ဂျေရုဆလင်မှာ ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

 420

ရောင်နီ (NP News) - နိုဝင်ဘာလ ၂၃

အစ္စရေးနိုင်ငံ၊ မြို့တော် ဂျေရုဆလင်မြို့မှာ နိုဝင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ သီးခြားပေါက်ကွဲမှု နှစ်ခုမှာ အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားပါတယ်။

နိုဝင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်က ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေဟာ ပါလက်စတိုင်းတွေရဲ့တိုက်ခိုက်မှု ဖြစ်တယ်လို့ သံသယရှိထားကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း နာဘလက်စ်မှာ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦး သေဆုံးပြီးနောက် နာရီပိုင်း အတွင်းမှာ အဆိုပါပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပထမဆုံး ပေါက်ကွဲမှုဟာ နိုဝင်ဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၇ နာရီ (ဝ၄းဝဝ ဂရင်းနစ်စံတော်ချိန်) ခန့်က ဂျေရုဆလင်မြို့သို့ အနောက်ပိုင်းဝင်ပေါက်ရှိ အဝေးပြေးလမ်းတစ်လျှောက် ဘတ်စ်ကားမှတ်တိုင်တစ်ခုအနီး ခရီးသည်များနဲ့ ပြည့်ကြပ်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပထမ ပေါက်ကွဲမှုမှာ လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး နှစ်ဦးမှာ ပြင်းထန်သော အခြေအနေမှာ ရှိနေကြောင်း ဆေးမှူးများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒုတိယပေါက်ကွဲမှုကတော့ ပထမပေါက်ကွဲမှုဖြစ်ပြီး နာရီဝက်ခန့်အကြာမှာ ဂျေရုဆလင်မြောက်ပိုင်းရှိ ရာမုတ် လမ်းဆုံမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြော ကြားပါတယ်။ ပေါက်ကွဲမှုနှစ်ခုစလုံး အဝေးမှ ပစ်ဖောက်ခွဲခြင်းဖြစ်မယ်လို့ ယူဆရပါတယ်။ အစ္စရေးအာဏာပိုင်များ ဟာ ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူများကို ရှာဖွေဖို့နဲ့ ဂျေရုဆလင်မြို့ အရှေ့ဘက်နဲ့ အနောက်ဘက်ပိုင်း များမှာ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး အဓိကလမ်းများကို ပိတ်ထားကာ စစ်ဆေးခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် အခြေခံပြီး အစ္စရေးစစ်တပ်ဟာ ဂျီနင်ဒေသရှိ အဓိက စစ်ဆေးရေးဂိတ် ၂ ခုဖြစ်တဲ့ ဂျာလာမက်ဟ် နဲ့ ဆာလမ်ကို ပိတ်ထားကြောင်း ကြေညာခဲ့ပါတယ်။

ဂျေရုဆလင်မှာ ဖြစ်ပွားခဲ့တဲ့ ယင်းတိုက်ခိုက်မှုမျိုးဟာ နှစ်ပေါင်းများစွာ တွေ့လေ့တွေ့ထ မရှိတဲ့ တိုက်ခိုက်မှုဖြစ် ကြောင်း၊ အာဏာပိုင်များက တိုက်ခိုက်သူများကိုရှာဖွေနေကြောင်း အစ္စရေး ရဲမင်းကြီးက ပြောကြားပါတယ်။ ရဲတပ်ဖွဲ့ဟာ မြို့တော်အတွင်း ဖြစ်နိုင်ခြေရှိတဲ့ ဖောက်ခွဲရေးပစ္စည်းများကိုလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ေဂ်႐ုဆလင္မွာ ဗုံးေပါက္ကြဲမႈ ႏွစ္ခုျဖစ္ပြားခဲ့ရာ လူတစ္ဦး ေသဆုံး၊ အမ်ားအျပား ဒဏ္ရာရ
ေရာင္နီ (NP News) - ႏိုဝင္ဘာလ ၂၃

အစၥေရးႏိုင္ငံ၊ ၿမိဳ႕ေတာ္ ေဂ်႐ုဆလင္ၿမိဳ႕မွာ ႏိုဝင္ဘာလ ၂၃ ရက္၊ ဗုဒၶဟူးေန႔က ျဖစ္ပြားခဲ့တဲ့ သီးျခားေပါက္ကြဲမႈ ႏွစ္ခုမွာ အနည္းဆုံး လူ ၁ ဦး ေသဆုံးၿပီး ၁၂ ဦး ဒဏ္ရာရခဲ့ေၾကာင္း အစၥေရးတာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

