"အသက် (၁ဝဝ)အထိ အလုပ်လုပ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ဆရာဝန်" (ထူးခြားသုတဆောင်းပါး)
538
ဝတီ (NP News) - နိုဝင်ဘာ ၂ဝ
ဟောင်းဝပ်တပ်ကာ (Howard Tucker) ဆိုတဲ့ အမေရိကန်ဆရာဝန်ကြီးဟာ အသက် ၁ဝဝ အထိ တက်တက်ကြွကြွ အလုပ်လုပ်နေတုန်းဖြစ်လို့ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေထဲမှာအသက်အကြီးဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်ထားပါတယ်။ သူဟာ အသက် ၁ဝဝ ဖြစ်နေတာတောင် လူနာတွေကို ဝန်ဆောင်မှု ပေးနေတုန်းပါပဲ။ သူ့ရဲ့ ပျမ်းမျှတစ်နေ့တာအလုပ်ချိန်က မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိပါတဲ့လေ။ သူဟာ အသက် ၁ဝဝ ပြည့်အပြီးလောက်မှာ ကိုဗစ် ဖြစ်လိုက်သေးပေမယ့် အဲဒါလည်း ဇွဲမလျှော့ဘဲ အလုပ် ဆက်လုပ်နေတုန်းပါပဲ။ အသက် ၁ဝဝ ရှိနေတဲ့ ဆရာဝန်ကြီးက တပည့်တွေကို Zoom ကနေတစ်ဆင့် စာသင်လို့ ကောင်းတုန်းလေ။
သူဟာ ၁၉၂၂ ခုနှစ်မှာ မွေးတာဖြစ်ပြီး အထက်တန်းရောက်မှ အသက်မွေးဝမ်း ကျောင်းအတွက် ဆေးပညာကို လိုက်စားဖို့ ဆုံးဖြတ်လိုက်တာပါ။ "အဘိုးက လူတွေအများကြီးနဲ့ထိတွေ့ဆက်ဆံရပြီး သူတို့ အခက်အခဲတွေကို ကိုယ့်ပညာနဲ့ ကူညီဖြေရှင်းပေးနိုင်တဲ့အလုပ်မျိုး လုပ်ချင်တာ။ ဒါကြောင့် ဒီလိုင်းကို ရွေးချယ်ခဲ့တာ"လို့အဘိုးက ဆိုပါတယ်။ ဒီလိုနဲ့ သူ ဆရာဝန်ဖြစ်လာပြီး ဆေးကျောင်းမှာ စာဝင်သင်လိုက်ပါသေးတယ်။ အဲဒီမှာသူ ကျောင်းသူတစ်ယောက်နဲ့ ဖူးစာပါသွားပြီး ၁၉၅၇ ခုနှစ်မှာလက်ထပ်လိုက်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ သားသမီးလေးယောက် ထွန်းကားခဲ့ပါတယ်။ "ဆေးပညာနဲ့ပတ်သက်လာရင်တော့ အဘိုးက အင်မတန် ခက်ခဲတာမျိုးကိုဆို သိပ်ကုချင်တယ်။ မရမကအဖြေ ရှာချင်တယ်။ သိပ်ခက်ခဲတာကို ကြိုးစားပမ်းစား အဖြေရှာတွေ့သွားတာမျိုးဆို သိပ်အားရကျေနပ်တာပဲ"လို့ အာရုံကြောဆရာဝန်ကြီးကဆိုပါတယ်။
