ယူကရိန်းသို့ တာဝေးပစ် ATACMS လက်နက်များ အမေရိကန် လျှို့ဝှက်ပေးပို့ခဲ့

 1203

ALynn (NP News) - ဧပြီ ၂၅

အမေရိကန်သည် မတ်လက စစ်ရေးအထောက်အပံ့အနေဖြင့် ယူကရိန်းထံ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များ တိတ်တဆိတ်ပို့ခဲ့ပြီး ယူကရိန်းက ၎င်းလက်နက်များကို နှစ်ကြိမ် အသုံးပြုခဲ့ပြီးဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများ၏ ဖော်ပြချက်အရ သိရသည်။

တာဝေးပစ် ဗျူဟာမြောက် ဒုံးကျည်စနစ်များဖြစ်သည့် (ATACMS) သည် ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အကွာရှိ ပစ်မှတ်များကို ထိမှန်နိုင်ပြီး ယမန်နှစ်နှောင်းပိုင်းက အမေရိကန်မှ စတင်ပေးပို့သော တာလတ်ပစ် ATACMS ၏ အကွာအဝေးထက် နှစ်ဆနီးပါးရှိသည်။

ကနဦးပိုင်းတွင် အမေရိကန်က ယူကရိန်းသည် တာဝေးပစ်လက်နက်များကို ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များ အတွက် အသုံးပြုနိုင်ကြောင်း စိုးရိမ်မှုများရှိခဲ့ပြီး ယူကရိန်းအား တာဝေးပစ်လက်နက်များ ပေးအပ်ရန် တွန့်ဆုတ် နေခဲ့သည်။ သို့သော် ဖေဖော်ဝါရီလတွင် ဘိုင်ဒင်က ဒုံးကျည်များ ပေးပို့ရန် အတည်ပြုခဲ့ပြီး နောက်လတွင် ကြေညာခဲ့သည့် ဒေါ်လာသန်း ၃၀၀ အကူအညီတွင် ထည့်သွင်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယူကရိန်းသည် ၎င်းအား လက်နက်များ အထောက်အပံ့ပေးရန် အတင်းအကြပ် တောင်းဆိုပြီးနောက် ယခုသီတင်း ပတ်အတွင်း အမေရိကန်က ဒေါ်လာ ၆၁ ဘီလျံရှိ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်ကို အတည်ပြုပေးခဲ့သည်။ ATACMS သည် ထိုအစီအစဉ်၏ ပထမ ဒေါ်လာ တစ်ဘီလီယံတွင် အကျုံးဝင်မည်ဟု မျှော်လင့်ရသည်။ ယခုလ အတွင်း ပေးပို့လာသောလက်နက်များသည် ခရိုင်းမီးယားပြည်နယ်၊ Dzhankoi ရှိ လေယာဉ်ကွင်းကို တိုက်ခိုက်ရန် အတွက် ဧပြီလ ၁၇ ရက်တွင် အသုံးပြုခဲ့ပြီး၊ ယူကရိန်းအရှေ့တောင်ပိုင်းရှိ ရုရှားတို့ သိမ်းပိုက်ထားသော Berdyansk မြို့အနီးတွင်လည်း ယခုသတင်းပတ်က အသုံးပြုခဲ့သည်။

ပူးတွဲစစ်ဦးစီးချုပ်များ၏ ဒုတိယဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး Christopher Grady က အိမ်ဖြူတော် နှင့် စစ်ဘက် စီစဉ်သူများသည် ယူကရိန်းအား တာဝေးပစ်လက်နက်များ ပေးအပ်ခြင်း၏ အန္တရာယ်များကို ဂရုတစိုက်ကြည့်ရှုခဲ့ ပြီးနောက် ပေးအပ်ရန်အချိန်တန်ပြီဟု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါလက်နက်များကို ယူကရိန်းအချုပ်အခြာပိုင်နက်အတွင်းသာ အသုံးပြုနိုင်ရန်အတွက် ပေးပို့ခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ ရန်ပုံငွေ နှင့် လက်နက်များ ပေးပို့ရာတွင် နှောင့်နှေးမှုများကြောင့် ရုရှားသည် ယူကရိန်းအရှေ့ပိုင်းရှိ ရှေ့တန်းတလျှောက် တိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့ပြီး ယခုလအတွင်း နယ်မြေအတော်များများကို ထိန်းချုပ်လာ နိုင်ခဲ့သည်။ ထို့ပြင် ယူကရိန်းတပ်ဖွဲ့ဝင်များအား ချေမှုန်းရန်အတွက် လေယာဉ်များမှ ချပေးသော ဂြိုလ်တုလမ်းညွှန် ပျံဝဲဗုံးများကို ပိုမိုအသုံးပြုလာခဲ့သည်။

