အမေရိကန်မှာ နွားနဲ့ နွားနို့တွေမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး တွေ့ရှိနေရပေမယ့် စီးပွားဖြစ်ရောင်းချနေတဲ့ အသင့်သောက် နွားနို့တွေကတော့ ဘေးကင်းတယ်လို့ FDA ပြော

 187

ရောင်နီ (NP News) - ဧပြီ ၂၅

အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က နွားနို့နမူနာအချို့မှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး အမှုန်အမွှားတွေ တွေ့ရှိခဲ့ရပေမယ့် စီးပွားဖြစ်နွားနို့တွေကတော့ ဘေးကင်းတယ်လို့ ဧပြီလ ၂၃ ရက်က ဆိုပါတယ်။

စီးပွားဖြစ်ရောင်းချတဲ့ အသင့်သောက် နွားနို့တွေဟာ သတ်သတ်မှတ်မှတ် အပူချိန်တစ်ခုထိ အပူပေးထားတာဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တဲ့ ပိုးသတ်လုပ်ငန်းစဉ်ကြောင့် လူသားတို့ စားသုံးဖို့ ဘေးကင်းတယ်လို့ FDA မှ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်တွေ့ရှိရတဲ့ တိရစ္ဆာန်နို့တွေကို ပြုပြင်နိုင်ချေရှိ၊ မရှိနဲ့ ကြက်ဥ inoculation tests မှတဆင့် ဗိုင်းရပ်စ်တွေ့ရှိချက်တွေကိုလည်း FDA က ထပ်မံ အကဲဖြတ်နေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ ပြည်နယ် ၈ ခုမှာ နို့စားနွားတွေမှာပါ ကြက်ငှက်တုပ်ကွေး ကူးစက်မှုတွေကို ဧပြီလ ၁ ရက်က အတည်ပြု သိရှိခဲ့ရတာဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္မွာ ႏြားနဲ႔ ႏြားႏို႔ေတြမွာ ၾကက္ငွက္တုပ္ေကြး ဗိုင္းရပ္စ္ပိုး ေတြ႕ရွိေနရေပမယ့္ စီးပြားျဖစ္ေရာင္းခ်ေနတဲ့ အသင့္ေသာက္ႏြားႏို႔ေတြကေတာ့ ေဘးကင္းတယ္လို႔ FDA ေျပာ
ေရာင္နီ (NP News) - ဧၿပီ ၂၅

အေမရိကန္အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာန (FDA) က ႏြားႏို႔နမူနာအခ်ိဳ႕မွာ ၾကက္ငွက္တုပ္ေကြး ဗိုင္းရပ္စ္ပိုး အမႈန္အမႊားေတြ ေတြ႕ရွိခဲ့ရေပမယ့္ စီးပြားျဖစ္ႏြားႏို႔ေတြကေတာ့ ေဘးကင္းတယ္လို႔ ဧၿပီလ ၂၃ ရက္က ဆိုပါတယ္။

စီးပြားျဖစ္ေရာင္းခ်တဲ့ အသင့္ေသာက္ ႏြားႏို႔ေတြဟာ သတ္သတ္မွတ္မွတ္ အပူခ်ိန္တစ္ခုထိ အပူေပးထားတာျဖစ္ၿပီး အႏၲရာယ္ရွိတဲ့ ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ပိုးေတြကို ေသေစႏိုင္တဲ့ ပိုးသတ္လုပ္ငန္းစဥ္ေၾကာင့္ လူသားတို႔ စားသုံးဖို႔ ေဘးကင္းတယ္လို႔ FDA မွ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဗိုင္းရပ္စ္ေတြ႕ရွိရတဲ့ တိရစာၦန္ႏို႔ေတြကို ျပဳျပင္ႏိုင္ေခ်ရွိ၊ မရွိနဲ႔ ၾကက္ဥ inoculation tests မွတဆင့္ ဗိုင္းရပ္စ္ေတြ႕ရွိခ်က္ေတြကိုလည္း FDA က ထပ္မံ အကဲျဖတ္ေနတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံ ျပည္နယ္ ၈ ခုမွာ ႏို႔စားႏြားေတြမွာပါ ၾကက္ငွက္တုပ္ေကြး ကူးစက္မႈေတြကို ဧၿပီလ ၁ ရက္က အတည္ျပဳ သိရွိခဲ့ရတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.