ကိုဗစ်ကပ်ဘေးကြီး အင်မတန် ဆိုးရွားနေတဲ့ အချိန်တုန်းကဆို သူ့အသက်အရွယ်က စိုးရိမ်ရတဲ့ အသက်အရွယ်တန်းထဲမှာပါနေပေမယ့် သူကတော့ လူနာတွေဆီ အသွား မပြတ်ပါဘူး။ "ဆရာဝန်ဆိုတော့ ကိုယ့်လူနာကို အကောင်းဆုံး ဂရုစိုက်ပေးရမယ့်တာဝန်ရှိတယ်လေ။ ဒါကြောင့် လိုအပ်တဲ့ အကာအကွယ်တွေအကုန် ဝတ် ဆင်ပြီး ဆေးရုံမှာ လူနာသွားကြည့်ပေးတာပဲ"လို့သူက ဆက်ပြောပြပါတယ်။
ဆရာဝန်လုပ်သက် ၇၅ နှစ်တောင် ရှိနေပြီဆိုပေမယ့် သူ ဘာကြောင့် အလုပ်ကနေ အနား မယူသေးတာလဲလို့ လူတော်တော်များများက သိချင်နေကြပါတယ်။ ဒါပေမဲ့ဆရာဝန်ကြီးကတော့ လုပ်နိုင်သရွေ့ လုပ်ဦးမှာပဲလို့ ဆိုပါတယ်။ "ခက်ခဲတဲ့ ကုသရေးဆိုင်ရာ ပြဿနာတွေကို စဉ်းစားဖော်ထုတ်ပေးပြီး လူနာတွေကို ကူညီပေးရတာ၊ မျိုးဆက်သစ် အာရုံကြောဆရာဝန်တွေကို ကိုယ့်ပညာတွေ၊ အတွေ့အကြုံတွေ မျှ ဝေပေးရတာမျိုးကို ဘယ်လောက်ပဲ နှစ်တွေ အကြာကြီး လုပ်နေရပါစေအားရကျေနပ်တယ်လို့ကို မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ဆရာဝန်ဖြစ်စကလိုပဲ ခံယူချက်မျိုးထားတယ်။ ငါ အများကြီး သင်ယူစရာ ရှိသေးတယ်ဆိုတဲ့ ခံယူချက်မျိုးပေါ့။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေဆီကနေ၊ တပည့်တွေ ဆီကနေလည်း ဒီနေ့ဒီအချိန်အထိသင်ယူနေတုန်းပဲ"လို့ ဆရာဝန်ကြီးက သူ့ခံယူချက်အကြောင်း အားပါး တရ ပြောပြသွားပါတယ်။
ဦးနှောက်ဆိုတာ အမြဲ သွေးပေးနေမှ ထက်တာလို့ သူကစွဲစွဲမြဲမြဲ ခံယူထားပါတယ်။ ဒါကြောင့် သူက ၁၉၈၉ ခုနှစ်၊ အသက် ၆၇ နှစ်မှာ တုန်းကဆိုရင် ရှေ့နေစာမေးပွဲပါ ဝင်ဖြေလိုက်ပါသေးတယ်။ သူဟာ သူ မသိနားမလည်တာမျိုးကို အမြဲကြိုးကြိုးစားစားသင်ယူလေ့လာတတ်သူ ဖြစ်လို့ အဲဒီစာမေးပွဲလည်း အောင်သွားပါတယ်။ ဒါ ကြောင့် သူက အခုဆိုရင် ဆေးပညာနဲ့ ဆက်စပ်နေတဲ့ ဥပဒေကိစ္စတွေမှာလည်း အကြံပေးတာတွေ လုပ်ပါတယ်။ သူနဲ့သက်တူရွယ်တူလောက်ရှိတဲ့ ဆံပင်ညှပ်ဆရာတစ်ယောက်အသက်အကြီးဆုံး ဆံပင်ညှပ်ဆရာအဖြစ် ကမ္ဘာ့စံချိန်တင်ထားတယ်၊
