တရုတ်ကာကွယ်ရေးဝန်ကြီးနှစ်ဦးကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း တရုတ်ကွန်မြူနစ် ပါတီ ပထမဆုံးအကြိမ် အတည်ပြုသတင်းထုတ်ပြန်

 634

ဂျန်ဇက် (NP News) - ဇွန် ၂၈

တရုတ်အာဏာရ ကွန်မြူနစ်ပါတီက တရုတ်ကာ ကွယ်ရေးဝန်ကြီး လီရှန်ဖူအပြင် ၎င်းနေရာကို ဆက်ခံသော ဝေဖန်ဟီတို့ကို အကျင့်ပျက်လာဘ်စားမှုများ အပါအဝင် စည်းကမ်းချိုးဖောက်မှုများကြောင့် ရာထူး မှထုတ်ပယ်လိုက်ကြောင်း ဇွန်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ တရုတ်ကွန်မြူနစ် ပါတီက လီရှန်ဖူသည် အခြားသူများထံမှ အကျင့်ပျက် လာဘ်စားမှုရှိခဲ့သည့်အပြင် လာဘ်ငွေအများအပြား ရယူခဲ့ကြောင်း၊ ၎င်းသည်အခြားသူများထံမှ ပုဂ္ဂိုလ် ရေးအကျိုးစီးပွားဖြစ်စေရန် လုပ်ဆောင်ခဲ့ပြီး နိုင်ငံရေး နှင့်ဆက်နွှယ်သောလုပ်ငန်းများတွင် တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများမရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ ကပြောသည်။ တရုတ်ကွန်မြူနစ်ပါတီသည် အဆိုပါ တရုတ်ကာကွယ်ရေးဝန်ကြီးနှစ်ဦးကို လအတန်ကြာစုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်နေ့တွင် ရာထူးမှထုတ်ပယ်လိုက်သော အကြောင်းအရင်းကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီက ]ပါတီရဲ့ ထိပ်တန်းခေါင်း ဆောင်တစ်ဦးဖြစ်သလို စစ်တပ်ရဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ လီရှန်ဖူဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ယုံကြည်မှုတွေ ကို သစ္စာဖောက်ခဲ့တယ်။ နိုင်ငံကာကွယ်ရေး နဲ့ ပါတီရဲ့ပုံရိပ်တွေကို ထိခိုက်နစ်နာ စေခဲ့တယ်}ဟု သတင်းထုတ်ပြန်ထားသည်။

လီရှန်ဖူသည် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရေးနှင့်ပတ်သက်ပြီး ပြီးခဲ့ သော နှစ်တည်းက စုံစမ်းစစ်ဆေးခံရပြီး ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် ကာကွယ်ရေးဝန်ကြီးရာထူးမှထုတ်ပယ်ခံလိုက်ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။ တရုတ်အာ ဏာပိုင်များသည် လီရှန်ဖူနှင့်ပတ်သက်ပြီး ထွက်ပေါ် နေသည့် သတင်းများကို အတည်ပြုခြင်း မရှိခဲ့သော်လည်း လက်ရှိအချိန်တွင် လီရှန်ဖူကို ရာထူးမှထုတ်ပယ်လိုက်ကြောင်းတရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ လီရှန်ဖူနေရာကို ဆက်ခံသော ဝေဖန်ဟီ သည်လည်း တရုတ်အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှု များလုပ်ဆောင်ခဲ့သည့် မတ်လနောက်ပိုင်းမှစတင်ပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ကြောင်းသတင်းများ ထွက်ပေါ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ပြီးခဲ့သောနှစ် တည်းကစတင်ပြီး တရုတ်စစ်တပ်အတွင်း ဖြစ်ပွား နေသည့် အကျင့်ပျက်လာဘ်စားမှုများကို စုံစမ်း အရေးယူခဲ့ရာ ဗိုလ်ချုပ်(၁၁)ဦးရာထူးမှထုတ်ပယ် အရေးယူခံရကြောင်းသိရသည်။ တရုတ်အခြေစိုက် ဆင်ဟွာသတင်းဌာနက တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီသည် အကျင့်ပျက်လာဘ်စားမှုများ အပါအဝင် စည်းကမ်းချိုးဖောက်မှုများရှိသည့်အတွက် ရာထူး မှထုတ်ပယ်ခံရကြောင်း ထပ်မံဖော်ပြထားသည်။

zawgyi version
တ႐ုတ္ကာကြယ္ေရးဝန္ႀကီးႏွစ္ဦးကို ရာထူးမွထုတ္ပယ္လိုက္ေၾကာင္း တ႐ုတ္ကြန္ျမဴနစ္ ပါတီ ပထမဆုံးအႀကိမ္ အတည္ျပဳသတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၈

