ရောမခေတ်က အကျော်အမော် ရှေးဟောင်းဂလက်ဒီတာ Colosseum ပွဲကြည့်စင်ကို တူးဖော်မှုပြုလုပ်ရာ ရှေးဟောင်းအစာပြေမုန့် ဖြစ်နိုင်တဲ့အရာများတွေ့ရှိ

 1019

ရောင်နီ (NP News) - နိုဝင်ဘာ ၂၆

ရောမမြို့ရဲ့ ရှေးဟောင်းဂလက်ဒီတာ ကွင်းဖြစ်တဲ့ ကျော်ကြားသော ဘဲဥပုံပွဲကြည့်စင် Colosseum မှာ ရှေးခေတ်က လာရောက်ကြည့်ရှုသူများဟာ သံလွင်သီး၊ သစ်သီးများနဲ့ အခွံမာသီးများကို အစာပြေအဖြစ် စားသုံးခဲ့ဖွယ်ရှိတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်များက ဖော်ထုတ်လာခဲ့ပါတယ်။

ယင်းပွဲကြည့်စင် တူးဖော်မှုမှာ သင်္ဘောသဖန်းသီး၊ စပျစ်သီး၊ ချယ်ရီသီး၊ ဘလက်ဘယ်ရီ၊ သစ်ကြားသီးနဲ့ အခြား အစားအစာအပိုင်းအစများကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဝက်ဝံအရိုးများနဲ့ ကျားအရိုးများကိုလည်း တူးဖော်တွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါပွဲကြည့်စင်ဟာ တောရိုင်းတိရစ္ဆာန် များနဲ့ အမဲလိုက်ဂိမ်းများ ကျင်းပရာမှာ အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်များက ယူဆခဲ့ ကြပါတယ်။

ယင်းနောက် သုတေသီများဟာ နှစ်ပေါင်း ၂ဝဝဝ သက်တမ်းရှိတဲ့ အထင်ကရ ရေမြောင်းများကို စူးစမ်းရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ ယင်းကဲ့သို့ ရုပ်ကြွင်းများ တူးဖော်တွေ့ရှိခြင်းဟာ ဖျော်ဖြေပွဲအတွက် ဒီနေရာကို လာရောက်လာကြ သူတွေရဲ့ ကြုံတွေ့ခဲ့ရမှုတွေနဲ့ အလေ့အထများကို လှစ်ဟပြသနေတယ်လို့ Colosseum Archaeological Park ဒါရိုက်တာ အယ်လ်ဖုန်စီနာရူဆို က ပြောပါတယ်။

ဝက်ဝံများ၊ ခြင်္သေ့များနဲ့ ကျားသစ် အရိုးများဟာ ဖျော်ဖြေပွဲမှာ ၎င်းတို့ အချင်းချင်းတိုက်ခိုက်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်းဖြစ်နိုင်တယ်လို့ သုတေသီများက ဆိုပါတယ်။
အထူးကျွမ်းကျင်သော ဗိသုကာပညာရှင်များနဲ့ ရှေးဟောင်းသုတေသနပညာရှင်များဟာ ကွင်းရဲ့ရှုပ်ထွေးသော ရေနုတ်မြောင်းစနစ် လမ်းကြောင်းရှာဖွေရန်အတွက် ဝါယာကြိုးလမ်းညွှန်စက်ရုပ်များကို အသုံးပြုခဲ့ကြပြီး ရောမမြို့ ရှိ နေ့စဉ်လူနေမှုဘဝနဲ့ ရှေးခေတ် ဟိုက်ဒရောလစ် တည်ဆောက်ပုံများကို နားလည်စေဖို့လေ့လာခဲ့ကြောင်း သုတေသီများက ပြောကြားပါတယ်။

Colosseum ဟာ ရောမအင်ပါယာမှာ အကြီးဆုံး ပွဲကြည့်စင်ဖြစ်ပြီး အေဒီ ၅၂၃ မှစ အသုံးပြုခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ၎င်းဟာ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးရှေ့မှာ လူအချင်းချင်း၊ တိရစ္ဆာန်အချင်းချင်းတိုက်ခိုက်ရတဲ့ Gladiatorial တိုက်ပွဲများ ကျင်းပခြင်းကြောင့် ကျော်ကြားပါတယ်။

ရောမခေတ်နှောင်းပိုင်းမှ စတင်အသုံးပြုခဲ့တဲ့ ကြေးဒင်္ဂါး ၅ဝ အပါအဝင် ရှေးဟောင်းဒင်္ဂါးပြား ၅ဝ ပြားနဲ့ ဧကရာဇ် မာကျု့အော်လီယက် အုပ်ချုပ်မှု ၁ဝ နှစ်ပြည့်အထိမ်းအမှတ် AD ၁၇ဝ - ၁၇၁ ဝန်းကျင်မှ ငွေဒင်္ဂါးပြားများလည်း ယင်းနေရာမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေရာမေခတ္က အေက်ာ္အေမာ္ ေရွးေဟာင္းဂလက္ဒီတာ Colosseum ပြဲၾကည့္စင္ကို တူးေဖာ္မႈျပဳလုပ္ရာ ေရွးေဟာင္းအစာေျပမုန္႔ ျဖစ္ႏိုင္တဲ့အရာမ်ားေတြ႕ရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၆

