မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် မြှင့်တင်ကြော်ငြာနိုင်ရန် ဆောင်ရွက်နေဟုဆို

 403

ယွန်း (NP News) - နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို ရုရှားပြည်သူများပိုမိုသိရှိစေရန် ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် မြှင့်တင်ကြော်ငြာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြီးခဲ့သည့် နိုဝင်ဘာလ(၁၈)ရက်တွင်ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအပြင် ရုရှားခရီး သွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရေး နှင့် ရုရှားခရီးသွားဧည့် သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးတို့ကို ဝန်ကြီးဌာနအနေ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ပထဝီအနေအထားအရ အလှမ်းကွာဝေးသော်လည်း လေကြောင်းလိုင်းများ ပြေးဆွဲပျံသန်းမည်ဆိုပါက ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးကို များစွာအထောက်အပံ့ဖြစ်နိုင်ကြောင်း ပြည်ထောင် စုဝန်ကြီးမှ ဆိုသည်။

ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများအကြောင်းကို ရုရှားပြည်သူများ ပိုမိုသိရှိစေရန်အတွက် ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် မြှင့်တင်ကြော်ငြာနိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်အနေဖြင့် ချစ်ကြည်ရေးခရီး စဉ်များကို ပုဂ္ဂလိကအသင်းအဖွဲ့များနှင့်ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီး ရုရှားနိုင်ငံတွင် ကျင်းပမည့် ခရီးသွားပြပွဲများတွင်လည်း ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကအသင်းများက ပူးပေါင်းပါဝင်ပြသရန် စီစဉ်နေကြောင်း အစည်းအဝေးမှ သိရသည်။

လက်ရှိတွင် နစကအနေဖြင့် ရုရှားနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပေးထားပြီး ရုရှား-မြန်မာလေကြောင်း တိုက်ရိုက်ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်စေနိုင်ရန် နစကအနေဖြင့် ရုရှားဘာသာစကားသင်တန်းများကို တိုးချဲ့ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများရှိနေကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ ခရီးစဥ္ေဒသမ်ားအေၾကာင္းကို ႐ုရွားႏိုင္ငံ၏ URAL Airline In-Flight မဂၢဇင္းတြင္ ျမႇင့္တင္ေၾကာ္ျငာႏိုင္ရန္ ေဆာင္႐ြက္ေနဟုဆို
ယြန္း (NP News) - ႏိုဝင္ဘာ ၁၉

ျမန္မာႏိုင္ငံ၏ ခရီးစဥ္ေဒသမ်ားအေၾကာင္းကို ႐ုရွားျပည္သူမ်ားပိုမိုသိရွိေစရန္ ႐ုရွားႏိုင္ငံ၏ URAL Airline In-Flight မဂၢဇင္းတြင္ ျမႇင့္တင္ေၾကာ္ျငာႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဌးေအာင္က ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၈)ရက္တြင္က်င္းပခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးအျပင္ ႐ုရွားခရီး သြားဧည့္သည္မ်ား ျမန္မာႏိုင္ငံသို႔ ပိုမိုလာေရာက္ေစေရး ႏွင့္ ႐ုရွားခရီးသြားဧည့္ သည္မ်ားကို ေကာင္းမြန္ေသာ ဝန္ေဆာင္မႈမ်ား ေပးႏိုင္ေရးတို႔ကို ဝန္ႀကီးဌာနအေန ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံသည္ ပထဝီအေနအထားအရ အလွမ္းကြာေဝးေသာ္လည္း ေလေၾကာင္းလိုင္းမ်ား ေျပးဆြဲပ်ံသန္းမည္ဆိုပါက ႐ုရွားခရီးသြားဧည့္သည္မ်ား ပိုမိုလာေရာက္လည္ပတ္ႏိုင္ေရးကို မ်ားစြာအေထာက္အပံ့ျဖစ္ႏိုင္ေၾကာင္း ျပည္ေထာင္ စုဝန္ႀကီးမွ ဆိုသည္။

ထို႔ေၾကာင့္ ဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံ၏ခရီးစဥ္ေဒသမ်ားအေၾကာင္းကို ႐ုရွားျပည္သူမ်ား ပိုမိုသိရွိေစရန္အတြက္ ႐ုရွားႏိုင္ငံ၏ URAL Airline In-Flight မဂၢဇင္းတြင္ ျမႇင့္တင္ေၾကာ္ျငာႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုခဲ့သည္။

ထို႔ျပင္ ႐ုရွားႏိုင္ငံႏွင့္ ခရီးသြားျမႇင့္တင္ေရး အစီအစဥ္အေနျဖင့္ ခ်စ္ၾကည္ေရးခရီး စဥ္မ်ားကို ပုဂၢလိကအသင္းအဖြဲ႕မ်ားႏွင့္ညႇိႏႈိင္းမႈမ်ား ေဆာင္႐ြက္ေနၿပီး ႐ုရွားႏိုင္ငံတြင္ က်င္းပမည့္ ခရီးသြားျပပြဲမ်ားတြင္လည္း ဝန္ႀကီးဌာနႏွင့္ ပုဂၢလိကအသင္းမ်ားက ပူးေပါင္းပါဝင္ျပသရန္ စီစဥ္ေနေၾကာင္း အစည္းအေဝးမွ သိရသည္။

လက္ရွိတြင္ နစကအေနျဖင့္ ႐ုရွားႏိုင္ငံသားမ်ားကို ဗီဇာကင္းလြတ္ခြင့္ေပးထားၿပီး ႐ုရွား-ျမန္မာေလေၾကာင္း တိုက္႐ိုက္ပ်ံသန္းႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ႐ုရွားခရီးသြားမ်ား ျမန္မာႏိုင္ငံသို႔ ပိုမိုလာေရာက္လည္ပတ္ေစႏိုင္ရန္ နစကအေနျဖင့္ ႐ုရွားဘာသာစကားသင္တန္းမ်ားကို တိုးခ်ဲ႕ဖြင့္လွစ္၍ ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္မႈမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.