ယူကရိန်းအရာရှိများသည် တာဝေးပစ် ATACMS လက်ခံရရှိမှု နှင့် အသုံးပြုမှုများကို လူသိရှင်ကြား ထုတ်ဖော် ပြောကြားခြင်းမရှိသေးပါ။ သို့သော် ယူကရိန်းသမ္မတ Volodymyr Zelenskyy က အကူအညီဥပဒေမူကြမ်း အသစ်ကို အတည်ပြုပေးသည့်အတွက် ကွန်ဂရက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း နှင့် စစ်ပွဲအတွက် ထိုသို့သော လက်နက်များ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။

Zawgyi Version;
ယူကရိန္းသို႔ တာေဝးပစ္ ATACMS လက္နက္မ်ား အေမရိကန္ လွ်ိဳ႕ဝွက္ေပးပို႔ခဲ့
ALynn (NP News) - ဧၿပီ ၂၅

အေမရိကန္သည္ မတ္လက စစ္ေရးအေထာက္အပံ့အေနျဖင့္ ယူကရိန္းထံ တာေဝးပစ္ပဲ့ထိန္းဒုံးက်ည္မ်ား တိတ္တဆိတ္ပို႔ခဲ့ၿပီး ယူကရိန္းက ၎လက္နက္မ်ားကို ႏွစ္ႀကိမ္ အသုံးျပဳခဲ့ၿပီးျဖစ္ေၾကာင္း အေမရိကန္ တာဝန္ရွိသူမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

တာေဝးပစ္ ဗ်ဴဟာေျမာက္ ဒုံးက်ည္စနစ္မ်ားျဖစ္သည့္ (ATACMS) သည္ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင္) အကြာရွိ ပစ္မွတ္မ်ားကို ထိမွန္ႏိုင္ၿပီး ယမန္ႏွစ္ေႏွာင္းပိုင္းက အေမရိကန္မွ စတင္ေပးပို႔ေသာ တာလတ္ပစ္ ATACMS ၏ အကြာအေဝးထက္ ႏွစ္ဆနီးပါးရွိသည္။

ကနဦးပိုင္းတြင္ အေမရိကန္က ယူကရိန္းသည္ တာေဝးပစ္လက္နက္မ်ားကို ႐ုရွားပိုင္နက္အတြင္းရွိ ပစ္မွတ္မ်ား အတြက္ အသုံးျပဳႏိုင္ေၾကာင္း စိုးရိမ္မႈမ်ားရွိခဲ့ၿပီး ယူကရိန္းအား တာေဝးပစ္လက္နက္မ်ား ေပးအပ္ရန္ တြန႔္ဆုတ္ ေနခဲ့သည္။ သို႔ေသာ္ ေဖေဖာ္ဝါရီလတြင္ ဘိုင္ဒင္က ဒုံးက်ည္မ်ား ေပးပို႔ရန္ အတည္ျပဳခဲ့ၿပီး ေနာက္လတြင္ ေၾကညာခဲ့သည့္ ေဒၚလာသန္း ၃၀၀ အကူအညီတြင္ ထည့္သြင္းခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