တ႐ုတ္အာဏာရ ကြန္ျမဴနစ္ပါတီက တ႐ုတ္ကာ ကြယ္ေရးဝန္ႀကီး လီရွန္ဖူအျပင္ ၎ေနရာကို ဆက္ခံေသာ ေဝဖန္ဟီတို႔ကို အက်င့္ပ်က္လာဘ္စားမႈမ်ား အပါအဝင္ စည္းကမ္းခ်ိဳးေဖာက္မႈမ်ားေၾကာင့္ ရာထူး မွထုတ္ပယ္လိုက္ေၾကာင္း ဇြန္လ ၂၇ ရက္ေန႔တြင္ သတင္းထုတ္ျပန္လိုက္သည္။ တ႐ုတ္ကြန္ျမဴနစ္ ပါတီက လီရွန္ဖူသည္ အျခားသူမ်ားထံမွ အက်င့္ပ်က္ လာဘ္စားမႈရွိခဲ့သည့္အျပင္ လာဘ္ေငြအမ်ားအျပား ရယူခဲ့ေၾကာင္း၊ ၎သည္အျခားသူမ်ားထံမွ ပုဂၢိဳလ္ ေရးအက်ိဳးစီးပြားျဖစ္ေစရန္ လုပ္ေဆာင္ခဲ့ၿပီး ႏိုင္ငံေရး ႏွင့္ဆက္ႏႊယ္ေသာလုပ္ငန္းမ်ားတြင္ တာဝန္ယူျခင္း၊ တာဝန္ခံျခင္းမ်ားမရွိေၾကာင္း တ႐ုတ္ကြန္ျမဴနစ္ပါတီ ကေျပာသည္။ တ႐ုတ္ကြန္ျမဴနစ္ပါတီသည္ အဆိုပါ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးႏွစ္ဦးကို လအတန္ၾကာစုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္ ဇြန္လ ၂၇ ရက္ေန႔တြင္ ရာထူးမွထုတ္ပယ္လိုက္ေသာ အေၾကာင္းအရင္းကို သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ကြန္ျမဴနစ္ ပါတီ ဗဟိုေကာ္မတီက ]ပါတီရဲ႕ ထိပ္တန္းေခါင္း ေဆာင္တစ္ဦးျဖစ္သလို စစ္တပ္ရဲ႕ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ လီရွန္ဖူဟာ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီနဲ႔ ဗဟိုစစ္ေကာ္မရွင္ရဲ႕ယုံၾကည္မႈေတြ ကို သစၥာေဖာက္ခဲ့တယ္။ ႏိုင္ငံကာကြယ္ေရး နဲ႔ ပါတီရဲ႕ပုံရိပ္ေတြကို ထိခိုက္နစ္နာ ေစခဲ့တယ္}ဟု သတင္းထုတ္ျပန္ထားသည္။

လီရွန္ဖူသည္ စစ္လက္နက္ပစၥည္းမ်ား ဝယ္ယူေရးႏွင့္ပတ္သက္ၿပီး ၿပီးခဲ့ ေသာ ႏွစ္တည္းက စုံစမ္းစစ္ေဆးခံရၿပီး ၿပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလတြင္ ကာကြယ္ေရးဝန္ႀကီးရာထူးမွထုတ္ပယ္ခံလိုက္ရေၾကာင္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ဖူးသည္။ တ႐ုတ္အာ ဏာပိုင္မ်ားသည္ လီရွန္ဖူႏွင့္ပတ္သက္ၿပီး ထြက္ေပၚ ေနသည့္ သတင္းမ်ားကို အတည္ျပဳျခင္း မရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ လီရွန္ဖူကို ရာထူးမွထုတ္ပယ္လိုက္ေၾကာင္းတရားဝင္သတင္းထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။ လီရွန္ဖူေနရာကို ဆက္ခံေသာ ေဝဖန္ဟီ သည္လည္း တ႐ုတ္အစိုးရအဖြဲ႕ျပဳျပင္ေျပာင္းလဲမႈ မ်ားလုပ္ေဆာင္ခဲ့သည့္ မတ္လေနာက္ပိုင္းမွစတင္ၿပီး လူျမင္ကြင္းမွ ေပ်ာက္ကြယ္ေနခဲ့ေၾကာင္းသတင္းမ်ား ထြက္ေပၚခဲ့သည္။

တ႐ုတ္ကြန္ျမဴနစ္ပါတီသည္ ၿပီးခဲ့ေသာႏွစ္ တည္းကစတင္ၿပီး တ႐ုတ္စစ္တပ္အတြင္း ျဖစ္ပြား ေနသည့္ အက်င့္ပ်က္လာဘ္စားမႈမ်ားကို စုံစမ္း အေရးယူခဲ့ရာ ဗိုလ္ခ်ဳပ္(၁၁)ဦးရာထူးမွထုတ္ပယ္ အေရးယူခံရေၾကာင္းသိရသည္။ တ႐ုတ္အေျခစိုက္ ဆင္ဟြာသတင္းဌာနက တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ေဝဖန္ဟီသည္ အက်င့္ပ်က္လာဘ္စားမႈမ်ား အပါအဝင္ စည္းကမ္းခ်ိဳးေဖာက္မႈမ်ားရွိသည့္အတြက္ ရာထူး မွထုတ္ပယ္ခံရေၾကာင္း ထပ္မံေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.