ပြင်သစ်နိုင်ငံတွင် စားသုံးကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာ
 718
ဖြိုးခန့်(NP News) - အောက်တိုဘာ ၃၁
ပြင်သစ်နိုင်ငံတွင် စားသုံးကုန်နှင့်ပတ်သက်သော ငွေကြေးဖောင်းပွမှုနှုန်းသည် အောက်တိုဘာလတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း စာရင်းအင်းနှင့် စီးပွားရေးသုတေသနဌာနက အောက်တိုဘာ(၂၈)နေ့တွင် ဖော်ပြခဲ့သည်။
စာရင်းအင်းနှင့် စီးပွား‌‌ရေးသုတေသနဌာန၏ခန့်မှန်းချက်များအရ ပြင်သစ်နိုင်ငံအတွင်း ကုန်စျေးနှုန်းမြင့်တက်မှုနှုန်း သည် ပြီးခဲ့သည့်နှစ် နှင့် နှိုင်းယှဥ်ပါက (၆ ဒသမ ၂) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။
ပြင်သစ်နိုင်ငံတွင် ၁၉၈၅ ခုနှစ်နောက်ပိုင်းတည်းက ကုန်စျေးနှုန်းမြင့်တက်မှုသည် ယခုနှစ်ဇူလိုင်လတွင် အမြင့်ဆုံး သို့ရောက်ရှိလာခဲ့ပြီး ကုန်စျေးနှုန်းမြင့်တက်မှုနှုန်း (၆ ဒသမ ၂) ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဇူလိုင်လတွင် ကုန်စျေးနှုန်းမြင့်တက်မှုနှုန်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သော်လည်း သြဂုတ်လနှင့် စက်တင်ဘာလတို့ တွင် ကုန်စျေးနှုန်းမြင့်တက်မှုအရှိန်များ လျော့နည်းသွားခဲ့ကြောင်းသိရသည်။ သို့သော်လည်း ပြင်သစ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများသည် ဥရောပတွင် အနိမ့်ဆုံးငွေကြေးဖောင်းပွမှုတစ်ခုအဖြစ် ရှိနေသေး‌ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံတွင် လောင်စာဆီ၊ အစားအသောက်နှင့် ကုန်ကြမ်းစရိတ်များ မြင့်တက်လာခြင်းနှင့် ထုတ်လုပ်မှုစရိတ် များ တိုးလာခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုသည် ပိုမိုမြန်ဆန်လာခဲ့ကြောင်း စာရင်းအင်းနှင့် စီးပွားရေး သုတေသနဌာနက မှတ်ချက်ပြုပြောဆိုခဲ့သည်။
ပြင်သစ်နိုင်ငံတွင် စျေးနှုန်းများကျဆင်းရန် အစိုးရကကြားဝင်ဆောင်ရွက်ခဲ့သော်လည်း စွမ်းအင်စျေးနှုန်းများသည် (၂ဝ) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး စားသောက်ကုန်စျေးနှုန်းများသည် (၁၂)ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်းသိရ သည်။ စာရင်းအင်းနှင့် စီးပွားရေးသုတေသနဌာနက ပြင်သစ်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ဒီဇင်ဘာလအထိ (၆ ဒသမ ၆) ရာခိုင်နှုန်းထိ မြင့်တက်မည်ဟု ခန့်မှန်းထားပြီး စားသုံးကုန်စျေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း‌ ပြောကြားခဲ့သည်။
Zawgyi Version;
ပြင်သစ်နိုင်ငံတွင် စားသုံးကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာ
စာရင်းအင်းနှင့် စီးပွား‌‌ရေးသုတေသနဌာန၏ခန့်မှန်းချက်များအရ ပြင်သစ်နိုင်ငံအတွင်း ကုန်ဈေးနှုန်းမြင့်တက်မှုနှုန်း သည် ပြီးခဲ့သည့်နှစ် နှင့် နှိုင်းယှဉ်ပါက (၆ ဒသမ ၂) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။
ပြင်သစ်နိုင်ငံတွင် ၁၉၈၅ ခုနှစ်နောက်ပိုင်းတည်းက ကုန်ဈေးနှုန်းမြင့်တက်မှုသည် ယခုနှစ်ဇူလိုင်လတွင် အမြင့်ဆုံး သို့ရောက်ရှိလာခဲ့ပြီး ကုန်ဈေးနှုန်းမြင့်တက်မှုနှုန်း (၆ ဒသမ ၂) ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံတွင် ဈေးနှုန်းများကျဆင်းရန် အစိုးရကကြားဝင်ဆောင်ရွက်ခဲ့သော်လည်း စွမ်းအင်ဈေးနှုန်းများသည် (၂ဝ) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး စားသောက်ကုန်ဈေးနှုန်းများသည် (၁၂)ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်းသိရ သည်။ စာရင်းအင်းနှင့် စီးပွားရေးသုတေသနဌာနက ပြင်သစ်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ဒီဇင်ဘာလအထိ (၆ ဒသမ ၆) ရာခိုင်နှုန်းထိ မြင့်တက်မည်ဟု ခန့်မှန်းထားပြီး စားသုံးကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း‌ ပြောကြားခဲ့သည်။
Related news
© 2021. All rights reserved.