အောင်ဇေယျကြိုးတံတားတွင် YBS (၂)စီး ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်း(၁)ဦး သေဆုံး၍ (၃ဝ)ဦးထိခိုက်ဒဏ်ရာရရှိ

 802

NP News - နိုဝင်ဘာ ၆

အောင်ဇေယျကြိုးတံတား လှိုင်သာယာဘက်ခြမ်းတွင် YBS (၂)စီး ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်း(၁)ဦးသေဆုံး၍ အယောက်(၃ဝ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၆ရက်) ၊ နံနက်(၉)နာရီအချိန်ခန့်တွင် အောင်ဇေယျကြိုးတံတား၊ လှိုင်သာယာဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ဂရုဏာတွဲလက်ပရဟိ တအဖွဲ့မှ သိရသည်။

“ဖြစ်စဉ်ကတော့ YBS (၆၉) ကလမ်းပြောင်းပြန်ကျော်တာပေါ့။ သူက အင်းစိန်ဘက်ကအဆင်း။ ဒီဘက်က(၆၁)က လမ်းမှန်ပေါ့ သူ့လမ်းသူမောင်းလာတာ။ အဲ့မှာမျက်နှာချင်းဆိုင်တိုက်ကြတာပါ” ဟု ဂရုဏာတွဲလက်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကား(၂)စီးမှာ YBS (၆၉)နှင့် YBS (၆၁)တို့ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် YBS (၆၉)မှ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီအချိန်ကလူတော့ကျပ်တယ်လေ။ ပထမတော့ ဆေးရုံကို(၃ဝ)လောက်ပို့လိုက်ရတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လူနာက အယောက်(၂၅)လောက်ပဲရှိတော့ပါတယ်။ အခုတော့ ဓာတ်မှန်တွေရိုက်ပေးနေကြတယ်။ ဆေးရုံတက်ရတဲ့လူက တက်ရမယ်။ မတက်ရရင်တော့ပြန်ပို့ပေးမှာပါ။ ဒါပေမယ့် အရမ်းဆိုးရွာတာတော့မရှိပါဘူး” ဟု ၎င်းမှ ဆက်လက်ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ထား၍ လိုအပ်သောဆေးကုသမှုများ လုပ်ဆောင်နေကြောင်း ဂရုဏာတွဲလက်ပရဟိတအဖွဲ့မှ ဆိုသည်။

zawgyi version
ေအာင္ေဇယ်ႀကိဳးတံတားတြင္ YBS (၂)စီး ယာဥ္တိုက္မႈျဖစ္ပြားရာ ယာဥ္ေမာင္း(၁)ဦး ေသဆုံး၍ (၃ဝ)ဦးထိခိုက္ဒဏ္ရာရရွိ
NP News - ႏိုဝင္ဘာ ၆

ေအာင္ေဇယ်ႀကိဳးတံတား လႈိင္သာယာဘက္ျခမ္းတြင္ YBS (၂)စီး ယာဥ္တိုက္မႈျဖစ္ပြားရာ ယာဥ္ေမာင္း(၁)ဦးေသဆုံး၍ အေယာက္(၃ဝ) ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာလ ၆ရက္) ၊ နံနက္(၉)နာရီအခ်ိန္ခန႔္တြင္ ေအာင္ေဇယ်ႀကိဳးတံတား၊ လႈိင္သာယာဘက္ျခမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ဂ႐ုဏာတြဲလက္ပရဟိ တအဖြဲ႕မွ သိရသည္။

“ျဖစ္စဥ္ကေတာ့ YBS (၆၉) ကလမ္းေျပာင္းျပန္ေက်ာ္တာေပါ့။ သူက အင္းစိန္ဘက္ကအဆင္း။ ဒီဘက္က(၆၁)က လမ္းမွန္ေပါ့ သူ႔လမ္းသူေမာင္းလာတာ။ အဲ့မွာမ်က္ႏွာခ်င္းဆိုင္တိုက္ၾကတာပါ” ဟု ဂ႐ုဏာတြဲလက္ပရဟိတအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည့္ ကား(၂)စီးမွာ YBS (၆၉)ႏွင့္ YBS (၆၁)တို႔ျဖစ္ၿပီး ယာဥ္တိုက္မႈေၾကာင့္ YBS (၆၉)မွ ယာဥ္ေမာင္းျဖစ္သူ ေသဆုံးခဲ့ေၾကာင္း သိရသည္။

“ဒီအခ်ိန္ကလူေတာ့က်ပ္တယ္ေလ။ ပထမေတာ့ ေဆး႐ုံကို(၃ဝ)ေလာက္ပို႔လိုက္ရတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ လူနာက အေယာက္(၂၅)ေလာက္ပဲရွိေတာ့ပါတယ္။ အခုေတာ့ ဓာတ္မွန္ေတြ႐ိုက္ေပးေနၾကတယ္။ ေဆး႐ုံတက္ရတဲ့လူက တက္ရမယ္။ မတက္ရရင္ေတာ့ျပန္ပို႔ေပးမွာပါ။ ဒါေပမယ့္ အရမ္းဆိုး႐ြာတာေတာ့မရွိပါဘူး” ဟု ၎မွ ဆက္လက္ေျပာသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား လႈိင္သာယာေဆး႐ုံသို႔ ပို႔ေဆာင္ထား၍ လိုအပ္ေသာေဆးကုသမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ဂ႐ုဏာတြဲလက္ပရဟိတအဖြဲ႕မွ ဆိုသည္။

Related news

© 2021. All rights reserved.