ပုလောမြို့သို့ လျှပ်စစ်မီးပေးနေသည့် မြိတ်-ထားဝယ်ကားလမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်များ မိုင်းထောင်ဖောက်ခွဲခံရ

 656

NP News - အောက်တိုဘာ ၃ဝ

တနင်္သာရီတိုင်း၊ ပုလောမြို့သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် မြိတ်-ထားဝယ်ကားလမ်းဘေးတွင် စိုက်ထူးထားသည့် လျှပ်စစ်ဓာတ်တိုင်များ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း နစကမှထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် အောက်တိုဘာလ(၂၉)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၂၈)ရက်၊ နေ့လယ်(၁)နာရီခွဲအချိန်တွင် ပုလောမြို့နှင့် ကျေးရွာများသို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအနက် မင်းထိန်ကျေးရွာနှင့် ခမောင်းတော ကျေးရွာကြားရှိ မြိတ်-ထားဝယ်ကားလမ်းဘေးတွင် စိုက်ထူထားသည့် ကွန်ကရစ်ဓာတ်တိုင်(၂)တိုင်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစကမှ ဆိုသည်။

မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် လျှပ်စစ်ဓာတ်တိုင်(၂)တိုင်သည် လမ်းမကြီးပေါ်သို့ ပြိုလဲပျက်စီးခဲ့ပြီး ပုလောမြို့နှင့် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ကြောင့် ဒေသခံပြည်သူများ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် တာဝန်ရှိသူများက အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်းများအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ပုေလာၿမိဳ႕သို႔ လွ်ပ္စစ္မီးေပးေနသည့္ ၿမိတ္-ထားဝယ္ကားလမ္းေဘးရွိ လွ်ပ္စစ္ဓာတ္တိုင္မ်ား မိုင္းေထာင္ေဖာက္ခြဲခံရ
NP News - ေအာက္တိုဘာ ၃ဝ

တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕သို႔ လွ်ပ္စစ္မီးေပးပို႔လ်က္ရွိသည့္ ၿမိတ္-ထားဝယ္ကားလမ္းေဘးတြင္ စိုက္ထူးထားသည့္ လွ်ပ္စစ္ဓာတ္တိုင္မ်ား မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခံခဲ့ရေၾကာင္း နစကမွထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၂၉)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၂၈)ရက္၊ ေန႔လယ္(၁)နာရီခြဲအခ်ိန္တြင္ ပုေလာၿမိဳ႕ႏွင့္ ေက်း႐ြာမ်ားသို႔ လွ်ပ္စစ္မီးေပးပို႔လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္တိုင္မ်ားအနက္ မင္းထိန္ေက်း႐ြာႏွင့္ ခေမာင္းေတာ ေက်း႐ြာၾကားရွိ ၿမိတ္-ထားဝယ္ကားလမ္းေဘးတြင္ စိုက္ထူထားသည့္ ကြန္ကရစ္ဓာတ္တိုင္(၂)တိုင္အား အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း နစကမွ ဆိုသည္။

မိုင္းေထာင္ေဖာက္ခြဲခံရမႈေၾကာင့္ လွ်ပ္စစ္ဓာတ္တိုင္(၂)တိုင္သည္ လမ္းမႀကီးေပၚသို႔ ၿပိဳလဲပ်က္စီးခဲ့ၿပီး ပုေလာၿမိဳ႕ႏွင့္ ပုေလာၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ား လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေၾကာင့္ ေဒသခံျပည္သူမ်ား လွ်ပ္စစ္မီးျပန္လည္ရရွိေရးအတြက္ တာဝန္ရွိသူမ်ားက အဆိုပါ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ားအား အျမန္ဆုံးျပန္လည္ျပင္ဆင္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ဖ်က္ဆီးမႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားကိုလည္း ဥပေဒႏွင့္အညီ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.