ကယ်လီဖိုးနီးယားမှာ လစာတိုးမြှင့်ပေးဖို့အတွက် ပညာရေးဝန်ထမ်း ၄၈ဝဝဝ ခန့် စုရုံးဆန္ဒပြ

 427

ရောင်နီ (NP News) - နိုဝင်ဘာ ၁၅

ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်မှ ပညာရေး လုပ်သား ၄၈ဝဝဝ ကျော်ဟာ တရားမျှတမှုမရှိတဲ့ အလုပ်သမားကျင့်ထုံးများ နဲ့ လုပ်ခလစာ နည်းပါးခြင်းတို့ကို ဆန့်ကျင်တဲ့အနေနဲ့ စုရုံးဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်၊ တနင်္လာနေ့က စတင်ခဲ့တဲ့ အဆိုပါဆန္ဒပြမှုမှာ သုတေသီများ၊ ပါရဂူဘွဲ့လွန် ပညာတော်သင်များ၊ သင်ကြားရေးလက်ထောက်များနဲ့ အခြားဝန်ထမ်းများ ပါဝင်ပြီး အမေရိကန်သမိုင်းမှာ အကြီးမားဆုံး ပညာရေးဆိုင်ရာ အလုပ်သမားသပိတ်ဖြစ်ခဲ့ပါတယ်။

အဆိုပါလှုပ်ရှားမှုဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်စနစ်၊ အစိုးရတက္ကသိုလ် ၁ဝ ခုနဲ့ ကျောင်းသား ၂၈ဝဝဝဝ ကျော်နဲ့ပေါင်းစပ်ထားတဲ့ကွန်ရက်ကိုရပ်တန့်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

"ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေများ ကာလအတော်ကြာသည်အထိ ဆိုးရွားနေခဲ့ပြီး လူအများအပြားဟာ တက္ကသိုလ်အပေါ် စိတ်ရှည်သည်းခံမှု မရှိတော့ဘူး" လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သမိုင်းဌာနမှ ဘွဲ့ရကျောင်းသား ဂျာနာဟိုင်ဒါ က ပြောကြားပါတယ်။

ဟိုင်ဒါဟာ ပညာရေးလုပ်သားများကို ကိုယ်စားပြုတဲ့သမဂ္ဂများထဲမှ တစ်ခုဖြစ်တဲ့ United Automobile Workers 2865 ရဲ့ Santa Barbara ဌာနခွဲမှာ တာဝန်ထမ်းဆောင်တဲ့ အသံဖမ်းအတွင်းရေးမှူးတစ်ဦးဖြစ်ပါတယ်။ အလုပ်သမား ၉၈ ရာခိုင်နှုန်းဟာ သပိတ်မှောက်ဖို့အတွက် နိုဝင်ဘာလ အစောပိုင်းကတည်းက ထောက်ခံမဲ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က တစ်နှစ်ကို ဒေါ်လာ ၂၃ဝဝဝ လောက်ရတယ်။ အဲဒါက ကယ်လီဖိုးနီးယားရဲ့ နေရာတော်တော်များများမှာ သုံးဖို့ မလောက်ဘူး။ လစာရတဲ့အခါ လစာငွေရဲ့တစ်ဝက်လောက်က အိမ်ပိုင်ရှင်ဆီ ချက်ချင်းရောက်သွားတယ်” လို့ ဟိုင်ဒါ က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားများ မငြိမ်မသက်မှုများ ကြီးထွားလာနေချိန်အတွင်း အလုပ်သမားများဟာ စီးပွားရေးအကျပ်အတည်းကြီးအတွက် အကြိတ်အနယ် ပြိုင်ဆိုင်နေကြရပြီး အထူးသဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း တင်းမာနေတဲ့ အလုပ်သမားအခြေအနေများကို ပြန်လည်တွန်းလှန်ကြရတဲ့အတွက် သပိတ်မှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

အလုပ်သမားများရဲ့အဓိကတောင်းဆိုချက်များထဲမှာ ဘွဲ့ရကျောင်းသားများအတွက် တစ်နှစ်လျှင် အနည်းဆုံး လစာဒေါ်လာ ၅၄ဝဝဝ နဲ့ နှစ်စဉ်နေထိုင်မှုစရိတ်များ တိုးပေးဖို့တို့ ပါဝင်ပါတယ်။ သမဂ္ဂဟာ အလုပ်အကိုင်လုံခြုံမှု တိုးမြင့်လာဖို့၊ မသန်စွမ်း အလုပ်သမားများအတွက် ပိုမို လက်လှမ်းမီနိုင်စေဖို့နဲ့ ကလေးသူငယ် ကျောင်းသားများအတွက် ထပ်လောင်း အကူအညီများပေးဖို့လည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

