တောင်ကိုရီးယားမှာ အီလွန်မက်ခ် ယောင်ဆောင်ထားတဲ့ လိမ်လည်မှုတစ်ခုကြောင့် အမျိုးသမီးတစ်ဦး ဝမ် ၇ သန်း ဆုံးရှုံး

 386

ရောင်နီ (NP News) - ဧပြီ ၂၅

Tesla CEO အီလွန်မက်ခ်ရဲ့အမှုဆောင်အရာရှိချုပ်ပုံစံနဲ့ လိမ်လည်မှုကြောင့် တောင်ကိုရီးယားအမျိုးသမီးတစ်ဦး ဝမ်သန်း ၇ဝ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားရုပ်သံလိုင်း KBS မှ ဖော်ပြချက်အရ ဂျန်ဂျီအန်း အမည်ရှိ အမျိုးသားဟာ အွန်လိုင်း လိမ်လည်မှုရဲ့ သားကောင်ဖြစ်လာပုံကို မျှဝေခဲ့တာဖြစ်ပါတယ်။ သူမပြောကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် အီလွန်မက်ခ်ဟာ အင်စတာဂရမ်မှာ သူမကို follow လုပ်ခဲ့ပြီး သူ့ ID ကတ်နဲ့ ဓာတ်ပုံတစ်ပုံကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။

သူမက ပထမတော့ လူလိမ်လားလို့ သံသယ ရှိခဲ့ပေမယ့် မက်ခ်က သူ့သားသမီးတွေ အကြောင်းနဲ့ Tesla (သို့) SpaceX မှာ အလုပ်လာလုပ်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ လူတွေအများကြီးထဲကမှ သူမကို ဘာလို့ရွေးချယ်တာလဲ လို့ မေးမြန်းတော့ သူက ပရိသတ်တွေကို ဒီလိုပဲကျပန်းဆက်သွယ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် ဗီဒီယိုဖုန်းခေါ်ဆိုမှုမှာလည်း အီလွန်မက်ခ်မျက်နှာနဲ့တွေ့ရတာကြောင့် သူမက ယုံကြည်ခဲ့ပြီး ဟိုဘက်က ရင်းနှီးမြုပ်နှံဖို့ ပြောတဲ့အခါမှာ ယုံယုံကြည်ကြည်ပဲ ငွေလွှဲပေးခဲ့မိတယ်လို့ ဆိုပါတယ်။

ဆိုးလ်အခြေစိုက် Korea University မှ မကြာသေးမီက ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အွန်လိုင်းလိမ်လည်မှု ၂၈ဝ ခုရှိပြီး ကျူးလွန်ခံရသူ ၇၁.၄ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားမွာ အီလြန္မက္ခ္ ေယာင္ေဆာင္ထားတဲ့ လိမ္လည္မႈတစ္ခုေၾကာင့္ အမ်ိဳးသမီးတစ္ဦး ဝမ္ ၇ သန္း ဆုံးရႈံး
ေရာင္နီ (NP News) - ဧၿပီ ၂၅

Tesla CEO အီလြန္မက္ခ္ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ပုံစံနဲ႔ လိမ္လည္မႈေၾကာင့္ ေတာင္ကိုရီးယားအမ်ိဳးသမီးတစ္ဦး ဝမ္သန္း ၇ဝ ဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယား႐ုပ္သံလိုင္း KBS မွ ေဖာ္ျပခ်က္အရ ဂ်န္ဂ်ီအန္း အမည္ရွိ အမ်ိဳးသားဟာ အြန္လိုင္း လိမ္လည္မႈရဲ႕ သားေကာင္ျဖစ္လာပုံကို မွ်ေဝခဲ့တာျဖစ္ပါတယ္။ သူမေျပာၾကားခ်က္အရ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လ ၁၇ ရက္ အီလြန္မက္ခ္ဟာ အင္စတာဂရမ္မွာ သူမကို follow လုပ္ခဲ့ၿပီး သူ႔ ID ကတ္နဲ႔ ဓာတ္ပုံတစ္ပုံကို ပို႔ခဲ့တယ္လို႔ ဆိုပါတယ္။

သူမက ပထမေတာ့ လူလိမ္လားလို႔ သံသယ ရွိခဲ့ေပမယ့္ မက္ခ္က သူ႔သားသမီးေတြ အေၾကာင္းနဲ႔ Tesla (သို႔) SpaceX မွာ အလုပ္လာလုပ္ဖို႔ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ လူေတြအမ်ားႀကီးထဲကမွ သူမကို ဘာလို႔ေ႐ြးခ်ယ္တာလဲ လို႔ ေမးျမန္းေတာ့ သူက ပရိသတ္ေတြကို ဒီလိုပဲက်ပန္းဆက္သြယ္တယ္လို႔ ဆိုခဲ့ပါတယ္။
ဒါ့အျပင္ ဗီဒီယိုဖုန္းေခၚဆိုမႈမွာလည္း အီလြန္မက္ခ္မ်က္ႏွာနဲ႔ေတြ႕ရတာေၾကာင့္ သူမက ယုံၾကည္ခဲ့ၿပီး ဟိုဘက္က ရင္းႏွီးျမဳပ္ႏွံဖို႔ ေျပာတဲ့အခါမွာ ယုံယုံၾကည္ၾကည္ပဲ ေငြလႊဲေပးခဲ့မိတယ္လို႔ ဆိုပါတယ္။

ဆိုးလ္အေျခစိုက္ Korea University မွ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ေလ့လာမႈတစ္ခုအရ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလမွ ဇြန္လအတြင္း အြန္လိုင္းလိမ္လည္မႈ ၂၈ဝ ခုရွိၿပီး က်ဴးလြန္ခံရသူ ၇၁.၄ ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးေတြျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.