အခွန်ရှောင်တိမ်းသူများအနေဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရပါ ထပ်မံတရားစွဲဆိုခံရနိုင်ဟု သတိပေး

 760

မျိုးကြီး (NP News) - နိုဝင်ဘာ ၁၉

အခွန်ရှောင်တိမ်းသူများကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် အရေးယူမည့်အ ပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရပါ ထပ်မံတရားစွဲဆိုခံရနိုင်ကြောင်း သတိပေးထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ ထပ်မံသတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာသတင်းအ ချက်အလက်များလွဲမှားဖော်ပြခြင်းနှင့် အခွန်တိမ်းရှောင်ခြင်းဟူသည့် စကားရပ်များ၏ အဓိပ္ပါယ်နှင့် အဆိုပါဆောင်ရွက်ချက်များအပေါ် အရေးယူဆောင်ရွက်မည့် ကိစ္စရပ်များကို သိရှိနိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် (၃/၂ဝ၂၂)ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အခွန်ရှောင်တိမ်းမှုကို ကျူးလွန်သူများသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ အရေးယူခံရမည့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း ထပ်မံတရားစွဲဆိုခံရနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မည်သည့်ဆောင်ရွက်မှု များသည် အခွန်တိမ်းရှောင်မှုမြောက်သော ကျူးလွန်မှုများဖြစ်ကြောင်းကို လေ့လာသိရှိထားရန် လိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် အမှတ်(၃/၂ဝ၂၂)သည် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်သည် အခွန်ကျသင့်မှုကို ရှောင်ရှားသူများ၊ အခွန်လျော့နည်းပေးဆောင်သူများ၊ အခွန်ဆိုင်ရာသတင်းအချက် အလက်များကို လွဲမှားစွာဖော်ပြသူများနှင့် အခွန်ရှောင်တိမ်းသူများ အားလုံးပေါ်တွင် အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အခြန္ေရွာင္တိမ္းသူမ်ားအေနျဖင့္ အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈဥပေဒအျပင္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရပါ ထပ္မံတရားစြဲဆိုခံရႏိုင္ဟု သတိေပး
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁၉

အခြန္ေရွာင္တိမ္းသူမ်ားကို အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈဥပေဒျဖင့္ အေရးယူမည့္အ ျပင္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရပါ ထပ္မံတရားစြဲဆိုခံရႏိုင္ေၾကာင္း သတိေပးထားသည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ ထပ္မံသတိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အခြန္ေရွာင္ရွားျခင္း၊ အခြန္ေလ်ာ့နည္းေပးေဆာင္ျခင္း၊ အခြန္ဆိုင္ရာသတင္းအ ခ်က္အလက္မ်ားလြဲမွားေဖာ္ျပျခင္းႏွင့္ အခြန္တိမ္းေရွာင္ျခင္းဟူသည့္ စကားရပ္မ်ား၏ အဓိပၸါယ္ႏွင့္ အဆိုပါေဆာင္႐ြက္ခ်က္မ်ားအေပၚ အေရးယူေဆာင္႐ြက္မည့္ ကိစၥရပ္မ်ားကို သိရွိႏိုင္ေရးအတြက္ အမ်ားျပည္သူသိရွိလိုက္နာရန္သတ္မွတ္ခ်က္ (၃/၂ဝ၂၂)ကို ထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အခြန္ေရွာင္တိမ္းမႈကို က်ဴးလြန္သူမ်ားသည္ အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈဥပေဒအရ အေရးယူခံရမည့္အျပင္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရလည္း ထပ္မံတရားစြဲဆိုခံရႏိုင္ျခင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မည္သည့္ေဆာင္႐ြက္မႈ မ်ားသည္ အခြန္တိမ္းေရွာင္မႈေျမာက္ေသာ က်ဴးလြန္မႈမ်ားျဖစ္ေၾကာင္းကို ေလ့လာသိရွိထားရန္ လိုအပ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထားသည္။

အမ်ားျပည္သူသိရွိလိုက္နာရန္သတ္မွတ္ခ်က္ အမွတ္(၃/၂ဝ၂၂)သည္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္မွစ၍ စတင္အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ားျပည္သူသိရွိလိုက္နာရန္သတ္မွတ္ခ်က္သည္ အခြန္က်သင့္မႈကို ေရွာင္ရွားသူမ်ား၊ အခြန္ေလ်ာ့နည္းေပးေဆာင္သူမ်ား၊ အခြန္ဆိုင္ရာသတင္းအခ်က္ အလက္မ်ားကို လြဲမွားစြာေဖာ္ျပသူမ်ားႏွင့္ အခြန္ေရွာင္တိမ္းသူမ်ား အားလုံးေပၚတြင္ အက်ိဳးသက္ေရာက္ေစမည္ျဖစ္ေၾကာင္း သိရသည္။

Picture

09685555330

20/11/2022 12:59

ထုပ်ပြန်သည့်ဥပဒေ ကနိုင်ငံအတွက်အကျိုးဖြစ်ရန်လုပ်သော်လည်းအခွန်ဦးစီးမှူးများပိုတောင်းကောင်းရန်တော့မဖြစ်သင့်ဝန်ထမ်းတွေပါအလွဲသုံးစားလုပ်ပါကထိရောက်သောအရေးယူခြင်းများထည့်သွင်းစဥ်းစားသင့်ပါကြောင်းတပအ

Related news

© 2021. All rights reserved.