University of California ကျောင်းသားအဖွဲ့ United for a Fair Workplace မှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဘွဲ့ရကျောင်းသား လုပ်သား ၉၂ ရာခိုင်နှုန်းဟာ ၎င်းတို့ရဲ့အိမ်ငှားခအတွက် ဝန်ထုပ်ဝန်ပိုးခံစားနေရပြီး ၎င်းတို့ လုပ်ခလစာရဲ့ ၃ဝ ရာခိုင်နှုန်းကို အိမ်ရာအတွက် သုံးစွဲကြရတယ်လို့ ပါဝင်ပါတယ်။ ကယ်လီဖိုးနီးယား ဆရာများအသင်းအပါအဝင် အလုပ်သမားအဖွဲ့အစည်းအများအပြားဟာ သပိတ်မှောက်မှုကို ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကြေညာချက်မှာတော့ ရက်သတ္တပတ်အနည်းငယ်သာ လိုတော့တဲ့ နောက်ဆုံးစာမေးပွဲမျာ ရှိနေခြင်းကြောင့် သပိတ်မှောက်မှုဟာ "ကျောင်းသားများနဲ့ UC အသိုင်းအဝိုင်းရှိ အခြားအဖွဲ့ဝင်များကို ဆိုးရွားစွာ ထိခိုက်နိုင်တယ်" လို့ သတိပေးထားပါတယ်။ အမေရိကန်မှာ ကျယ်ပြန့်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ မကြာသေးမီက အလုပ်သမားလှုပ်ရှားမှုများ မြင့်တက်လာတာကို မြင်တွေ့လာရပါတယ်။

Zawgyi Version;
ကယ္လီဖိုးနီးယားမွာ လစာတိုးျမႇင့္ေပးဖို႔အတြက္ ပညာေရးဝန္ထမ္း ၄၈ဝဝဝ ခန္႔ စု႐ုံးဆႏၵျပ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၅

ကယ္လီဖိုးနီးယားျပည္နယ္ တကၠသိုလ္မွ ပညာေရး လုပ္သား ၄၈ဝဝဝ ေက်ာ္ဟာ တရားမွ်တမႈမရွိတဲ့ အလုပ္သမားက်င့္ထုံးမ်ား နဲ႔ လုပ္ခလစာ နည္းပါးျခင္းတို႔ကို ဆန္႔က်င္တဲ့အေနနဲ႔ စု႐ုံးဆႏၵျပခဲ့ၾကတယ္လို႔ သိရပါတယ္။

ႏိုဝင္ဘာလ ၁၄ ရက္၊ တနလၤာေန႔က စတင္ခဲ့တဲ့ အဆိုပါဆႏၵျပမႈမွာ သုေတသီမ်ား၊ ပါရဂူဘြဲ႕လြန္ ပညာေတာ္သင္မ်ား၊ သင္ၾကားေရးလက္ေထာက္မ်ားနဲ႔ အျခားဝန္ထမ္းမ်ား ပါဝင္ၿပီး အေမရိကန္သမိုင္းမွာ အႀကီးမားဆုံး ပညာေရးဆိုင္ရာ အလုပ္သမားသပိတ္ျဖစ္ခဲ့ပါတယ္။

အဆိုပါလႈပ္ရွားမႈဟာ ကယ္လီဖိုးနီးယားတကၠသိုလ္စနစ္၊ အစိုးရတကၠသိုလ္ ၁ဝ ခုနဲ႔ ေက်ာင္းသား ၂၈ဝဝဝဝ ေက်ာ္နဲ႔ေပါင္းစပ္ထားတဲ့ကြန္ရက္ကိုရပ္တန႔္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။

"ကြၽႏ္ုပ္တို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနမ်ား ကာလအေတာ္ၾကာသည္အထိ ဆိုး႐ြားေနခဲ့ၿပီး လူအမ်ားအျပားဟာ တကၠသိုလ္အေပၚ စိတ္ရွည္သည္းခံမႈ မရွိေတာ့ဘူး" လို႔ ကယ္လီဖိုးနီးယား တကၠသိုလ္မွ သမိုင္းဌာနမွ ဘြဲ႕ရေက်ာင္းသား ဂ်ာနာဟိုင္ဒါ က ေျပာၾကားပါတယ္။