အဲဒီလူ ကွယ်လွန်သွားပြီဆိုတဲ့ နာရေးသတင်းကို ဖတ်လိုက်ရချိန်မှာမှ သူကအလုပ်လုပ်နေဆဲ ကမ္ဘာ့အသက်အကြီးဆုံး ဆရာဝန်အဖြစ်အသိအမှတ်ပြုခံရအောင် ၊ ဂင်းနစ်မှတ်တမ်း ဝင်အောင် လျှောက်ကြည့်ဖို့စိတ်ကူးရလာတာပါ။ ဒါကြောင့် သူက မြေးတစ်ယောက်ရဲ့ အကူအညီနဲ့ဂင်းနစ်မှတ်တမ်းအတွက် လျှောက်ထားလိုက်တာ အသိအမှတ်ပြုခံလိုက်ရပါတော့တယ်။ ကမ္ဘာ့စံချိန် တင်နိုင်တယ်ဆိုတော့ သူရော၊သူ့မိသားစုဝင်တွေရော၊ သူ့မိတ်ဆွေအပေါင်းအသင်းတွေပါ ပြောမပြတတ်အောင် ပျော်ကြတာပေါ့။
အလုပ်ကနေ ဘယ်တော့ အနားယူမှာလဲ လို့ အမေးခံရတိုင်း သူ့အဖြေကတော့ တသမတ်တည်းပါပဲ။ "ဟာ .. ဘာဖြစ်လို့ အနားယူရမှာလဲ။ ဘာအလုပ်မှ မလုပ်ဘဲ အအား နေတာဟာ လူကို အသက်တိုစေတယ်။ အသက်ငယ်ငယ်တုန်းကတောင် အနားယူဖို့ တစ်ခါမှ မစဉ်းစားတာ အခုဆို ပိုဝေးပြီပေါ့။ ကိုယ် အင်မတန် မြတ်နိုးတဲ့ အလုပ်ကို လုပ်နေရတယ်၊ လုပ်လည်း လုပ်နိုင်နေသေးတယ်ဆိုရင် ဘာဖြစ်လို့ အလုပ်ကနေအနား ယူရမှာလဲ"လို့ အဘိုးက ပြန်ဖြေလေ့ရှိပါတယ်။
ဆေးပညာလောကမှာ အဘိုး ကျင်လည်လာတာ နှစ်ပေါင်း ၇၅ နှစ်လောက် ရှိပြီဆိုတော့ အာရုံကြောဆေးပညာလောကဟာ နှစ်ပေါင်း ၇၅ နှစ်အတွင်း အကြီးအကျယ် ပြောင်းလဲ သွားပါပြီ။ အထူးသဖြင့် ဆေးပညာလောကထဲမှာ အဆင့်မြင့်နည်းပညာတွေအများကြီး ဝင်ရောက်နေရာယူထားပါပြီ။ ဒါပေမဲ့ အဘိုးကတော့ ဒါတွေကိုလည်း မမှုပါဘူး။ "အဘိုးရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆို ဒီနည်းပညာတွေကို မလိုက်နိုင်တော့လို့ဆိုပြီး အငြိမ်းစား ယူသွားကြတာများတယ်။ ဒါပေမဲ့ အဘိုးကတော့ ဒီနည်းပညာတွေကို ကျွမ်းကျင်အောင်ကြိုးစားတယ်။ ခေတ်နဲ့အညီ ဖြစ်နေအောင်၊ နည်းပညာပိုင်းမှာ လူငယ်လူရွယ်တွေနဲ့ လိုက်မီနိုင်အောင်အားထုတ်တယ်။ နည်းပညာပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်သွားတာနဲ့ပဲ ဆေးဆက်မကုနိုင်တော့တာမျိုး အဘိုးကတော့ လုံးဝမဖြစ် မခံနိုင်ဘူး"လို့ အသက် ၁ဝဝ အထိ လေ့လာတာကို မလျှော့တဲ့ ကမ္ဘာ့စံချိန်တင်ဆရာဝန်ကြီးက ရှင်းပြသွားပါတယ်။
