စိတ်ကြွမူးယစ်ဆေးများ မှောင်ခိုသွင်းနေမှုများကို ရပ်တန့်သွားရန် ထိုင်းရဲတပ်ဖွဲ့ နှင့် မြန်မာရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်

 542

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃ဝ

ထိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် ထိုင်းနှင့် မြန်မာနိုင်ငံကြား စိတ်ကြွမူးယစ်ဆေးများ မှောင်ခိုဝင်ရောက်မှုများကို ရပ်တန့်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးအခြေအနေများ ဆိုးရွားမှုများဖြစ်ပေါ်လျက်ရှိနေရာ ယခုသီတင်းပတ်အတွင်းတွင် ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် မြန်မာရဲတပ်ဖွဲ့တာဝန်ရှိသူများ ယခုသီတင်းပတ်အတွင်းတွင် ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ Chinnapat Sarasin က ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက ဆိုဒီယမ်ဆိုင်ယာနိုက်တစ်တန်ကို အမ်ဖီတမင်းစိတ်ကြွဆေးပြား သန်း ၂ဝ ရ အောင် လုပ်ဆောင်နိုင်ကြောင်း ဆိုသည်။

၄င်းက "ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ ဆိုဒီယမ်ဆိုင်ယာနိုက်အလေးချိန် မက်ဒရစ်တန်အများအပြားကို ထိုင်းနိုင်ငံ ကနေ မြန်မာနိုင်ငံဘက်ခြမ်းကို လွှဲပြောင်းပို့ဆောင်တာမျိုးတွေရှိခဲ့တယ်" ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် နှစ်အောက်တိုဘာလမှ ယခုနှစ် သြဂုတ်လ အထိ မဲခေါင်ဒေသနိုင်ငံများတွင် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားအရေအတွက် ၅၉၄ သန်းကျော်ရှိနေပြီး crystal meth စိတ်ကြွဆေးပြား ၁၈ဝဝဝ ကီလိုဂရမ်၊ စိတ်ကြွဆေးများ ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓါတုပစ္စည်းများ တန်ချိန် ၁၅ဝဝ ကျော် တို့ကို ဖမ်းဆီးရမိခဲ့ ကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုင်းမူးယစ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး Chinnapat Sarasin က ထိုင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် စိတ်ကြွဆေး များ ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓါတုပစ္စည်းများကို ဖမ်းဆီးနိုင်ရန် အနီးကပ်စောင့်ကြည့် သွားရမည်ဖြစ် ကြောင်း ဆိုသည်။

၄င်းက "ထိုင်း နဲ့ မြန်မာရဲတပ်ဖွဲ့တို့ဟာ စိတ်ကြွဆေးများ ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓါတုပစ္စည်းများ ဖမ်းဆီးရမိ နိုင်ဖို့ သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်သွားရမယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း ထိုင်းနိုင်ငံမှ မြန်မာနယ်စပ်ဒေသသို့ ထွက်ပြေးလာသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သံသယရှိခံရသူများကို ဖမ်းဆီးပေးသွားရန် ဆန္ဒရှိနေသည်ဟု ထိုင်းမူးယစ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး Chinnapat Sarasin က ဆိုသည်။ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး သံသယရှိသူများသည် ထိုင်းနှင့် မြန်မာနယ်စပ် ဒေသတစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် ပုန်းရှောင်လျက်ရှိနေကြောင်း၊ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံစလုံးတွင် ရာဇဝတ်မှုများကျူးလွန်ခဲ့သူများကို ထိုင်းနိုင်ငံသို့ ပြန်မလွှဲပြောင်းခင် မြန်မာနိုင်ငံ ဥပဒေအတိုင်း အပြစ်ပေးဖွယ်ရှိနေကြောင်း ထိုင်းသတင်းတွေက ဆိုသည်။

Zawgyi Version;
စိတ္ႂကြမူးယစ္ေဆးမ်ား ေမွာင္ခိုသြင္းေနမႈမ်ားကို ရပ္တန႔္သြားရန္ ထိုင္းရဲတပ္ဖြဲ႕ ႏွင့္ ျမန္မာရဲတပ္ဖြဲ႕တို႔ ပူးေပါင္း ေဆာင္႐ြက္မည္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃ဝ

ထိုင္း ရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားသည္ ထိုင္းႏွင့္ ျမန္မာႏိုင္ငံၾကား စိတ္ႂကြမူးယစ္ေဆးမ်ား ေမွာင္ခိုဝင္ေရာက္မႈမ်ားကို ရပ္တန႔္ႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံ၏ မူးယစ္ေဆးဝါးအေျခအေနမ်ား ဆိုး႐ြားမႈမ်ားျဖစ္ေပၚလ်က္ရွိေနရာ ယခုသီတင္းပတ္အတြင္းတြင္ ထိုင္းရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ ျမန္မာရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ား ယခုသီတင္းပတ္အတြင္းတြင္ ရန္ကုန္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ဒုတိယအႀကီးအကဲ Chinnapat Sarasin က ဆိုသည္။

