အကြမ်းဖက်သမားများကို ခိုအောင်းခွင့်မပြုဘဲ ပူးပေါင်းနှိမ်နင်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့မှ ပြည်ထဲရေးဝန်ကြီးအား အသိပေးပြောဆို
3295
မျိုးကြီး (NP News) - နိုဝင်ဘာ ၂၆
ဘင်္ဂလားဒေ့ရှ်နယ်မြေ၌ အကြမ်းဖက်သမားများကို လုံးဝခိုင်အောင်းခွင့်မပြုဘဲ ပူးပေါင်းနှိမ်နင်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြည်ထဲရေးဝန်ကြီးအား အသိပေးပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၌ နိုဝင်ဘာလ ၂၅ ရက်တွင် ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများ တားဆီးနှိမ်နင်းရေးတို့ကို နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းခဲ့ ကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက် သမားများကို ဘင်္ဂလားဒေ့ရှ်နယ်မြေ၌ လုံးဝအခြေပြု ခိုအောင်းခွင့်ပြုမည်မဟုတ်ကြောင်းကိုလည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်းအား အသိပေးပြောဆိုခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းအကြမ်းဖက်သမားများကို တားဆီးနှိမ်နင်းရေးအတွက်လည်း မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကာ တိုက်ဖျက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed က ပြောဆိုခဲ့ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်နိမိတ်မျဉ်းတစ်လျှောက် နှစ်ဖက်ညှိနှိုင်းကင်းလှည့်ခြင်း၊ အပြန်အလှန်နားလည်ယုံကြည်မှုများတည်ဆောက်ခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်အကြား ဆွေး နွေးခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ရှိ AA နှင့် ARSA အဖွဲ့တို့၏ ခြေကုပ်စခန်းများကို စစ် ဆေးအရေးယူမှုများ ချက်ချင်းလုပ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သော စက်တင်ဘာလအတွင်းက သတိပေး တိုက်တွန်းထားသည်။
zawgyi version
အၾကမ္းဖက္သမားမ်ားကို ခိုေအာင္းခြင့္မျပဳဘဲ ပူးေပါင္းႏွိမ္နင္းသြားမည္ဟု ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ဖြဲ႕မွ ျပည္ထဲေရးဝန္ႀကီးအား အသိေပးေျပာဆို
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၆
ဘဂၤလားေဒ့ရွ္နယ္ေျမ၌ အၾကမ္းဖက္သမားမ်ားကို လုံးဝခိုင္ေအာင္းခြင့္မျပဳဘဲ ပူးေပါင္းႏွိမ္နင္းသြားမည္ဟု ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႕က ျပည္ထဲေရးဝန္ႀကီးအား အသိေပးေျပာဆိုခဲ့ေၾကာင္း သတင္းရရွိသည္။
ေနျပည္ေတာ္ရွိ ျပည္ထဲေရးဝန္ႀကီးဌာန၌ ႏိုဝင္ဘာလ ၂၅ ရက္တြင္ ဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ား၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဗိုလ္ခ်ဳပ္ Shakil Ahmed တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသလုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရး၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး၊ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္ေနမႈမ်ား တားဆီးႏွိမ္နင္းေရးတို႔ကို ႏွစ္ဖက္အၾကား ေဆြးေႏြးညႇိႏႈိင္းခဲ့ ေၾကာင္း သိရသည္။
ထို႔ျပင္ ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ဖြဲ႕မွ အၾကမ္းဖက္အုပ္စုႏွင့္ အၾကမ္းဖက္ သမားမ်ားကို ဘဂၤလားေဒ့ရွ္နယ္ေျမ၌ လုံးဝအေျချပဳ ခိုေအာင္းခြင့္ျပဳမည္မဟုတ္ေၾကာင္းကိုလည္း ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္းအား အသိေပးေျပာဆိုခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
၎အၾကမ္းဖက္သမားမ်ားကို တားဆီးႏွိမ္နင္းေရးအတြက္လည္း ျမန္မာႏိုင္ငံ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ႏွင့္ ပိုမိုပူးေပါင္းေဆာင္႐ြက္ကာ တိုက္ဖ်က္သြားမည္ဟု ဘဂၤလားေဒ့ရွ္ႏိုင္ငံ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ား၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဗိုလ္ခ်ဳပ္ Shakil Ahmed က ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ နယ္နိမိတ္မ်ဥ္းတစ္ေလွ်ာက္ ႏွစ္ဖက္ညႇိႏႈိင္းကင္းလွည့္ျခင္း၊ အျပန္အလွန္နားလည္ယုံၾကည္မႈမ်ားတည္ေဆာက္ျခင္းတို႔ကိုလည္း ပူးေပါင္းေဆာင္႐ြက္သြားရန္ ႏွစ္ဖက္အၾကား ေဆြး ေႏြးခဲ့ေၾကာင္း သိရသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံပိုင္နက္ရွိ AA ႏွင့္ ARSA အဖြဲ႕တို႔၏ ေျခကုပ္စခန္းမ်ားကို စစ္ ေဆးအေရးယူမႈမ်ား ခ်က္ခ်င္းလုပ္ေပးရန္ ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္သံအမတ္ကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၿပီးခဲ့ေသာ စက္တင္ဘာလအတြင္းက သတိေပး တိုက္တြန္းထားသည္။