zawgyi version
"အသက္ (၁ဝဝ)အထိ အလုပ္လုပ္ေနတဲ့ ကမာၻ႔အသက္အႀကီးဆုံး ဆရာဝန္" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ႏိုဝင္ဘာ ၂ဝ
ေဟာင္းဝပ္တပ္ကာ (Howard Tucker) ဆိုတဲ့ အေမရိကန္ဆရာဝန္ႀကီးဟာ အသက္ ၁ဝဝ အထိ တက္တက္ႂကြႂကြ အလုပ္လုပ္ေနတုန္းျဖစ္လို႔ အလုပ္လုပ္ေနတဲ့ ဆရာဝန္ေတြထဲမွာအသက္အႀကီးဆုံးအျဖစ္ ကမာၻ႔စံခ်ိန္တင္ထားပါတယ္။ သူဟာ အသက္ ၁ဝဝ ျဖစ္ေနတာေတာင္ လူနာေတြကို ဝန္ေဆာင္မႈ ေပးေနတုန္းပါပဲ။ သူ႔ရဲ႕ ပ်မ္းမွ်တစ္ေန႔တာအလုပ္ခ်ိန္က မနက္ ၉ နာရီကေန ညေန ၆ နာရီအထိပါတဲ့ေလ။ သူဟာ အသက္ ၁ဝဝ ျပည့္အၿပီးေလာက္မွာ ကိုဗစ္ ျဖစ္လိုက္ေသးေပမယ့္ အဲဒါလည္း ဇြဲမေလွ်ာ့ဘဲ အလုပ္ ဆက္လုပ္ေနတုန္းပါပဲ။ အသက္ ၁ဝဝ ရွိေနတဲ့ ဆရာဝန္ႀကီးက တပည့္ေတြကို Zoom ကေနတစ္ဆင့္ စာသင္လို႔ ေကာင္းတုန္းေလ။
သူဟာ ၁၉၂၂ ခုႏွစ္မွာ ေမြးတာျဖစ္ၿပီး အထက္တန္းေရာက္မွ အသက္ေမြးဝမ္း ေက်ာင္းအတြက္ ေဆးပညာကို လိုက္စားဖို႔ ဆုံးျဖတ္လိုက္တာပါ။ "အဘိုးက လူေတြအမ်ားႀကီးနဲ႔ထိေတြ႕ဆက္ဆံရၿပီး သူတို႔ အခက္အခဲေတြကို ကိုယ့္ပညာနဲ႔ ကူညီေျဖရွင္းေပးႏိုင္တဲ့အလုပ္မ်ိဳး လုပ္ခ်င္တာ။ ဒါေၾကာင့္ ဒီလိုင္းကို ေ႐ြးခ်ယ္ခဲ့တာ"လို႔အဘိုးက ဆိုပါတယ္။ ဒီလိုနဲ႔ သူ ဆရာဝန္ျဖစ္လာၿပီး ေဆးေက်ာင္းမွာ စာဝင္သင္လိုက္ပါေသးတယ္။ အဲဒီမွာသူ ေက်ာင္းသူတစ္ေယာက္နဲ႔ ဖူးစာပါသြားၿပီး ၁၉၅၇ ခုႏွစ္မွာလက္ထပ္လိုက္ပါတယ္။ သူတို႔ဇနီးေမာင္ႏွံဟာ သားသမီးေလးေယာက္ ထြန္းကားခဲ့ပါတယ္။ "ေဆးပညာနဲ႔ပတ္သက္လာရင္ေတာ့ အဘိုးက အင္မတန္ ခက္ခဲတာမ်ိဳးကိုဆို သိပ္ကုခ်င္တယ္။ မရမကအေျဖ ရွာခ်င္တယ္။ သိပ္ခက္ခဲတာကို ႀကိဳးစားပမ္းစား အေျဖရွာေတြ႕သြားတာမ်ိဳးဆို သိပ္အားရေက်နပ္တာပဲ"လို႔ အာ႐ုံေၾကာဆရာဝန္ႀကီးကဆိုပါတယ္။