ႏိုဝင္ဘာလ ၂၃ ရက္၊ ဗုဒၶဟူးေန႔ မနက္က ျဖစ္ပြားခဲ့တဲ့အျဖစ္အပ်က္ေတြဟာ ပါလက္စတိုင္းေတြရဲ႕တိုက္ခိုက္မႈ ျဖစ္တယ္လို႔ သံသယရွိထားေၾကာင္း အစၥေရးရဲတပ္ဖြဲ႕က ေျပာပါတယ္။ သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္း နာဘလက္စ္မွာ အသက္ ၁၆ ႏွစ္အ႐ြယ္ ပါလက္စတိုင္း ဆယ္ေက်ာ္သက္တစ္ဦး ေသဆုံးၿပီးေနာက္ နာရီပိုင္း အတြင္းမွာ အဆိုပါေပါက္ကြဲမႈ ၂ ခု ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ပထမဆုံး ေပါက္ကြဲမႈဟာ ႏိုဝင္ဘာလ ၂၃ ရက္၊ ဗုဒၶဟူးေန႔၊ နံနက္ ၇ နာရီ (ဝ၄းဝဝ ဂရင္းနစ္စံေတာ္ခ်ိန္) ခန႔္က ေဂ်႐ုဆလင္ၿမိဳ႕သို႔ အေနာက္ပိုင္းဝင္ေပါက္ရွိ အေဝးေျပးလမ္းတစ္ေလွ်ာက္ ဘတ္စ္ကားမွတ္တိုင္တစ္ခုအနီး ခရီးသည္မ်ားနဲ႔ ျပည့္ၾကပ္ေနခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ပထမ ေပါက္ကြဲမႈမွာ လူခုနစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး အနည္းဆုံး ႏွစ္ဦးမွာ ျပင္းထန္ေသာ အေျခအေနမွာ ရွိေနေၾကာင္း ေဆးမႉးမ်ားရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ဒုတိယေပါက္ကြဲမႈကေတာ့ ပထမေပါက္ကြဲမႈျဖစ္ၿပီး နာရီဝက္ခန္႔အၾကာမွာ ေဂ်႐ုဆလင္ေျမာက္ပိုင္းရွိ ရာမုတ္ လမ္းဆုံမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ ေပါက္ကြဲမႈေၾကာင့္ လူငါးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာ ၾကားပါတယ္။ ေပါက္ကြဲမႈႏွစ္ခုစလုံး အေဝးမွ ပစ္ေဖာက္ခြဲျခင္းျဖစ္မယ္လို႔ ယူဆရပါတယ္။ အစၥေရးအာဏာပိုင္မ်ား ဟာ ေဖာက္ခြဲမႈနဲ႔ပတ္သက္ၿပီး သံသယရွိသူမ်ားကို ရွာေဖြဖို႔နဲ႔ ေဂ်႐ုဆလင္ၿမိဳ႕ အေရွ႕ဘက္နဲ႔ အေနာက္ဘက္ပိုင္း မ်ားမွာ စစ္ေဆးေရးဂိတ္မ်ား ဖြင့္လွစ္ထားရွိၿပီး အဓိကလမ္းမ်ားကို ပိတ္ထားကာ စစ္ေဆးခဲ့ပါတယ္။

ကာကြယ္ေရးဝန္ႀကီးရဲ႕ ဆုံးျဖတ္ခ်က္အေပၚ အေျခခံၿပီး အစၥေရးစစ္တပ္ဟာ ဂ်ီနင္ေဒသရွိ အဓိက စစ္ေဆးေရးဂိတ္ ၂ ခုျဖစ္တဲ့ ဂ်ာလာမက္ဟ္ နဲ႔ ဆာလမ္ကို ပိတ္ထားေၾကာင္း ေၾကညာခဲ့ပါတယ္။

ေဂ်႐ုဆလင္မွာ ျဖစ္ပြားခဲ့တဲ့ ယင္းတိုက္ခိုက္မႈမ်ိဳးဟာ ႏွစ္ေပါင္းမ်ားစြာ ေတြ႕ေလ့ေတြ႕ထ မရွိတဲ့ တိုက္ခိုက္မႈျဖစ္ ေၾကာင္း၊ အာဏာပိုင္မ်ားက တိုက္ခိုက္သူမ်ားကိုရွာေဖြေနေၾကာင္း အစၥေရး ရဲမင္းႀကီးက ေျပာၾကားပါတယ္။ ရဲတပ္ဖြဲ႕ဟာ ၿမိဳ႕ေတာ္အတြင္း ျဖစ္ႏိုင္ေျခရွိတဲ့ ေဖာက္ခြဲေရးပစၥည္းမ်ားကိုလည္း ရွာေဖြေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.