောသည်။

လက်ရှိ တည်ဆောက်လျက်ရှိသည့် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့်တမံ)ဖြစ်ပြီး ကန်ရေပြည့်ရေသို လှောင်ပမာဏမှာ (၆ ဒသမ ၉၆)သိန်းဧကပေ သိုလှောင်နိုင်ကြောင်းသိရသည်။

ထို့ပြင် စက်တပ်ဆင်အင်အား (၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်းစပ်တပ်ဆင်အင်အား (၁၁၁)မဂ္ဂါဝပ်ရှိ၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၃၈၆)သန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများအား လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးရန်နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

ထို့ကြောင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင် ရွက်ခြင်းအပြင် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် စက်ပစ္စည်းများစနစ် တကျတပ်ဆင်အသုံးပြုရေးကိုလည်း ဂရုတစိုက်ဖြင့် ဆောင်ရွက်သွားရန်လို ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အကြံပြုပြောဆိုခဲ့သည်။

zawgyi version
ရခိုင္တြင္ ပထမဆုံးေသာ ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံျဖစ္လာမည့္ သူေ႒းေရအားလွ်ပ္စစ္စီမံကိန္း ယခုဘ႑ာႏွစ္ကုန္တြင္ (၇၆)ရာခိုင္ႏႈန္းၿပီးစီးမည္
ယြန္း (NP News) - ေအာက္တိုဘာ ၃ဝ

ရခိုင္ျပည္နယ္၏ ပထမဆုံးေသာ ေရအားလွ်ပ္စစ္ဓာတ္အားေပး စက္႐ုံျဖစ္လာမည့္ သူေ႒းေရအားလွ်ပ္စစ္စီမံကိန္းသည္ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္အကုန္တြင္ (၇၆) ရာခိုင္ႏႈန္းတည္ေဆာက္ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က ေအာက္တို ဘာလ(၂၉)ရက္ နံနက္ပိုင္းတြင္ သူေ႒းေရအားလွ်ပ္စစ္စီမံကိန္းအား သြားေရာက္စဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

သူေ႒းေရအားလွ်ပ္စစ္စီမံကိန္းကို သံတြဲၿမိဳ႕အနီးရွိ သူေ႒းေခ်ာင္းေပၚတြင္ ေရအားလွ်ပ္စစ္အေကာင္အထည္ေဖာ္ေရးဦးစီးဌာန အမွတ္(၄)တည္ေဆာက္ေရးမွ အ ေကာင္အထည္ေဖာ္ တည္ေဆာက္ေနျခင္းျဖစ္သည္။

လက္ရွိတြင္စီမံကိန္းတစ္ခုလုံး၏ (၇၃ ဒသမ ၂၉)ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ၿပီး (၂ဝ၂၂- ၂ဝ၂၃) ဘ႑ာႏွစ္အကုန္တြင္ (၇၆) ရာခိုင္ႏႈန္းၿပီးစီးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုခဲ့သည္။

စီမံကိန္းတစ္ခုလုံးအေနျဖင့္ (၂ဝ၂၅-၂ဝ၂၆) ဘ႑ာႏွစ္တြင္ ၿပီးစီးႏိုင္မည္ျဖစ္၍ အဆိုပါစက္႐ုံသည္ ရခိုင္ျပည္နယ္၏ ပထမဆုံးေသာ ေရအားလွ်ပ္စစ္ဓာတ္အားေပး စက္႐ုံတစ္႐ုံအျဖစ္ ေပၚေပါက္လာမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ လိုအပ္ေနေသာ လွ်ပ္စစ္ဓာတ္အားမ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ စြမ္းအင္အရင္းအျမစ္မ်ိဳးစုံမွ ထုတ္လုပ္ႏိုင္ေရးကိုလည္း စီမံေဆာင္႐ြက္လ်က္ရွိၿပီး ထုတ္လုပ္ရာတြင္လည္း ထုတ္လုပ္မႈစရိတ္ သက္သာေစရန္ႏွင့္ ႏိုင္ငံေတာ္မွစိုက္ ထုတ္သုံးစြဲရမႈ သက္သာေစရန္ ရည္႐ြယ္၍ ထုတ္လုပ္ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္ စုဝန္ႀကီးမွ ဆိုသည္။

မိမိတို႔ႏိုင္ငံသည္ ထုတ္လုပ္မႈကုန္က်စရိတ္သက္သာေသာ ေရအားအရင္းအျမစ္မ်ားစြာရွိေသာေၾကာင့္ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္ရန္အတြက္လည္း ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ေျပာသည္။

လက္ရွိ တည္ေဆာက္လ်က္ရွိသည့္ သူေ႒းေရအားလွ်ပ္စစ္စီမံကိန္း၏ ပင္မေရေလွာင္တမံမွာ ဇုန္အမ်ိဳးအစား (ေက်ာက္ျဖည့္တမံ)ျဖစ္ၿပီး ကန္ေရျပည့္ေရသို ေလွာင္ပမာဏမွာ (၆ ဒသမ ၉၆)သိန္းဧကေပ သိုေလွာင္ႏိုင္ေၾကာင္းသိရသည္။

ထို႔ျပင္ စက္တပ္ဆင္အင္အား (၃၇)မဂၢါဝပ္ ဓာတ္အားေပးစက္သုံးလုံးျဖင့္ စုစုေပါင္းစပ္တပ္ဆင္အင္အား (၁၁၁)မဂၢါဝပ္ရွိ၍ တစ္ႏွစ္လွ်င္ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း (၃၈၆)သန္း ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထုတ္လုပ္ရရွိသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို ရခိုင္ျပည္နယ္အတြင္းရွိ ေဒသမ်ားအား လွ်ပ္စစ္ဓာတ္အား တိုးျမႇင့္ျဖန႔္ျဖဴးေပးရန္ႏွင့္ ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ပို႔လႊတ္ျဖန႔္ျဖဴးေပးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

ထို႔ေၾကာင့္ စီမံကိန္းလုပ္ငန္းမ်ားကို သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္ ေဆာင္ ႐ြက္ျခင္းအျပင္ လုပ္ငန္းခြင္ေဘး အႏၲရာယ္ကင္းရွင္းေရးႏွင့္ စက္ပစၥည္းမ်ားစနစ္ တက်တပ္ဆင္အသုံးျပဳေရးကိုလည္း ဂ႐ုတစိုက္ျဖင့္ ေဆာင္႐ြက္သြားရန္လို ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အႀကံျပဳေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.