ကိုဗစ္ကပ္ေဘးႀကီး အင္မတန္ ဆိုး႐ြားေနတဲ့ အခ်ိန္တုန္းကဆို သူ႔အသက္အ႐ြယ္က စိုးရိမ္ရတဲ့ အသက္အ႐ြယ္တန္းထဲမွာပါေနေပမယ့္ သူကေတာ့ လူနာေတြဆီ အသြား မျပတ္ပါဘူး။ "ဆရာဝန္ဆိုေတာ့ ကိုယ့္လူနာကို အေကာင္းဆုံး ဂ႐ုစိုက္ေပးရမယ့္တာဝန္ရွိတယ္ေလ။ ဒါေၾကာင့္ လိုအပ္တဲ့ အကာအကြယ္ေတြအကုန္ ဝတ္ ဆင္ၿပီး ေဆး႐ုံမွာ လူနာသြားၾကည့္ေပးတာပဲ"လို႔သူက ဆက္ေျပာျပပါတယ္။
ဆရာဝန္လုပ္သက္ ၇၅ ႏွစ္ေတာင္ ရွိေနၿပီဆိုေပမယ့္ သူ ဘာေၾကာင့္ အလုပ္ကေန အနား မယူေသးတာလဲလို႔ လူေတာ္ေတာ္မ်ားမ်ားက သိခ်င္ေနၾကပါတယ္။ ဒါေပမဲ့ဆရာဝန္ႀကီးကေတာ့ လုပ္ႏိုင္သေ႐ြ႕ လုပ္ဦးမွာပဲလို႔ ဆိုပါတယ္။ "ခက္ခဲတဲ့ ကုသေရးဆိုင္ရာ ျပႆနာေတြကို စဥ္းစားေဖာ္ထုတ္ေပးၿပီး လူနာေတြကို ကူညီေပးရတာ၊ မ်ိဳးဆက္သစ္ အာ႐ုံေၾကာဆရာဝန္ေတြကို ကိုယ့္ပညာေတြ၊ အေတြ႕အႀကဳံေတြ မွ် ေဝေပးရတာမ်ိဳးကို ဘယ္ေလာက္ပဲ ႏွစ္ေတြ အၾကာႀကီး လုပ္ေနရပါေစအားရေက်နပ္တယ္လို႔ကို မရွိဘူး။ ကိုယ့္ကိုယ္ကိုယ္လည္း ဆရာဝန္ျဖစ္စကလိုပဲ ခံယူခ်က္မ်ိဳးထားတယ္။ ငါ အမ်ားႀကီး သင္ယူစရာ ရွိေသးတယ္ဆိုတဲ့ ခံယူခ်က္မ်ိဳးေပါ့။ ဒါေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန၊ တပည့္ေတြ ဆီကေနလည္း ဒီေန႔ဒီအခ်ိန္အထိသင္ယူေနတုန္းပဲ"လို႔ ဆရာဝန္ႀကီးက သူ႔ခံယူခ်က္အေၾကာင္း အားပါး တရ ေျပာျပသြားပါတယ္။
ဦးေႏွာက္ဆိုတာ အၿမဲ ေသြးေပးေနမွ ထက္တာလို႔ သူကစြဲစြဲၿမဲၿမဲ ခံယူထားပါတယ္။ ဒါေၾကာင့္ သူက ၁၉၈၉ ခုႏွစ္၊ အသက္ ၆၇ ႏွစ္မွာ တုန္းကဆိုရင္ ေရွ႕ေနစာေမးပြဲပါ ဝင္ေျဖလိုက္ပါေသးတယ္။ သူဟာ သူ မသိနားမလည္တာမ်ိဳးကို အၿမဲႀကိဳးႀကိဳးစားစားသင္ယူေလ့လာတတ္သူ ျဖစ္လို႔ အဲဒီစာေမးပြဲလည္း ေအာင္သြားပါတယ္။ ဒါ ေၾကာင့္ သူက အခုဆိုရင္ ေဆးပညာနဲ႔ ဆက္စပ္ေနတဲ့ ဥပေဒကိစၥေတြမွာလည္း အႀကံေပးတာေတြ လုပ္ပါတယ္။ သူနဲ႔သက္တူ႐ြယ္တူေလာက္ရွိတဲ့ ဆံပင္ညႇပ္ဆရာတစ္ေယာက္အသက္အႀကီးဆုံး ဆံပင္ညႇပ္ဆရာအျဖစ္ ကမာၻ႔စံခ်ိန္တင္ထားတယ္၊
