ယခုဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉ဝဝ)ဖြင့် ကျေးရွာပေါင်း(၃ဝ)တွင် မွေးမြူရေးတိရစ္ဆာန်များ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးဆို

 347

ယွန်း (NP News) - နိုဝင်ဘာ ၁၈

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉ဝဝ) ဖြင့် ကျေးရွာပေါင်း(၃ဝ)တွင် မွေးမြူရေးတိရစ္ဆာန်များ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးမှ ဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြီးခဲ့သည့် နိုဝင်ဘာ (၁၆)ရက်၊ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပခဲ့သောအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျေးရွာအုပ်စုပေါင်း(၆၈၁) ခုတို့တွင် မြစိမ်းရောင်မွေးမြူရေး ကျေးရွာ ထူထောင်ခြင်းကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ကြောင်း ဒုဝန်ကြီးမှဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း(၉ဝဝ)ဖြင့် ကျေးရွာပေါင်း(၃ဝ)တွင် မွေးမြူရေးတိရစ္ဆာန်များ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးမှ ဆက်လက်ပြောသည်။

ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်ဘီလျံ(၄ဝဝ) အနက်မှ ငွေကျပ်ဘီလျံ(၃၃ဝ)ကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် တိုင်းနှင့်ပြည်နယ်(၈)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ(၆)ခု သို့ ရန်ပုံ ငွေလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေကျပ်ဘီလျံ(၃၃ဝ)အနက်မှ တန်ဖိုးငွေကျပ်(၁ဝဝ)ဘီလျံကို စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းတွင် အသုံးပြုကာ ယခုဘဏ္ဍာနှစ်မှစ၍ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးမှ အသိပေးပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးပြီး မိသားစုဝင်ငွေ တိုးပွား စေရန်နှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ယခုဘ႑ာႏွစ္တြင္ ခြင့္ျပဳရန္ပုံေငြက်ပ္သန္း(၉ဝဝ)ျဖင့္ ေက်း႐ြာေပါင္း(၃ဝ)တြင္ ေမြးျမဴေရးတိရစာၦန္မ်ား ျဖန႔္ျဖဴးေပးႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ဒုဝန္ႀကီးဆို
ယြန္း (NP News) - ႏိုဝင္ဘာ ၁၈

၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္တြင္ ခြင့္ျပဳရန္ပုံေငြက်ပ္သန္း(၉ဝဝ) ျဖင့္ ေက်း႐ြာေပါင္း(၃ဝ)တြင္ ေမြးျမဴေရးတိရစာၦန္မ်ား ျဖန႔္ျဖဴးေပးႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီးမွ ဆိုသည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီးက ၿပီးခဲ့သည့္ ႏိုဝင္ဘာ (၁၆)ရက္၊ ေန႔လည္ပိုင္းတြင္ ျပည္ေထာင္စုဝန္ႀကီး႐ုံး၌ က်င္းပခဲ့ေသာအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ ျခင္းျဖစ္သည္။

ဝန္ႀကီးဌာနအေနျဖင့္ ေဒသေနျပည္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္ေစရန္ရည္႐ြယ္၍ ေနျပည္ေတာ္ေကာင္စီ နယ္ေျမအပါအဝင္ တိုင္းႏွင့္ျပည္နယ္ အသီးသီးရွိ ေက်း႐ြာအုပ္စုေပါင္း(၆၈၁) ခုတို႔တြင္ ျမစိမ္းေရာင္ေမြးျမဴေရး ေက်း႐ြာ ထူေထာင္ျခင္းကို အေကာင္အထည္ေဖာ္ခဲ့ၿပီးျဖစ္ေၾကာင္း ဒုဝန္ႀကီးမွဆိုသည္။

ယခုဘ႑ာႏွစ္တြင္ ခြင့္ျပဳရန္ပုံေငြက်ပ္သန္းေပါင္း(၉ဝဝ)ျဖင့္ ေက်း႐ြာေပါင္း(၃ဝ)တြင္ ေမြးျမဴေရးတိရစာၦန္မ်ား ျဖန႔္ျဖဴးေပးႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီးမွ ဆက္လက္ေျပာသည္။

ထို႔ျပင္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြက်ပ္ဘီလ်ံ(၄ဝဝ) အနက္မွ ေငြက်ပ္ဘီလ်ံ(၃၃ဝ)ကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ သမဝါယမႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနတို႔ႏွင့္ တိုင္းႏွင့္ျပည္နယ္(၈)ခု၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းေဒသ(၆)ခု သို႔ ရန္ပုံ ေငြလႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေငြက်ပ္ဘီလ်ံ(၃၃ဝ)အနက္မွ တန္ဖိုးေငြက်ပ္(၁ဝဝ)ဘီလ်ံကို စိုက္ပ်ိဳးေမြးျမဴေရး ျမစိမ္းေရာင္စီမံကိန္းတြင္ အသုံးျပဳကာ ယခုဘ႑ာႏွစ္မွစ၍ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုဝန္ႀကီးမွ အသိေပးေျပာၾကားခဲ့သည္။

ဝန္ႀကီးဌာနအေနျဖင့္ ေက်းလက္ျပည္သူမ်ားကို အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေပးၿပီး မိသားစုဝင္ေငြ တိုးပြား ေစရန္ႏွင့္ တစ္ႏိုင္တစ္ပိုင္ ေမြးျမဴေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.