နျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်လာမယ်ဆိုရင် မြောက်ကိုရီးယားအစိုးရအဖွဲ့ အဆုံးသတ်မယ်လို့ အမေရိကန်အစိုးရ ခြိမ်းခြောက်

 635

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၆

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင် အော်စတင်က မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန် နိုင်ငံ ဒါမှမဟုတ် အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေကို နျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်မှာကို လက်ခံမှာမဟုတ်ကြောင်း၊ အဲဒီလိုမျိုး တိုက်ခိုက်လာမယ်ဆိုရင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ် ဦးဆောင်တဲ့ အစိုးရ အဖွဲ့အဆုံးသတ်သွားမှာဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။

အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်းမှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အပါအဝင် ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီးဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ် နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံကို နျူကလီးယားလက်နက်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များ၊ တိုက်ချင်းပစ်ဒုံးကျည်များအပါအဝင် အသုံးပြုလို့ရနိုင်တဲ့ လက်နက်များအပြည့်အဝ အသုံးပြုကာ ကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်ကပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက " အ‌မေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေကို မြောက်ကိုရီးယားနိုင်ငံက တိုက်ခိုက်လာမှာကို လက်ခံမှာမဟုတ်ဘူး၊ မြောက်ကိုရီးယားအစိုးရ အဖွဲ့အဆုံးသတ်သွားမှာဖြစ်တယ်။" လို့ သတင်းထုတ်ပြန်ထားပါတယ်။

အမေ ရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ဒီနှစ်အတွင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပိုမိုလုပ်ဆောင်ခဲ့ရာ မြောက်ကိုရီးယားနိုင်ငံအပေါ်စိတ်ဆိုးဒေါသဖြစ်အောင်ဆွပေးသလိုဖြစ်စေခဲ့ကြောင်းသုံးသပ်မှုများရှိနေပါတယ်။မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကျူးကျော်မှုလုပ်ဖို့ ၊ ရန်စမှုလုပ်ဖို့ ကြိုတင်ပြင်ဆင်ခြင်းအဖြစ် ရှုမြင်ထားပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဒုံးကျည်များ၊ အမြောက်များ စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန်ဟာ မြောက်ကိုရီးယားကို တစ်စုံတစ်ခုတုံ့ပြန်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းတောင်းဆိုခဲ့သေးကြောင်းသိရပါတယ်။

Zawgyi Version
န်ဴကလီးယားလက္နက္မ်ားအသုံးျပဳတိုက္ခိုက္လာမယ္ဆိုရင္ ေျမာက္ကိုရီးယားအစိုးရအဖြဲ႕ အဆုံးသတ္မယ္လို႔ အေမရိကန္အစိုးရ ၿခိမ္းေျခာက္

ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၆

အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ ေအာ္စတင္က ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္ ႏိုင္ငံ ဒါမွမဟုတ္ အေမရိကန္ရဲ႕မဟာမိတ္ႏိုင္ငံေတြကို န်ဴကလီးယားလက္နက္မ်ားအသုံးျပဳတိုက္ခိုက္မွာကို လက္ခံမွာမဟုတ္ေၾကာင္း၊ အဲဒီလိုမ်ိဳး တိုက္ခိုက္လာမယ္ဆိုရင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ ဦးေဆာင္တဲ့ အစိုးရ အဖြဲ႕အဆုံးသတ္သြားမွာျဖစ္ေၾကာင္းသတိေပးလိုက္ပါတယ္။

အေမရိကန္ နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ဆန႔္က်င္ကန႔္ကြက္မႈအျဖစ္ ေျမာက္ကိုရီးယားဟာ ဒီႏွစ္အတြင္းမွာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အပါအဝင္ ဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္ခတ္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဒုံးက်ည္အမ်ားအျပား စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးေနာက္ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဟာ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီး လီဂြၽန္ဆပ္ နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။

အေမရိကန္ႏိုင္ငံအေနနဲ႔ ေတာင္ကိုရီးယားႏိုင္ငံကို န်ဴကလီးယားလက္နက္မ်ား၊ ဒုံးက်ည္ကာကြယ္ေရးစနစ္မ်ား၊ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားအပါအဝင္ အသုံးျပဳလို႔ရႏိုင္တဲ့ လက္နက္မ်ားအျပည့္အဝ အသုံးျပဳကာ ကာကြယ္ေပးသြားမွာျဖစ္ေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး ေအာ္စတင္ကေျပာပါတယ္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီးက " အ‌ေမရိကန္ နဲ႔ မဟာမိတ္ႏိုင္ငံေတြကို ေျမာက္ကိုရီးယားႏိုင္ငံက တိုက္ခိုက္လာမွာကို လက္ခံမွာမဟုတ္ဘူး၊ ေျမာက္ကိုရီးယားအစိုးရ အဖြဲ႕အဆုံးသတ္သြားမွာျဖစ္တယ္။" လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အေမ ရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ ဒီႏွစ္အတြင္းမွာ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားပိုမိုလုပ္ေဆာင္ခဲ့ရာ ေျမာက္ကိုရီးယားႏိုင္ငံအေပၚစိတ္ဆိုးေဒါသျဖစ္ေအာင္ဆြေပးသလိုျဖစ္ေစခဲ့ေၾကာင္းသုံးသပ္မႈမ်ားရွိေနပါတယ္။ေျမာက္ကိုရီးယားႏိုင္ငံက ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို က်ဴးေက်ာ္မႈလုပ္ဖို႔ ၊ ရန္စမႈလုပ္ဖို႔ ႀကိဳတင္ျပင္ဆင္ျခင္းအျဖစ္ ရႈျမင္ထားၿပီး ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကိုရပ္တန႔္ဖို႔ ေတာင္းဆိုထားပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံက ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ဒုံးက်ည္မ်ား၊ အေျမာက္မ်ား စမ္းသပ္ပစ္ခတ္ခဲ့ၿပီးေနာက္ အေမရိကန္ဟာ ေျမာက္ကိုရီးယားကို တစ္စုံတစ္ခုတုံ႔ျပန္ဖို႔ကုလသမဂၢလုံၿခဳံေရးေကာင္စီကို တိုက္တြန္းေတာင္းဆိုခဲ့ေသးေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.