ရုပ်အလောင်းတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခိုးယူခဲ့တဲ့ အမေရိကန်အမျိုးသမီး အမြင့်ဆုံးထောင်ဒဏ် အနှစ် (၂၀) ကျခံရနိုင်ဖွယ်ရှိနေ

 645

Pika (NP News) - ဧပြီ ၃ဝ

အမေရိကန်နိုင်ငံ အာကန်းဆက်ပြည်နယ်ရှိ ရင်ခွဲရုံဝန်ထမ်းဟောင်းတစ်ဦးဟာ ဆေးကျောင်းမှာရှိတဲ့ ရုပ်အလောင်း တွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခိုးယူခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်းဝန်ခံခဲ့တယ်လို့ ဒေသတွင်းရှေ့နေရုံးက ထုတ်ပြန်ပြောဆိုထားပါတယ်။

အစိုးရရှေ့နေတွေရဲ့ အဆိုအရ အသက်(၃၇)နှစ်အရွယ် Candace Chapman Scott ဟာ Arkansas Central Mortuary Serviceမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ တာဝန်ထမ်းဆောင်စဉ် အချိန်အတွင်း ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Arkansas Central Mortuary Service သည် ဆေးသိပ္ပံအတွက် အာကန်းဆက်တက္ကသိုလ်ကို လှူဒါန်းခဲ့တဲ့ လူနဲ့သန္ဓေသား ရုပ်ကြွင်းတွေကို ကိုင်တွယ်ခဲ့တာလို့ လည်း သိရပါတယ်။

Candace Chapman Scott ရဲ့ အလုပ်က အကြွင်းအကျန်တွေကို သယ်ယူပို့ဆောင်ခြင်း၊ မပုပ်သိုးအောင်ဆေးစိမ် ခြင်း နဲ့ မီးသဂြိုလ်ပေးရခြင်းတို့ဖြစ်တယ်လို့ သိရပါတယ်။ အက်ဖ်ဘီအိုင်ရဲ့အဆိုအရ Candace Chapman Scott ဟာ တာဝန်ထမ်းဆောင်စဉ်အချိန်အတွင်း လူ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ သန္ဓေသားအကြွင်းအကျန်တွေကို ခိုးယူခဲ့ ပြီး ဖေ့စ်ဘုတ်မှာသိခဲ့တဲ့ ပင်ဆယ်ဗေးနီးယားမှာ နေထိုင်တဲ့ Jeremy Pauley ကို ရောင်းချခဲ့တာလို့လည်း သိရပါတယ်။ Candace Chapman Scott ဟာ ခိုးယူထားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါဝင်တဲ့ စုစုပေါင်း သေတ္တာ(၂၄)လုံးကို အမေရိကန်ဒေါ်လာ (၁၁၀၀၀)နီးပါးနဲ့ ရောင်းချခဲ့တာဖြစ်တယ်လို့ တရားရုံးရဲ့စာရွက် စာတမ်းတွေအရ သိရပါတယ်။

Candace Chapman Scott ဟာ အဲဒီပြစ်မှုတွေ ကျူးလွန်ခဲ့တာကို ဧပြီလ(၂၅)ရက်နေ့က ဝန်ခံခဲ့တာလို့ အာကန်းဆက်အရှေ့ပိုင်းခရိုင်တရားရုံးက သတင်းထုတ်ပြန်ထားပါတယ်။ Candace Chapman Scott ကို လာမယ့် ရက်ပိုင်းအတွင်း စီရင်ချက်ချသွားမှာဖြစ်တယ်လို့ တရားသူကြီး Brian S. Miller က ပြောကြားခဲ့ပါတယ်။ Candace Chapman Scottဟာ အဲဒီပြစ်မှုကို ကျူးလွန်မှုအတွက် အမြင့်ဆုံးထောင်ဒဏ်အနှစ်(၂၀)နဲ့ အမြင့်ဆုံးဒဏ်ကြေး အမေရိကန်ဒေါ်လာ(၂၅၀၀၀၀) ပေးဆောင်ရနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
႐ုပ္အေလာင္းေတြရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ခိုးယူခဲ့တဲ့ အေမရိကန္အမ်ိဳးသမီး အျမင့္ဆုံးေထာင္ဒဏ္ အႏွစ္ (၂၀) က်ခံရႏိုင္ဖြယ္ရွိေန
Pika (NP News) - ဧၿပီ ၃ဝ

