ထိုင်းနဲ့ မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲများ မဖြစ်ပွားတေ့ာကြောင်း ထိုင်းအစိုးရ ပြော

 2084

ဂျန်ဇက် (NP News) - ဧပြီ ၂၅

ထိုင်းနိုင်ငံနဲ့မြန်မာနယ်စပ်မှာ၊ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိပေမယ့် အခြေ အနေများကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နီကွန် ဒီဘလန်ကူရာ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နီကွန် ဒီဘလန်ကူရာ က ထိုင်းအစိုးရက လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူအားလုံးကို ခွဲခြားမှုမရှိဘဲ ကူညီထောက်ပံ့ပေးနိုင်ဖို့ အဓိကဦးစားပေးလုပ်ဆောင်နေ တယ်လို့ ပြောပါတယ်။ ထိုင်းအစိုးရဟာ မြန်မာလက်နက်ကိုင်အဖွဲ့များကြား ကြားဝင်စေ့စပ်ဆွေးနွေးဖို့ အဆင်သင့် ရှိနေကြောင်း ဒါပေမယ့် မြန်မာအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့များကနေ ကြားဝင်စေ့စပ်ပေးဖို့ ထိုင်းအစိုးရကို ဆက်သွယ်ခြင်းမျိုးမရှိသေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသမြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းတိုက်ပွဲများ ဖြစ်လာခဲ့ ပြီးနောက် ထိုင်းအစိုးရက နယ်စပ်ဒေသအခြေအနေတွေကိုစောင့်ကြည့်နေခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ မြဝတီမြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသကုန်သွယ်ရေးကို ယာယီထိခိုက်ခဲ့ရပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၄ ရက်မှာ မြန်မာနယ်စပ်အခြေနေများကို စုံစမ်းအကဲခတ်ဖို့ မဲဆောက်မြို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားပါတယ်။

တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြဝတီမြို့မှာနေထိုင်နေသူများ ထိုင်းဘက်ခြမ်းကို နေရပ်စွန့်ခွာခဲ့ပေမယ့် လက်ရှိအချိန်မှာ တိုက်ပွဲများလျော့နည်းသွားတဲ့အတွက် မြန်မာနိုင်ငံကို ပြန်သွားခဲ့ကြောင်း ထိုင်းဘက်ခြမ်းမှာ မြန်မာနေရပ်စွန့်ခွာသူ ၆၅ဝ ဦးသာ ကျန်ရှိတော့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြဝတီမြို့မှာ တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်းစစ်တပ်က တိုက်လေယာဉ်များ စေလွှတ်ကာ ဝေဟင်ပိုင်နက်ကို စောင့်ကြည့်ခဲ့သလို မြေပြင်မှာလည်း တင့်ကားတွေ စေလွှတ်စောင့်ကြည့်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Zawgyi Version;
ထိုင္းနဲ႔ ျမန္မာနယ္စပ္မွာ ၿပီးခဲ့တဲ့ ၂ရက္အတြင္း တိုက္ပြဲမ်ား မျဖစ္ပြားေတ့ာေၾကာင္း ထိုင္းအစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၅

ထိုင္းႏိုင္ငံနဲ႔ျမန္မာနယ္စပ္မွာ၊ ၿပီးခဲ့တဲ့ ၄၈ နာရီအတြင္း ပစ္ခတ္တိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ျခင္းမရွိေပမယ့္ အေျခ အေနမ်ားကို ဆက္လက္ေစာင့္ၾကည့္ဖို႔ လိုအပ္ေၾကာင္း၊ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ နီကြန္ ဒီဘလန္ကူရာ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ နီကြန္ ဒီဘလန္ကူရာ က ထိုင္းအစိုးရက လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီလိုအပ္ေနသူအားလုံးကို ခြဲျခားမႈမရွိဘဲ ကူညီေထာက္ပံ့ေပးႏိုင္ဖို႔ အဓိကဦးစားေပးလုပ္ေဆာင္ေန တယ္လို႔ ေျပာပါတယ္။ ထိုင္းအစိုးရဟာ ျမန္မာလက္နက္ကိုင္အဖြဲ႕မ်ားၾကား ၾကားဝင္ေစ့စပ္ေဆြးေႏြးဖို႔ အဆင္သင့္ ရွိေနေၾကာင္း ဒါေပမယ့္ ျမန္မာအစိုးရနဲ႔ လက္နက္ကိုင္အဖြဲ႕မ်ားကေန ၾကားဝင္ေစ့စပ္ေပးဖို႔ ထိုင္းအစိုးရကို ဆက္သြယ္ျခင္းမ်ိဳးမရွိေသးဘူးလို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

ထိုင္းနဲ႔ ျမန္မာႏိုင္ငံ နယ္စပ္ေဒသၿမိဳ႕ျဖစ္တဲ့ ျမဝတီၿမိဳ႕မွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းတိုက္ပြဲမ်ား ျဖစ္လာခဲ့ ၿပီးေနာက္ ထိုင္းအစိုးရက နယ္စပ္ေဒသအေျခအေနေတြကိုေစာင့္ၾကည့္ေနခဲ့တယ္လို႔ ၎က ေျပာပါတယ္။ ျမဝတီၿမိဳ႕မွာျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမ်ားေၾကာင့္ ထိုင္းနဲ႔ ျမန္မာနယ္စပ္ေဒသကုန္သြယ္ေရးကို ယာယီထိခိုက္ခဲ့ရၿပီး ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ဧၿပီ ၂၄ ရက္မွာ ျမန္မာနယ္စပ္အေျခေနမ်ားကို စုံစမ္းအကဲခတ္ဖို႔ မဲေဆာက္ၿမိဳ႕ကို သြားေရာက္စစ္ေဆးခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားပါတယ္။

တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ျမဝတီၿမိဳ႕မွာေနထိုင္ေနသူမ်ား ထိုင္းဘက္ျခမ္းကို ေနရပ္စြန႔္ခြာခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ တိုက္ပြဲမ်ားေလ်ာ့နည္းသြားတဲ့အတြက္ ျမန္မာႏိုင္ငံကို ျပန္သြားခဲ့ေၾကာင္း ထိုင္းဘက္ျခမ္းမွာ ျမန္မာေနရပ္စြန႔္ခြာသူ ၆၅ဝ ဦးသာ က်န္ရွိေတာ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

ျမဝတီၿမိဳ႕မွာ တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ထိုင္းစစ္တပ္က တိုက္ေလယာဥ္မ်ား ေစလႊတ္ကာ ေဝဟင္ပိုင္နက္ကို ေစာင့္ၾကည့္ခဲ့သလို ေျမျပင္မွာလည္း တင့္ကားေတြ ေစလႊတ္ေစာင့္ၾကည့္ခဲ့ေၾကာင္း ထိုင္းသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.