ယူကရိန္းသည္ ၎အား လက္နက္မ်ား အေထာက္အပံ့ေပးရန္ အတင္းအၾကပ္ ေတာင္းဆိုၿပီးေနာက္ ယခုသီတင္း ပတ္အတြင္း အေမရိကန္က ေဒၚလာ ၆၁ ဘီလ်ံရွိ စစ္ဘက္ဆိုင္ရာ ေထာက္ပံ့မႈအစီအစဥ္ကို အတည္ျပဳေပးခဲ့သည္။ ATACMS သည္ ထိုအစီအစဥ္၏ ပထမ ေဒၚလာ တစ္ဘီလီယံတြင္ အက်ဳံးဝင္မည္ဟု ေမွ်ာ္လင့္ရသည္။ ယခုလ အတြင္း ေပးပို႔လာေသာလက္နက္မ်ားသည္ ခ႐ိုင္းမီးယားျပည္နယ္၊ Dzhankoi ရွိ ေလယာဥ္ကြင္းကို တိုက္ခိုက္ရန္ အတြက္ ဧၿပီလ ၁၇ ရက္တြင္ အသုံးျပဳခဲ့ၿပီး၊ ယူကရိန္းအေရွ႕ေတာင္ပိုင္းရွိ ႐ုရွားတို႔ သိမ္းပိုက္ထားေသာ Berdyansk ၿမိဳ႕အနီးတြင္လည္း ယခုသတင္းပတ္က အသုံးျပဳခဲ့သည္။

ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား၏ ဒုတိယဥကၠ႒ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Christopher Grady က အိမ္ျဖဴေတာ္ ႏွင့္ စစ္ဘက္ စီစဥ္သူမ်ားသည္ ယူကရိန္းအား တာေဝးပစ္လက္နက္မ်ား ေပးအပ္ျခင္း၏ အႏၲရာယ္မ်ားကို ဂ႐ုတစိုက္ၾကည့္ရႈခဲ့ ၿပီးေနာက္ ေပးအပ္ရန္အခ်ိန္တန္ၿပီဟု ဆုံးျဖတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ အဆိုပါလက္နက္မ်ားကို ယူကရိန္းအခ်ဳပ္အျခာပိုင္နက္အတြင္းသာ အသုံးျပဳႏိုင္ရန္အတြက္ ေပးပို႔ခဲ့ျခင္းျဖစ္သည္။

အေမရိကန္၏ ရန္ပုံေငြ ႏွင့္ လက္နက္မ်ား ေပးပို႔ရာတြင္ ေႏွာင့္ေႏွးမႈမ်ားေၾကာင့္ ႐ုရွားသည္ ယူကရိန္းအေရွ႕ပိုင္းရွိ ေရွ႕တန္းတေလွ်ာက္ တိုက္ခိုက္မႈမ်ားကို အရွိန္ျမႇင့္ခဲ့ၿပီး ယခုလအတြင္း နယ္ေျမအေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္လာ ႏိုင္ခဲ့သည္။ ထို႔ျပင္ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားအား ေခ်မႈန္းရန္အတြက္ ေလယာဥ္မ်ားမွ ခ်ေပးေသာ ၿဂိဳလ္တုလမ္းၫႊန္ ပ်ံဝဲဗုံးမ်ားကို ပိုမိုအသုံးျပဳလာခဲ့သည္။

ယူကရိန္းအရာရွိမ်ားသည္ တာေဝးပစ္ ATACMS လက္ခံရရွိမႈ ႏွင့္ အသုံးျပဳမႈမ်ားကို လူသိရွင္ၾကား ထုတ္ေဖာ္ ေျပာၾကားျခင္းမရွိေသးပါ။ သို႔ေသာ္ ယူကရိန္းသမၼတ Volodymyr Zelenskyy က အကူအညီဥပေဒမူၾကမ္း အသစ္ကို အတည္ျပဳေပးသည့္အတြက္ ကြန္ဂရက္လႊတ္ေတာ္ကို ေက်းဇူးတင္ေၾကာင္း ႏွင့္ စစ္ပြဲအတြက္ ထိုသို႔ေသာ လက္နက္မ်ား၏ အေရးပါမႈကို အေလးေပးေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.