အေမရိကန္ႏိုင္ငံ အာကန္းဆက္ျပည္နယ္ရွိ ရင္ခြဲ႐ုံဝန္ထမ္းေဟာင္းတစ္ဦးဟာ ေဆးေက်ာင္းမွာရွိတဲ့ ႐ုပ္အေလာင္း ေတြရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ခိုးယူခဲ့တယ္ဆိုတဲ့ စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး အျပစ္ရွိေၾကာင္းဝန္ခံခဲ့တယ္လို႔ ေဒသတြင္းေရွ႕ေန႐ုံးက ထုတ္ျပန္ေျပာဆိုထားပါတယ္။

အစိုးရေရွ႕ေနေတြရဲ႕ အဆိုအရ အသက္(၃၇)ႏွစ္အ႐ြယ္ Candace Chapman Scott ဟာ Arkansas Central Mortuary Serviceမွာ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလကေန ၂၀၂၂ ခုႏွစ္ ဇူလိုင္လအထိ တာဝန္ထမ္းေဆာင္စဥ္ အခ်ိန္အတြင္း ျပစ္မႈက်ဴးလြန္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ Arkansas Central Mortuary Service သည္ ေဆးသိပၸံအတြက္ အာကန္းဆက္တကၠသိုလ္ကို လႉဒါန္းခဲ့တဲ့ လူနဲ႔သေႏၶသား ႐ုပ္ႂကြင္းေတြကို ကိုင္တြယ္ခဲ့တာလို႔ လည္း သိရပါတယ္။

Candace Chapman Scott ရဲ႕ အလုပ္က အႂကြင္းအက်န္ေတြကို သယ္ယူပို႔ေဆာင္ျခင္း၊ မပုပ္သိုးေအာင္ေဆးစိမ္ ျခင္း နဲ႔ မီးသၿဂိဳလ္ေပးရျခင္းတို႔ျဖစ္တယ္လို႔ သိရပါတယ္။ အက္ဖ္ဘီအိုင္ရဲ႕အဆိုအရ Candace Chapman Scott ဟာ တာဝန္ထမ္းေဆာင္စဥ္အခ်ိန္အတြင္း လူ႔ခႏၶာကိုယ္အစိတ္အပိုင္းနဲ႔ သေႏၶသားအႂကြင္းအက်န္ေတြကို ခိုးယူခဲ့ ၿပီး ေဖ့စ္ဘုတ္မွာသိခဲ့တဲ့ ပင္ဆယ္ေဗးနီးယားမွာ ေနထိုင္တဲ့ Jeremy Pauley ကို ေရာင္းခ်ခဲ့တာလို႔လည္း သိရပါတယ္။ Candace Chapman Scott ဟာ ခိုးယူထားတဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြပါဝင္တဲ့ စုစုေပါင္း ေသတၱာ(၂၄)လုံးကို အေမရိကန္ေဒၚလာ (၁၁၀၀၀)နီးပါးနဲ႔ ေရာင္းခ်ခဲ့တာျဖစ္တယ္လို႔ တရား႐ုံးရဲ႕စာ႐ြက္ စာတမ္းေတြအရ သိရပါတယ္။

Candace Chapman Scott ဟာ အဲဒီျပစ္မႈေတြ က်ဴးလြန္ခဲ့တာကို ဧၿပီလ(၂၅)ရက္ေန႔က ဝန္ခံခဲ့တာလို႔ အာကန္းဆက္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။ Candace Chapman Scott ကို လာမယ့္ ရက္ပိုင္းအတြင္း စီရင္ခ်က္ခ်သြားမွာျဖစ္တယ္လို႔ တရားသူႀကီး Brian S. Miller က ေျပာၾကားခဲ့ပါတယ္။ Candace Chapman Scottဟာ အဲဒီျပစ္မႈကို က်ဴးလြန္မႈအတြက္ အျမင့္ဆုံးေထာင္ဒဏ္အႏွစ္(၂၀)နဲ႔ အျမင့္ဆုံးဒဏ္ေၾကး အေမရိကန္ေဒၚလာ(၂၅၀၀၀၀) ေပးေဆာင္ရႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.