မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန်အတွက် အာဆီယံနိုင်ငံများ တွေ့ဆုံဆွေးနွေးရန် ထိုင်းအစိုးရ အဆိုပြုတောင်းဆို

 653

ဂျန်ဇက် (NP News) - ဧပြီ ၂၅

ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိစေရန် နှင့် အခက်ခဲပြသာနာများကို ဖြေလျော့နိုင်ရန်အတွက် မြန်မာအစိုးရနှင့် စေ့စပ်ဆွေးနွေးမှုများပြုလုပ်နိုင်ရန် အာဆီယံအဖွဲ့ဝင်အဓိက သုံးနိုင်ငံ (သို့မဟုတ်) အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်မည့် ဆွေးနွေးပွဲကျင်းပရန် အဆိုပြုကမ်းလှမ်းခဲ့ကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နီကွန်ဒီ ဘလန်ကူရာက ထိုင်းအစိုးသည် လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှတဆင့် အခြားအာဆီယံနိုင်ငံများနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ရရှိစေရန်အတွက် "Troika" နှင့် "Troika plus" အစီအစဉ်တွေ့ဆုံဆွေးနွေးရန် အဆိုပြုကမ်းလှမ်းထားကြောင်း သိရသည်။

ပြီးခဲ့သောနှစ်က ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာအရေးနှင့်ပတ်သက်ပြီး "Troika" အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

"Troika" အစီအစဉ်သည် လက်ရှိအာဆီယံဥက္ကဋ္ဌ၊ အာဆီယံဥက္ကဌဟောင်းနိုင်ငံ နှင့် အာဆီယံဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူမည့်နိုင်ငံတို့ပူးပေါင်းပြီး မြန်မာအရေးကို ပူးပေါင်းဖြေရှင်းရန် ဖြစ်ကြောင်း သိရသည်။ "Troika" အစီအစဉ်အရ လက်ရှိအာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံအပြင် အာဆီယံဥက္ကဌဟောင်း အင်ဒိုနီးရှားနိုင်ငံ နှင့် အာဆီယံ ဥက္ကဋ္ဌအသစ်အဖြစ်တာဝန်ယူဖွယ်ရှိနေသည့်မလေးရှားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ "Troika plus" အစီအစဉ်က မြန်မာအရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုရှိနေသည့်နိုင်ငံ (သို့မဟုတ်) မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန် စိတ်ဝင်စားသည့် အာဆီယံနိုင်ငံများကို ရည်ရွယ်ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် မြန်မာအရေးအတွက် အာဆီယံနိုင်ငံများ ပူးပေါင်းပါဝင်မည့် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းအစိုးရသည် မြန်မာအစိုးရ နှင့် လက်နက်ကိုင်အုပ်စုများကြား စေ့စပ်ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် ကြားဝင်စေ့စပ်ပေးရန်အဆိုပြုကမ်းလှမ်းထားဖူးကြောင်း သိရသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာအရေးနှင့်ပတ်သက်ပြီးရပ်တည်ချက်က ရှင်းလင်းကြောင်း၊ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို အကူအညီပေးရေး အဓိကထား ကြိုးပမ်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နီကွန်ဒီ ဘလန်ကူရာက ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိေစရန္အတြက္ အာဆီယံႏိုင္ငံမ်ား ေတြ႕ဆုံေဆြးေႏြးရန္ ထိုင္းအစိုးရ အဆိုျပဳေတာင္းဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၅

ထိုင္းအစိုးရသည္ ျမန္မာႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရးရရွိေစရန္ ႏွင့္ အခက္ခဲျပသာနာမ်ားကို ေျဖေလ်ာ့ႏိုင္ရန္အတြက္ ျမန္မာအစိုးရႏွင့္ ေစ့စပ္ေဆြးေႏြးမႈမ်ားျပဳလုပ္ႏိုင္ရန္ အာဆီယံအဖြဲ႕ဝင္အဓိက သုံးႏိုင္ငံ (သို႔မဟုတ္) အျခား အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ား ပူးေပါင္းပါဝင္မည့္ ေဆြးေႏြးပြဲက်င္းပရန္ အဆိုျပဳကမ္းလွမ္းခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခား ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ နီကြန္ဒီ ဘလန္ကူရာက ထိုင္းအစိုးသည္ လက္ရွိအာဆီယံ အလွည့္က်ဥကၠ႒ လာအိုႏိုင္ငံမွတဆင့္ အျခားအာဆီယံႏိုင္ငံမ်ားႏွင့္ပူးေပါင္းၿပီး ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရး ျပန္လည္ ရရွိေစရန္အတြက္ "Troika" ႏွင့္ "Troika plus" အစီအစဥ္ေတြ႕ဆုံေဆြးေႏြးရန္ အဆိုျပဳကမ္းလွမ္းထားေၾကာင္း သိရသည္။

ၿပီးခဲ့ေသာႏွစ္က က်င္းပခဲ့ေသာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတြင္ ျမန္မာအေရးႏွင့္ပတ္သက္ၿပီး "Troika" အစီအစဥ္ကို အေကာင္အထည္ေဖာ္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။

"Troika" အစီအစဥ္သည္ လက္ရွိအာဆီယံဥကၠ႒၊ အာဆီယံဥကၠဌေဟာင္းႏိုင္ငံ ႏွင့္ အာဆီယံဥကၠ႒အသစ္အျဖစ္ တာဝန္ယူမည့္ႏိုင္ငံတို႔ပူးေပါင္းၿပီး ျမန္မာအေရးကို ပူးေပါင္းေျဖရွင္းရန္ ျဖစ္ေၾကာင္း သိရသည္။ "Troika" အစီအစဥ္အရ လက္ရွိအာဆီယံဥကၠ႒ လာအိုႏိုင္ငံအျပင္ အာဆီယံဥကၠဌေဟာင္း အင္ဒိုနီးရွားႏိုင္ငံ ႏွင့္ အာဆီယံ ဥကၠ႒အသစ္အျဖစ္တာဝန္ယူဖြယ္ရွိေနသည့္မေလးရွားႏိုင္ငံတို႔ ပူးေပါင္းေဆာင္႐ြက္ရမည္ျဖစ္သည္။ "Troika plus" အစီအစဥ္က ျမန္မာအေရးႏွင့္ ပတ္သက္ၿပီး စိုးရိမ္မႈရွိေနသည့္ႏိုင္ငံ (သို႔မဟုတ္) ျမန္မာႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိေစရန္ စိတ္ဝင္စားသည့္ အာဆီယံႏိုင္ငံမ်ားကို ရည္႐ြယ္ေခၚဆိုျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံသည္ ျမန္မာအေရးအတြက္ အာဆီယံႏိုင္ငံမ်ား ပူးေပါင္းပါဝင္မည့္ အစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။ ထိုင္းအစိုးရသည္ ျမန္မာအစိုးရ ႏွင့္ လက္နက္ကိုင္အုပ္စုမ်ားၾကား ေစ့စပ္ေဆြးေႏြးမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ ၾကားဝင္ေစ့စပ္ေပးရန္အဆိုျပဳကမ္းလွမ္းထားဖူးေၾကာင္း သိရသည္။

ထိုင္းအစိုးရအေနျဖင့္ ျမန္မာအေရးႏွင့္ပတ္သက္ၿပီးရပ္တည္ခ်က္က ရွင္းလင္းေၾကာင္း၊ တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာၿပီး လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္ေနသူမ်ားကို အကူအညီေပးေရး အဓိကထား ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ နီကြန္ဒီ ဘလန္ကူရာက ေျပာသည္။

Related news

© 2021. All rights reserved.