ေရာမၿမိဳ႕ရဲ႕ ေရွးေဟာင္းဂလက္ဒီတာ ကြင္းျဖစ္တဲ့ ေက်ာ္ၾကားေသာ ဘဲဥပုံပြဲၾကည့္စင္ Colosseum မွာ ေရွးေခတ္က လာေရာက္ၾကည့္ရႈသူမ်ားဟာ သံလြင္သီး၊ သစ္သီးမ်ားနဲ႔ အခြံမာသီးမ်ားကို အစာေျပအျဖစ္ စားသုံးခဲ့ဖြယ္ရွိတယ္လို႔ ေရွးေဟာင္းသုေတသနပညာရွင္မ်ားက ေဖာ္ထုတ္လာခဲ့ပါတယ္။

ယင္းပြဲၾကည့္စင္ တူးေဖာ္မႈမွာ သေဘၤာသဖန္းသီး၊ စပ်စ္သီး၊ ခ်ယ္ရီသီး၊ ဘလက္ဘယ္ရီ၊ သစ္ၾကားသီးနဲ႔ အျခား အစားအစာအပိုင္းအစမ်ားကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
ဝက္ဝံအ႐ိုးမ်ားနဲ႔ က်ားအ႐ိုးမ်ားကိုလည္း တူးေဖာ္ေတြ႕ရွိခဲ့ျခင္းေၾကာင့္ အဆိုပါပြဲၾကည့္စင္ဟာ ေတာ႐ိုင္းတိရစာၦန္ မ်ားနဲ႔ အမဲလိုက္ဂိမ္းမ်ား က်င္းပရာမွာ အသုံးျပဳခဲ့ဖြယ္ရွိတယ္လို႔ ေရွးေဟာင္းသုေတသနပညာရွင္မ်ားက ယူဆခဲ့ ၾကပါတယ္။

ယင္းေနာက္ သုေတသီမ်ားဟာ ႏွစ္ေပါင္း ၂ဝဝဝ သက္တမ္းရွိတဲ့ အထင္ကရ ေရေျမာင္းမ်ားကို စူးစမ္းရွာေဖြေတြ႕ရွိ ခဲ့ၾကပါတယ္။ ယင္းကဲ့သို႔ ႐ုပ္ႂကြင္းမ်ား တူးေဖာ္ေတြ႕ရွိျခင္းဟာ ေဖ်ာ္ေျဖပြဲအတြက္ ဒီေနရာကို လာေရာက္လာၾက သူေတြရဲ႕ ႀကဳံေတြ႕ခဲ့ရမႈေတြနဲ႔ အေလ့အထမ်ားကို လွစ္ဟျပသေနတယ္လို႔ Colosseum Archaeological Park ဒါ႐ိုက္တာ အယ္လ္ဖုန္စီနာ႐ူဆို က ေျပာပါတယ္။

ဝက္ဝံမ်ား၊ ျခေသၤ့မ်ားနဲ႔ က်ားသစ္ အ႐ိုးမ်ားဟာ ေဖ်ာ္ေျဖပြဲမွာ ၄င္းတို႔ အခ်င္းခ်င္းတိုက္ခိုက္ရန္ အတင္းအၾကပ္ ခိုင္းေစခံရျခင္းျဖစ္ႏိုင္တယ္လို႔ သုေတသီမ်ားက ဆိုပါတယ္။
အထူးကြၽမ္းက်င္ေသာ ဗိသုကာပညာရွင္မ်ားနဲ႔ ေရွးေဟာင္းသုေတသနပညာရွင္မ်ားဟာ ကြင္းရဲ႕ရႈပ္ေထြးေသာ ေရႏုတ္ေျမာင္းစနစ္ လမ္းေၾကာင္းရွာေဖြရန္အတြက္ ဝါယာႀကိဳးလမ္းၫႊန္စက္႐ုပ္မ်ားကို အသုံးျပဳခဲ့ၾကၿပီး ေရာမၿမိဳ႕ ရွိ ေန႔စဥ္လူေနမႈဘဝနဲ႔ ေရွးေခတ္ ဟိုက္ဒေရာလစ္ တည္ေဆာက္ပုံမ်ားကို နားလည္ေစဖို႔ေလ့လာခဲ့ေၾကာင္း သုေတသီမ်ားက ေျပာၾကားပါတယ္။

Colosseum ဟာ ေရာမအင္ပါယာမွာ အႀကီးဆုံး ပြဲၾကည့္စင္ျဖစ္ၿပီး ေအဒီ ၅၂၃ မွစ အသုံးျပဳျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။ ၎ဟာ ေသာင္းနဲ႔ခ်ီတဲ့ လူအုပ္ႀကီးေရွ႕မွာ လူအခ်င္းခ်င္း၊ တိရစာၦန္အခ်င္းခ်င္းတိုက္ခိုက္ရတဲ့ Gladiatorial တိုက္ပြဲမ်ား က်င္းပျခင္းေၾကာင့္ ေက်ာ္ၾကားပါတယ္။

ေရာမေခတ္ေႏွာင္းပိုင္းမွ စတင္အသုံးျပဳခဲ့တဲ့ ေၾကးဒဂၤါး ၅ဝ အပါအဝင္ ေရွးေဟာင္းဒဂၤါးျပား ၅ဝ ျပားနဲ႔ ဧကရာဇ္ မာက်ဳ႕ေအာ္လီယက္ အုပ္ခ်ဳပ္မႈ ၁ဝ ႏွစ္ျပည့္အထိမ္းအမွတ္ AD ၁၇ဝ - ၁၇၁ ဝန္းက်င္မွ ေငြဒဂၤါးျပားမ်ားလည္း ယင္းေနရာမွာ ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.