အဲဒီလူ ကြယ္လြန္သြားၿပီဆိုတဲ့ နာေရးသတင္းကို ဖတ္လိုက္ရခ်ိန္မွာမွ သူကအလုပ္လုပ္ေနဆဲ ကမာၻ႔အသက္အႀကီးဆုံး ဆရာဝန္အျဖစ္အသိအမွတ္ျပဳခံရေအာင္ ၊ ဂင္းနစ္မွတ္တမ္း ဝင္ေအာင္ ေလွ်ာက္ၾကည့္ဖို႔စိတ္ကူးရလာတာပါ။ ဒါေၾကာင့္ သူက ေျမးတစ္ေယာက္ရဲ႕ အကူအညီနဲ႔ဂင္းနစ္မွတ္တမ္းအတြက္ ေလွ်ာက္ထားလိုက္တာ အသိအမွတ္ျပဳခံလိုက္ရပါေတာ့တယ္။ ကမာၻ႔စံခ်ိန္ တင္ႏိုင္တယ္ဆိုေတာ့ သူေရာ၊သူ႔မိသားစုဝင္ေတြေရာ၊ သူ႔မိတ္ေဆြအေပါင္းအသင္းေတြပါ ေျပာမျပတတ္ေအာင္ ေပ်ာ္ၾကတာေပါ့။
အလုပ္ကေန ဘယ္ေတာ့ အနားယူမွာလဲ လို႔ အေမးခံရတိုင္း သူ႔အေျဖကေတာ့ တသမတ္တည္းပါပဲ။ "ဟာ .. ဘာျဖစ္လို႔ အနားယူရမွာလဲ။ ဘာအလုပ္မွ မလုပ္ဘဲ အအား ေနတာဟာ လူကို အသက္တိုေစတယ္။ အသက္ငယ္ငယ္တုန္းကေတာင္ အနားယူဖို႔ တစ္ခါမွ မစဥ္းစားတာ အခုဆို ပိုေဝးၿပီေပါ့။ ကိုယ္ အင္မတန္ ျမတ္ႏိုးတဲ့ အလုပ္ကို လုပ္ေနရတယ္၊ လုပ္လည္း လုပ္ႏိုင္ေနေသးတယ္ဆိုရင္ ဘာျဖစ္လို႔ အလုပ္ကေနအနား ယူရမွာလဲ"လို႔ အဘိုးက ျပန္ေျဖေလ့ရွိပါတယ္။
ေဆးပညာေလာကမွာ အဘိုး က်င္လည္လာတာ ႏွစ္ေပါင္း ၇၅ ႏွစ္ေလာက္ ရွိၿပီဆိုေတာ့ အာ႐ုံေၾကာေဆးပညာေလာကဟာ ႏွစ္ေပါင္း ၇၅ ႏွစ္အတြင္း အႀကီးအက်ယ္ ေျပာင္းလဲ သြားပါၿပီ။ အထူးသျဖင့္ ေဆးပညာေလာကထဲမွာ အဆင့္ျမင့္နည္းပညာေတြအမ်ားႀကီး ဝင္ေရာက္ေနရာယူထားပါၿပီ။ ဒါေပမဲ့ အဘိုးကေတာ့ ဒါေတြကိုလည္း မမႈပါဘူး။ "အဘိုးရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြဆို ဒီနည္းပညာေတြကို မလိုက္ႏိုင္ေတာ့လို႔ဆိုၿပီး အၿငိမ္းစား ယူသြားၾကတာမ်ားတယ္။ ဒါေပမဲ့ အဘိုးကေတာ့ ဒီနည္းပညာေတြကို ကြၽမ္းက်င္ေအာင္ႀကိဳးစားတယ္။ ေခတ္နဲ႔အညီ ျဖစ္ေနေအာင္၊ နည္းပညာပိုင္းမွာ လူငယ္လူ႐ြယ္ေတြနဲ႔ လိုက္မီႏိုင္ေအာင္အားထုတ္တယ္။ နည္းပညာပိုင္းမွာ အေျပာင္းအလဲေတြ ျဖစ္သြားတာနဲ႔ပဲ ေဆးဆက္မကုႏိုင္ေတာ့တာမ်ိဳး အဘိုးကေတာ့ လုံးဝမျဖစ္ မခံႏိုင္ဘူး"လို႔ အသက္ ၁ဝဝ အထိ ေလ့လာတာကို မေလွ်ာ့တဲ့ ကမာၻ႔စံခ်ိန္တင္ဆရာဝန္ႀကီးက ရွင္းျပသြားပါတယ္။