မိသားစုဝင်(၅)ဦးရှိပါက (၄)ဦးအား လာကြည့်ခိုင်းကာ ပြန်ပေးဆွဲမှု၊ လူသတ်မှုကျူးလွန်သူအချို့ကို MNDAA က လူပုံအလယ်၌ သေဒဏ်ပေး

 2734

မြူနစ် (NP News) - ဧပြီ ၂၅

လောက်ကိုင်မြို့၌ တစ်အိမ်လျှင် မိသားစုဝင်(၅)ဦးရှိပါက (၄)ဦးအား လာကြည့်ခိုင်းကာ ပြန်ပေးဆွဲမှု၊ လူသတ်မှု ကျူးလွန်သူအချို့ကို MNDAA က လူပုံအလယ်၌ သေဒဏ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် ၎င်းတို့ထိန်းချုပ်ထားသော လောက်ကိုင်မြို့၌ ယမန်နေ့(ဧပြီ ၂၄ ရက်) တွင် အမျိုးသား(၁၀)ဦးကို လူပုံအလယ်တွင် ပြစ်ဒဏ်စီရင်မှုပြုလုပ်ခဲ့ကြောင်း လောက်ကိုင်မြို့ခံများထံမှ သိရသည်။

ထိုသို့ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရသော အမျိုးသား(၁၀)ဦးထဲတွင် MNDAA မှ အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် အပြင် အရပ်သားတစ်ချို့လည်း ပါဝင်ကြောင်း သိရသည်။

“သေဒဏ်က (၃)ယောက်ကို ပေးလိုက်တာ။ ပြန်ပေးဆွဲတဲ့အမှုမှာ MNDAA က အရာရှိတစ်ယောက်ပါတယ်။ နောက် လူသတ်မှုတွေ ပါတယ်။ ပြန်ပေးဆွဲမှုရယ်၊ လူသတ်မှုရယ်ပေါ့။ အိမ်တစ်အိမ်မှာ မိသားစုဝင် (၅)ဦးရှိရင် (၄)ဦးကို လာကြည့်ခိုင်းပြီးတော့ ပြစ်ဒဏ်စီရင်တာ” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

MNDAA လက်နက်ကိုင်အဖွဲ့က လောက်ကိုင်မြို့တွင် အထက်ပါကဲ့သို့ ပြစ်ဒဏ်စီရင်ရာတွင် အမျိုးသား (၃)ဦးကို သေဒဏ်စီရင်ကာ ကျန်ရှိသည့်အမျိုးသား (၇)ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် မဟာမိတ်အဖွဲ့များဖြစ်သော TNLA၊ AA တို့နှင့်ပူးပေါင်းကာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖော်ဆောင်ပြီးနောက် လောက်ကိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

MNDAA လက်နက်ကိုင်အဖွဲ့သည် ၎င်းတို့ထိန်းချုပ်ရာဒေသတွင် ရာဇဝတ်မှုကျူးလွန်သူအချို့ကို လူပုံအလယ်၌ သေဒဏ်စီ ရင်ခြင်းသည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

Zawgyi Version;
မိသားစုဝင္(၅)ဦးရွိပါက (၄)ဦးအား လာၾကည့္ခိုင္းကာ ျပန္ေပးဆြဲမႈ၊ လူသတ္မႈက်ဴးလြန္သူအခ်ိဳ႕ကို MNDAA က လူပုံအလယ္၌ ေသဒဏ္ေပး
ျမဴနစ္ (NP News) - ဧၿပီ ၂၅

ေလာက္ကိုင္ၿမိဳ႕၌ တစ္အိမ္လွ်င္ မိသားစုဝင္(၅)ဦးရွိပါက (၄)ဦးအား လာၾကည့္ခိုင္းကာ ျပန္ေပးဆြဲမႈ၊ လူသတ္မႈ က်ဴးလြန္သူအခ်ိဳ႕ကို MNDAA က လူပုံအလယ္၌ ေသဒဏ္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ ၎တို႔ထိန္းခ်ဳပ္ထားေသာ ေလာက္ကိုင္ၿမိဳ႕၌ ယမန္ေန႔(ဧၿပီ ၂၄ ရက္) တြင္ အမ်ိဳးသား(၁၀)ဦးကို လူပုံအလယ္တြင္ ျပစ္ဒဏ္စီရင္မႈျပဳလုပ္ခဲ့ေၾကာင္း ေလာက္ကိုင္ၿမိဳ႕ခံမ်ားထံမွ သိရသည္။

ထိုသို႔ျပစ္ဒဏ္စီရင္ျခင္းခံခဲ့ရေသာ အမ်ိဳးသား(၁၀)ဦးထဲတြင္ MNDAA မွ အရာရွိတစ္ဦးႏွင့္ တပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ အျပင္ အရပ္သားတစ္ခ်ိဳ႕လည္း ပါဝင္ေၾကာင္း သိရသည္။

“ေသဒဏ္က (၃)ေယာက္ကို ေပးလိုက္တာ။ ျပန္ေပးဆြဲတဲ့အမႈမွာ MNDAA က အရာရွိတစ္ေယာက္ပါတယ္။ ေနာက္ လူသတ္မႈေတြ ပါတယ္။ ျပန္ေပးဆြဲမႈရယ္၊ လူသတ္မႈရယ္ေပါ့။ အိမ္တစ္အိမ္မွာ မိသားစုဝင္ (၅)ဦးရွိရင္ (၄)ဦးကို လာၾကည့္ခိုင္းၿပီးေတာ့ ျပစ္ဒဏ္စီရင္တာ” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

MNDAA လက္နက္ကိုင္အဖြဲ႕က ေလာက္ကိုင္ၿမိဳ႕တြင္ အထက္ပါကဲ့သို႔ ျပစ္ဒဏ္စီရင္ရာတြင္ အမ်ိဳးသား (၃)ဦးကို ေသဒဏ္စီရင္ကာ က်န္ရွိသည့္အမ်ိဳးသား (၇)ဦးကို ေထာင္ဒဏ္အသီးသီး ခ်မွတ္ခဲ့ေၾကာင္းလည္း သိရွိရသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ မဟာမိတ္အဖြဲ႕မ်ားျဖစ္ေသာ TNLA၊ AA တို႔ႏွင့္ပူးေပါင္းကာ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ားေဖာ္ေဆာင္ၿပီးေနာက္ ေလာက္ကိုင္ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းလည္း ျဖစ္သည္။

MNDAA လက္နက္ကိုင္အဖြဲ႕သည္ ၎တို႔ထိန္းခ်ဳပ္ရာေဒသတြင္ ရာဇဝတ္မႈက်ဴးလြန္သူအခ်ိဳ႕ကို လူပုံအလယ္၌ ေသဒဏ္စီ ရင္ျခင္းသည္ ပထမဆုံးအႀကိမ္လည္း ျဖစ္သည္။

Picture

Htoo Myat Thu

25/04/2024 21:07

laws by gun

Related news

© 2021. All rights reserved.