ဟိုင္ဒါဟာ ပညာေရးလုပ္သားမ်ားကို ကိုယ္စားျပဳတဲ့သမဂၢမ်ားထဲမွ တစ္ခုျဖစ္တဲ့ United Automobile Workers 2865 ရဲ႕ Santa Barbara ဌာနခြဲမွာ တာဝန္ထမ္းေဆာင္တဲ့ အသံဖမ္းအတြင္းေရးမႉးတစ္ဦးျဖစ္ပါတယ္။ အလုပ္သမား ၉၈ ရာခိုင္ႏႈန္းဟာ သပိတ္ေမွာက္ဖို႔အတြက္ ႏိုဝင္ဘာလ အေစာပိုင္းကတည္းက ေထာက္ခံမဲ ေပးခဲ့ၾကတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔က တစ္ႏွစ္ကို ေဒၚလာ ၂၃ဝဝဝ ေလာက္ရတယ္။ အဲဒါက ကယ္လီဖိုးနီးယားရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ားမွာ သုံးဖို႔ မေလာက္ဘူး။ လစာရတဲ့အခါ လစာေငြရဲ႕တစ္ဝက္ေလာက္က အိမ္ပိုင္ရွင္ဆီ ခ်က္ခ်င္းေရာက္သြားတယ္” လို႔ ဟိုင္ဒါ က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ အလုပ္သမားမ်ား မၿငိမ္မသက္မႈမ်ား ႀကီးထြားလာေနခ်ိန္အတြင္း အလုပ္သမားမ်ားဟာ စီးပြားေရးအက်ပ္အတည္းႀကီးအတြက္ အႀကိတ္အနယ္ ၿပိဳင္ဆိုင္ေနၾကရၿပီး အထူးသျဖင့္ COVID-19 ကပ္ေရာဂါကာလအတြင္း တင္းမာေနတဲ့ အလုပ္သမားအေျခအေနမ်ားကို ျပန္လည္တြန္းလွန္ၾကရတဲ့အတြက္ သပိတ္ေမွာက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။

အလုပ္သမားမ်ားရဲ႕အဓိကေတာင္းဆိုခ်က္မ်ားထဲမွာ ဘြဲ႕ရေက်ာင္းသားမ်ားအတြက္ တစ္ႏွစ္လွ်င္ အနည္းဆုံး လစာေဒၚလာ ၅၄ဝဝဝ နဲ႔ ႏွစ္စဥ္ေနထိုင္မႈစရိတ္မ်ား တိုးေပးဖို႔တို႔ ပါဝင္ပါတယ္။ သမဂၢဟာ အလုပ္အကိုင္လုံၿခဳံမႈ တိုးျမင့္လာဖို႔၊ မသန္စြမ္း အလုပ္သမားမ်ားအတြက္ ပိုမို လက္လွမ္းမီႏိုင္ေစဖို႔နဲ႔ ကေလးသူငယ္ ေက်ာင္းသားမ်ားအတြက္ ထပ္ေလာင္း အကူအညီမ်ားေပးဖို႔လည္း ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

University of California ေက်ာင္းသားအဖြဲ႕ United for a Fair Workplace မွ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ဘြဲ႕ရေက်ာင္းသား လုပ္သား ၉၂ ရာခိုင္ႏႈန္းဟာ ၎တို႔ရဲ႕အိမ္ငွားခအတြက္ ဝန္ထုပ္ဝန္ပိုးခံစားေနရၿပီး ၎တို႔ လုပ္ခလစာရဲ႕ ၃ဝ ရာခိုင္ႏႈန္းကို အိမ္ရာအတြက္ သုံးစြဲၾကရတယ္လို႔ ပါဝင္ပါတယ္။ ကယ္လီဖိုးနီးယား ဆရာမ်ားအသင္းအပါအဝင္ အလုပ္သမားအဖြဲ႕အစည္းအမ်ားအျပားဟာ သပိတ္ေမွာက္မႈကို ေထာက္ခံခဲ့ၾကတယ္လို႔ သိရပါတယ္။

ကယ္လီဖိုးနီးယားတကၠသိုလ္မွ ေၾကညာခ်က္မွာေတာ့ ရက္သတၱပတ္အနည္းငယ္သာ လိုေတာ့တဲ့ ေနာက္ဆုံးစာေမးပြဲမ်ာ ရွိေနျခင္းေၾကာင့္ သပိတ္ေမွာက္မႈဟာ "ေက်ာင္းသားမ်ားနဲ႔ UC အသိုင္းအဝိုင္းရွိ အျခားအဖြဲ႕ဝင္မ်ားကို ဆိုး႐ြားစြာ ထိခိုက္ႏိုင္တယ္" လို႔ သတိေပးထားပါတယ္။ အေမရိကန္မွာ က်ယ္ျပန႔္ေသာ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားမွာ မၾကာေသးမီက အလုပ္သမားလႈပ္ရွားမႈမ်ား ျမင့္တက္လာတာကို ျမင္ေတြ႕လာရပါတယ္။

Related news

© 2021. All rights reserved.