ထိုင္းရဲတပ္ဖြဲ႕ ဒုတိယအႀကီးအကဲက ဆိုဒီယမ္ဆိုင္ယာႏိုက္တစ္တန္ကို အမ္ဖီတမင္းစိတ္ႂကြေဆးျပား သန္း ၂ဝ ရ ေအာင္ လုပ္ေဆာင္ႏိုင္ေၾကင္း ဆိုသည္။

၄င္းက "ၿပီးခဲ့တဲ့ ေလးႏွစ္အတြင္းမွာ ဆိုဒီယမ္ဆိုင္ယာႏိုက္အေလးခ်ိန္ မက္ဒရစ္တန္အမ်ားအျပားကို ထိုင္းႏိုင္ငံ ကေန ျမန္မာႏိုင္ငံဘက္ျခမ္းကို လႊဲေျပာင္းပို႔ေဆာင္တာမ်ိဳးေတြရွိခဲ့တယ္" ဟု ဆိုသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ႏွစ္ေအာက္တိုဘာလမွ ယခုႏွစ္ ၾသဂုတ္လ အထိ မဲေခါင္ေဒသႏိုင္ငံမ်ားတြင္ ဖမ္းဆီးရမိသည့္ စိတ္ႂကြေဆးျပားအေရအတြက္ ၅၉၄ သန္းေက်ာ္ရွိေနၿပီး crystal meth စိတ္ႂကြေဆးျပား ၁၈ဝဝဝ ကီလိုဂရမ္၊ စိတ္ႂကြေဆးမ်ား ထုတ္လုပ္ရာတြင္အသုံးျပဳသည့္ ဓါတုပစၥည္းမ်ား တန္ခ်ိန္ ၁၅ဝဝ ေက်ာ္ တို႔ကို ဖမ္းဆီးရမိခဲ့ ေၾကာင္း ကုလသမဂၢအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ထိုင္းမူးယစ္တပ္ဖြဲ႕ ၫႊန္ၾကားေရးမႉး Chinnapat Sarasin က ထိုင္းႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔သည္ စိတ္ႂကြေဆး မ်ား ထုတ္လုပ္ရာတြင္အသုံးျပဳသည့္ ဓါတုပစၥည္းမ်ားကို ဖမ္းဆီးႏိုင္ရန္ အနီးကပ္ေစာင့္ၾကည့္ သြားရမည္ျဖစ္ ေၾကာင္း ဆိုသည္။

၄င္းက "ထိုင္း နဲ႔ ျမန္မာရဲတပ္ဖြဲ႕တို႔ဟာ စိတ္ႂကြေဆးမ်ား ထုတ္လုပ္ရာမွာအသုံးျပဳတဲ့ ဓါတုပစၥည္းမ်ား ဖမ္းဆီးရမိ ႏိုင္ဖို႔ သတင္းအခ်က္အလက္ေတြ အျပန္အလွန္ဖလွယ္သြားရမယ္” ဟု ဆိုသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္လည္း ထိုင္းႏိုင္ငံမွ ျမန္မာနယ္စပ္ေဒသသို႔ ထြက္ေျပးလာသည့္ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္သည့္ သံသယရွိခံရသူမ်ားကို ဖမ္းဆီးေပးသြားရန္ ဆႏၵရွိေနသည္ဟု ထိုင္းမူးယစ္တပ္ဖြဲ႕ ၫႊန္ၾကားေရးမႉး Chinnapat Sarasin က ဆိုသည္။ မူးယစ္ေဆးဝါးႏွင့္ပတ္သက္ၿပီး သံသယရွိသူမ်ားသည္ ထိုင္းႏွင့္ ျမန္မာနယ္စပ္ ေဒသတစ္ေလွ်ာက္ရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားထဲတြင္ ပုန္းေရွာင္လ်က္ရွိေနေၾကာင္း၊ ထိုင္းႏွင့္ ျမန္မာ ႏွစ္ႏိုင္ငံစလုံးတြင္ ရာဇဝတ္မႈမ်ားက်ဴးလြန္ခဲ့သူမ်ားကို ထိုင္းႏိုင္ငံသို႔ ျပန္မလႊဲေျပာင္းခင္ ျမန္မာႏိုင္ငံ ဥပေဒအတိုင္း အျပစ္ေပးဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းေတြက ဆိုသည္။

Picture

Ko Htut

31/10/2022 14:20

ကောင်းလိုက်တာ. မြန်မြန်ဆောင်ရွက်ကြပါ.

Related news

© 2021. All rights reserved.